Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဂတိ လိုက်စားမှုကြောင့် တပ်သားသစ် စုဆောင်းရေး စစ်တပ် အရာရှိတွေကို ယူကရိန်း ထုတ်ပယ်

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

အဂတိ လိုက်စားမှုကြောင့် တပ်သားသစ် စုဆောင်းရေး စစ်တပ် အရာရှိတွေကို ယူကရိန်း ထုတ်ပယ်
အဂတိ လိုက်စားမှုကြောင့် တပ်သားသစ် စုဆောင်းရေး စစ်တပ် အရာရှိတွေကို ယူကရိန်း ထုတ်ပယ်

ယူကရိန်း အစိုးရက အရှိန်မြှင့် အကောင်အထည် ဖော်လာတဲ့ အဂတိ တိုက်ဖျက်ရေး အစီအမံတွေနဲ့ ဆက်စပ်လို့ စစ်ဘက် အရာရှိတချို့ ရာထူးကနေ ဆက်တိုက် ထုတ်ပယ် ခံနေရပါတယ်။

သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဂတိ တိုက်ဖျက်ရေး ပုဒ်မတွေအရ လူပေါင်း ၃၀ လောက်ကို စွဲချက်တင်သွားမယ့် အခြေအနေ ရှိနေကြောင်း ပြောကြားခဲ့သလို စစ်မှု မထမ်းမနေရ စနစ်အတွက် တပ်သားသစ်တွေ စုဆောင်းဖို့ ကြီးမှူးတာဝန်ယူသူ နယ်မြေခံ အရာရှိ အားလုံးကိုလည်း ရထားက ထုတ်ပယ်ခဲ့ကြော်ငး အတည်ပြုသွားပါတယ်။

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

နိုင်ငံက စစ်မက်ဖြစ်ပွားနေတဲ့ လက်ရှိ ကာလမျိုးမှာတော့ အဲဒီ အဂတိမှုတွေဆိုတာ နိုင်ငံတော် သစ္စာဖောက်မှု အဆင့်လောက်ထိ ပြင်းထန်တယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ ရုရှား သိမ်းပိုက် နယ်မြေတွေကို ပြန်လည် ရရှိဖို့အတွက် တန်ပြန်ထိုးစစ်ကြီးတစ်ခု စတင်ပြီး စစ်အင်အား ဖြည့်တင်းဖို့ အားထုတ်နေချိန်မှာ အခုလို စိတ်အနှောင့်အယှက် ဖြစ်စရာ အခြေအနေမျိုး ကြုံလာရတာလည်း ဖြစ်ပါတယ်။

သမ္မတရုံးရဲ့ သီးခြား ကြေညာချက်မှာတော့ အခုလို အဂတိ လိုက်စားမှုတွေဟာ နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍကို ထိခိုက်စေပြီး အာဏာပိုင်တွေအပေါ် ပြည်သူတွေက ယုံကြည်မှု လျော့ပါးလာစေနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ထုတ်ပယ်ခံရတဲ့ စစ်အရာရှိတွေရဲ့ နေရာမှာတော့ စစ်ရေး အတွေ့အကြုံ ပြည့်ဝပြီး ယူကရိန်း ထောက်လှမ်းရေး အေဂျင်စီက ထောက်ခံ တင်ပြထားသူတွေကို အစားထိုး ခန့်အပ်သွားမယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။

စွဲချက်တင်ခံရမယ့် သူတွေထဲမှာ စစ်မှုမထမ်းချင်လို့ တိမ်းရှောင်သူတွေဆီက ငွေသားနဲ့ ခရစ္စတိုငွေကြေးယူနစ် လက်ခံခဲ့သူတွေ၊ စစ်မှုထမ်းဖို့ သတ်မှတ်ချက် ပြည့်မီသူတွေကို ပြည်ပထွက်ခွာနိုင်အောင် စီစဉ်ပေးသူတွေ ပါဝင်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ရုရှား ကျူးကျော်စစ်အပြီး ယူကရိန်းက ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ အသက် ၁၈ နှစ်အထက် ကိုယ်လက်သန်မာသူ အားလုံးဟာ သတ်မှတ်ကာလတစ်ခု စစ်မှုထမ်းရမှာ ဖြစ်သလို အသက် ၆၀ အောက် သန်သန်မာမာ အမျိုးသား အားလုံးနီးပါးလောက်ကို ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်ထားပါတယ်။

ယူကရိန်းဟာ စစ်ပွဲ မစခင် ကတည်းက အဂတိ ပြဿနာတွေနဲ့ လုံးထွေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ Transparency Internationalရဲ့ အဂတိညွှန်ကိန်းတွေအရ ယူကရိန်းဟာ စာရင်းပါ နိုင်ငံ ၁၈၀ အနက် အဆင့် ၁၁၆ မှာ ရပ်တည်နေပေမယ့် နောက်ပိုင်းနှစ်တွေမှာ အဂတိ တိုက်ဖျက်ရေး အစီအမံတွေ ထင်သာမြင်သာ ပိုမို အားကောင်းလာနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။