Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ဓားနဲ့ တိုက်ခိုက်တဲ့ မှုခင်းတွေ နှစ်ရက်ဆက်တိုက် ဖြစ်ပွား

တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ ဩဂုတ် ၄ ရက်က ဒေဂျုံမြို့ထဲမှာ အထက်တန်း ကျောင်းဆရာ တစ်ဦးကို ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့ သံသယ တရားခံ တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ဓားနဲ့ တိုက်ခိုက်တဲ့ မှုခင်းတွေ နှစ်ရက်ဆက်တိုက် ဖြစ်ပွား
တောင်ကိုရီးယားမှာ ဓားနဲ့ တိုက်ခိုက်တဲ့ မှုခင်းတွေ နှစ်ရက်ဆက်တိုက် ဖြစ်ပွား

နှစ်ရက်ဆက်တိုက် ဖြစ်ပွားတဲ့ ဓားထိုး တိုက်ခိုက်မှုတွေကြောင့် တောင်ကိုရီးယား နိုင်ငံမှာ အထိတ်တလန့် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ ဩဂုတ် ၄ ရက်က ဒေဂျုံမြို့ထဲမှာ အထက်တန်း ကျောင်းဆရာ တစ်ဦးကို ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့ သံသယ တရားခံ တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်နေ့ကလည်း ဆောင်နမ်မှာရှိတဲ့ လူစည်ကားရာ မြေအောက်ရထား ဘူတာတစ်ခုနားမှာ ကြုံသလို ဓားနဲ့ရမ်းကား တိုက်ခိုက်သူ တစ်ဦးကြောင့် လူ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒေဂျုံက ဖြစ်စဉ်နဲ့ ပတ်သက်လို့ သံသယ တရားခံရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ရဲတွေက လောလောဆယ် မထုတ်ပြန်သေးပါဘူး။ သူဟာ အသက် ၂၀ ကျော် ၃၀ နီးပါး အရွယ်ရှိပြီး ဆွန်ချောင် အထက်တန်းကျောင်းက ဆရာတစ်ဦးကို ပစ်မှတ်ထားခဲ့တယ်လို့ပဲ သိရပါတယ်။ အမျိုးသားက ကျောင်းဆရာ စာသင်ကျောင်းက အထွက်ကို စောင့်ပြီး ဓားနဲ့ ထိုးခဲ့တဲ့နောက် အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ ကျောင်းဆရာရဲ့ ဒဏ်ရာ အခြေအနေကို တိတိကျကျ မထုတ်ပြန်သေးပါဘူး။

အဲဒီကိစ္စ မတိုင်ခင် လူ ၁၄ ယောက် ဓားထိုးခံရတဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး သမ္မတ ယွန်ဆွတ်ယိုလ်က တောင်ကိုရီးယား တရားဥပဒေ စိုးမိုးရေး အရာရှိတွေ အနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိအောင် အစွမ်းကုန် အားထုတ်သင့်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဆောင်နမ်မှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုး တိုက်ခိုက်မှုကတော့ အတော်ကို ဆိုးရွား ကြမ်းတမ်းပြီး ကားတစ်စီးဟာ မြေအောက်ရထား ဘူတာနဲ့ စူပါမားကက် တစ်ခုကို ဆက်စပ်ပေးထားတဲ့ ပလက်ဖောင်းကို အရှိန်နဲ့ ဝင်တိုက်ခဲ့ပါတယ်။ အဲဒီနောက် ယာဉ်မောင်းက ကားထဲက ထွက်လာပြီး တွေ့ရာလူ မှန်သမျှကို ဓားနဲ့ လိုက်ထိုးခဲ့တာပါ။ အဲဒီဖြစ်စဉ်ကြောင့် ဒဏ်ရာရသွားသူ ၁၄ ဦးထဲမှာ ဒဏ်ရာ ပြင်းထန်သူ ၈ ဦးနဲ့ အသက်လု ကုသနေရသူ ၂ ဦး ပါဝင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အသက် ၂၂ နှစ်အရွယ် သံသယ တရားခံကို စစ်ဆေး မေးမြန်းမှုတွေ လုပ်နေကြောင်း ကြေညာခဲ့ပေမယ့် သူ့ရဲ့ နာမည်နဲ့ တိုက်ခိုက်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းတွေကိုတော့ တိတိကျကျ မထုတ်ပြန်ပါဘူး။

နှစ်ရက်ဆက်တိုက် ဓားထိုး တိုက်ခိုက်မှု သတင်းတွေ ကြားသိရခြင်းက တောင်ကိုရီးယား လူ့အဖွဲ့အစည်းကိုလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ပါတယ်။ နောက်ပြီး ဓားကိုင်ရမ်းကားတဲ့ မှုခင်းတွေနဲ့ ပတ်သက်လို့ ပိုပြီး တင်းတင်းကျပ်ကျပ် တုံ့ပြန်နိုင်မယ့် ဥပဒေ စည်းမျဉ်းတွေ သတ်မှတ်ဖို့လည်း တောင်းဆိုမှုတွေ မြင့်တက်လာနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။