Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အဂတိ လိုက်စားမှုကြောင့် တပ်သားသစ် စုဆောင်းရေး စစ်တပ် အရာရှိတွေကို ယူကရိန်း ထုတ်ပယ်

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

အဂတိ လိုက်စားမှုကြောင့် တပ်သားသစ် စုဆောင်းရေး စစ်တပ် အရာရှိတွေကို ယူကရိန်း ထုတ်ပယ်
အဂတိ လိုက်စားမှုကြောင့် တပ်သားသစ် စုဆောင်းရေး စစ်တပ် အရာရှိတွေကို ယူကရိန်း ထုတ်ပယ်

ယူကရိန်း အစိုးရက အရှိန်မြှင့် အကောင်အထည် ဖော်လာတဲ့ အဂတိ တိုက်ဖျက်ရေး အစီအမံတွေနဲ့ ဆက်စပ်လို့ စစ်ဘက် အရာရှိတချို့ ရာထူးကနေ ဆက်တိုက် ထုတ်ပယ် ခံနေရပါတယ်။

သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဂတိ တိုက်ဖျက်ရေး ပုဒ်မတွေအရ လူပေါင်း ၃၀ လောက်ကို စွဲချက်တင်သွားမယ့် အခြေအနေ ရှိနေကြောင်း ပြောကြားခဲ့သလို စစ်မှု မထမ်းမနေရ စနစ်အတွက် တပ်သားသစ်တွေ စုဆောင်းဖို့ ကြီးမှူးတာဝန်ယူသူ နယ်မြေခံ အရာရှိ အားလုံးကိုလည်း ရထားက ထုတ်ပယ်ခဲ့ကြော်ငး အတည်ပြုသွားပါတယ်။

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

နိုင်ငံက စစ်မက်ဖြစ်ပွားနေတဲ့ လက်ရှိ ကာလမျိုးမှာတော့ အဲဒီ အဂတိမှုတွေဆိုတာ နိုင်ငံတော် သစ္စာဖောက်မှု အဆင့်လောက်ထိ ပြင်းထန်တယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ ရုရှား သိမ်းပိုက် နယ်မြေတွေကို ပြန်လည် ရရှိဖို့အတွက် တန်ပြန်ထိုးစစ်ကြီးတစ်ခု စတင်ပြီး စစ်အင်အား ဖြည့်တင်းဖို့ အားထုတ်နေချိန်မှာ အခုလို စိတ်အနှောင့်အယှက် ဖြစ်စရာ အခြေအနေမျိုး ကြုံလာရတာလည်း ဖြစ်ပါတယ်။

သမ္မတရုံးရဲ့ သီးခြား ကြေညာချက်မှာတော့ အခုလို အဂတိ လိုက်စားမှုတွေဟာ နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍကို ထိခိုက်စေပြီး အာဏာပိုင်တွေအပေါ် ပြည်သူတွေက ယုံကြည်မှု လျော့ပါးလာစေနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ထုတ်ပယ်ခံရတဲ့ စစ်အရာရှိတွေရဲ့ နေရာမှာတော့ စစ်ရေး အတွေ့အကြုံ ပြည့်ဝပြီး ယူကရိန်း ထောက်လှမ်းရေး အေဂျင်စီက ထောက်ခံ တင်ပြထားသူတွေကို အစားထိုး ခန့်အပ်သွားမယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။

စွဲချက်တင်ခံရမယ့် သူတွေထဲမှာ စစ်မှုမထမ်းချင်လို့ တိမ်းရှောင်သူတွေဆီက ငွေသားနဲ့ ခရစ္စတိုငွေကြေးယူနစ် လက်ခံခဲ့သူတွေ၊ စစ်မှုထမ်းဖို့ သတ်မှတ်ချက် ပြည့်မီသူတွေကို ပြည်ပထွက်ခွာနိုင်အောင် စီစဉ်ပေးသူတွေ ပါဝင်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ရုရှား ကျူးကျော်စစ်အပြီး ယူကရိန်းက ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ အသက် ၁၈ နှစ်အထက် ကိုယ်လက်သန်မာသူ အားလုံးဟာ သတ်မှတ်ကာလတစ်ခု စစ်မှုထမ်းရမှာ ဖြစ်သလို အသက် ၆၀ အောက် သန်သန်မာမာ အမျိုးသား အားလုံးနီးပါးလောက်ကို ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်ထားပါတယ်။

ယူကရိန်းဟာ စစ်ပွဲ မစခင် ကတည်းက အဂတိ ပြဿနာတွေနဲ့ လုံးထွေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ Transparency Internationalရဲ့ အဂတိညွှန်ကိန်းတွေအရ ယူကရိန်းဟာ စာရင်းပါ နိုင်ငံ ၁၈၀ အနက် အဆင့် ၁၁၆ မှာ ရပ်တည်နေပေမယ့် နောက်ပိုင်းနှစ်တွေမှာ အဂတိ တိုက်ဖျက်ရေး အစီအမံတွေ ထင်သာမြင်သာ ပိုမို အားကောင်းလာနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။