Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တောင်ကိုရီးယား စက်ရုံတစ်ခုမှာ စက်ရုပ်လက်တံ ဖိမိလို့ အမျိုးသားတစ်ဦး သေဆုံး

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

တောင်ကိုရီးယား စက်ရုံတစ်ခုမှာ စက်ရုပ်လက်တံ ဖိမိလို့ အမျိုးသားတစ်ဦး သေဆုံး
တောင်ကိုရီးယား စက်ရုံတစ်ခုမှာ စက်ရုပ်လက်တံ ဖိမိလို့ အမျိုးသားတစ်ဦး သေဆုံး

တောင်ကိုရီးယား နိုင်ငံက စားသောက်ကုန် စက်ရုံတစ်ခုမှာ စက်ရုပ်လက်တံ ဖိမိလို့ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

စုံထောက်တွေက အသက် ၄၀ အရွယ် အမျိုးသားဟာ စက်ရုံမှာ အသုံးပြုတဲ့ စက်ရုပ် လက်တံတွေကို စစ်ဆေးနေချိန်မှာ အဖြစ်ဆိုး ကြုံခဲ့တာလို့ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက် ဖြစ်စဉ်မှာ စက်ရုပ် လက်တံဟာ သေဆုံးသူကို ဟင်းသီးဟင်းရွက် သေတ္တာနဲ့ မှန်မှန်ကန်ကန် မခွဲခြားနိုင်ဘဲ ဆွဲယူသွားခဲ့ပြီး ကုန်ပစ္စည်း ပို့ဆောင်တဲ့ လမ်းကြောင်းပေါ်မှာ ဖိချေခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီ အမျိုးသားဟာ ငရုတ်သီး သေတ္တာတွေ တင်ပို့ဖို့ကိစ္စ မတိုင်ခင် စက်ရုပ်လက်တံတွေကို စမ်းသပ်ပြီး စက်ရုပ်တွေမှာ တပ်ဆင်ထားတဲ့ အာရုံခံ စနစ် (Sensor)တွေကို စစ်ဆေးနေတုန်း မတော်တဆမှု ကြုံတွေ့ခဲ့တာလို့ ဆိုပါတယ်။ မူလက စစ်ဆေးမှုကို နိုဝင်ဘာ ၆ ရက်မှာ စီစဉ်ထားခဲ့ပေမယ့် Sensor ချွတ်ယွင်းချက်ကြောင့် နောက် ၂ ရက် ဆုတ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အဲဒီ စက်ရုပ်လက်တံတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်း တစ်ဦးလည်း ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာ စက်ရုံကို ပိုင်ဆိုင်တဲ့ ဒေါင်ဂိုဆွန်း စိုက်ပျိုးရေး ပို့ကုန် ကုမ္ပဏီက ပိုမို တိကျ ကောင်းမွန်တဲ့ စနစ်တွေ ပြောင်းလဲ တပ်ဆင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

မတ်လတုန်းကလည်း တောင်ကိုရီးယားက ကားစက်ရုံ တစ်ခုမှာ စက်ရုပ်လက်တံနဲ့ ညပ်မိလို့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။