Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား စက်ရုံတစ်ခုမှာ စက်ရုပ်လက်တံ ဖိမိလို့ အမျိုးသားတစ်ဦး သေဆုံး

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

တောင်ကိုရီးယား စက်ရုံတစ်ခုမှာ စက်ရုပ်လက်တံ ဖိမိလို့ အမျိုးသားတစ်ဦး သေဆုံး
တောင်ကိုရီးယား စက်ရုံတစ်ခုမှာ စက်ရုပ်လက်တံ ဖိမိလို့ အမျိုးသားတစ်ဦး သေဆုံး

တောင်ကိုရီးယား နိုင်ငံက စားသောက်ကုန် စက်ရုံတစ်ခုမှာ စက်ရုပ်လက်တံ ဖိမိလို့ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

စုံထောက်တွေက အသက် ၄၀ အရွယ် အမျိုးသားဟာ စက်ရုံမှာ အသုံးပြုတဲ့ စက်ရုပ် လက်တံတွေကို စစ်ဆေးနေချိန်မှာ အဖြစ်ဆိုး ကြုံခဲ့တာလို့ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက် ဖြစ်စဉ်မှာ စက်ရုပ် လက်တံဟာ သေဆုံးသူကို ဟင်းသီးဟင်းရွက် သေတ္တာနဲ့ မှန်မှန်ကန်ကန် မခွဲခြားနိုင်ဘဲ ဆွဲယူသွားခဲ့ပြီး ကုန်ပစ္စည်း ပို့ဆောင်တဲ့ လမ်းကြောင်းပေါ်မှာ ဖိချေခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီ အမျိုးသားဟာ ငရုတ်သီး သေတ္တာတွေ တင်ပို့ဖို့ကိစ္စ မတိုင်ခင် စက်ရုပ်လက်တံတွေကို စမ်းသပ်ပြီး စက်ရုပ်တွေမှာ တပ်ဆင်ထားတဲ့ အာရုံခံ စနစ် (Sensor)တွေကို စစ်ဆေးနေတုန်း မတော်တဆမှု ကြုံတွေ့ခဲ့တာလို့ ဆိုပါတယ်။ မူလက စစ်ဆေးမှုကို နိုဝင်ဘာ ၆ ရက်မှာ စီစဉ်ထားခဲ့ပေမယ့် Sensor ချွတ်ယွင်းချက်ကြောင့် နောက် ၂ ရက် ဆုတ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အဲဒီ စက်ရုပ်လက်တံတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်း တစ်ဦးလည်း ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာ စက်ရုံကို ပိုင်ဆိုင်တဲ့ ဒေါင်ဂိုဆွန်း စိုက်ပျိုးရေး ပို့ကုန် ကုမ္ပဏီက ပိုမို တိကျ ကောင်းမွန်တဲ့ စနစ်တွေ ပြောင်းလဲ တပ်ဆင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

မတ်လတုန်းကလည်း တောင်ကိုရီးယားက ကားစက်ရုံ တစ်ခုမှာ စက်ရုပ်လက်တံနဲ့ ညပ်မိလို့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...