Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရွေးကောက်ပွဲ သတ်မှတ်ရက် ကြေညာ၊ ပဉ္စမသက်တမ်းအတွက် ပူတင် ယှဉ်ပြိုင်ဖွယ်ရှိ

ယူကရိန်း စစ်ပွဲမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာ၊ Wagner ကြေးစားတပ်ရဲ့ ပုန်ကန်မှု ဖြစ်ပေါ်ခဲ့တာမျိုး အခြေအနေတွေ ကြုံနေတဲ့တိုင် ရုရှားမှာ ပူတင်ဟာ ရေပန်းစားနေဆဲလို လူထုအမြင် စစ်တမ်းတွေက ညွှန်ပြနေပါတယ်။

ရုရှားရွေးကောက်ပွဲ သတ်မှတ်ရက် ကြေညာ၊ ပဉ္စမသက်တမ်းအတွက် ပူတင် ယှဉ်ပြိုင်ဖွယ်ရှိ
ရုရှားရွေးကောက်ပွဲ သတ်မှတ်ရက် ကြေညာ၊ ပဉ္စမသက်တမ်းအတွက် ပူတင် ယှဉ်ပြိုင်ဖွယ်ရှိ

ရုရှား ရွေးကောက်ပွဲအတွက် ရက်သတ်မှတ်ပေးလိုက်ပြီဖြစ်ပြီး သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရာထူး သက်တမ်းကို ထပ်တိုးနိုင်ဖို့ လမ်းပွင့်လာခဲ့ပါတယ်။

ပူတင်ဟာ သူ့ရဲ့ ပဉ္စမမြောက် သက်တမ်းအတွက် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်ဖို့ အသင့်ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ ရုရှားရဲ့ အထက်လွှတ်တော်ဖြစ်တဲ့ ဖက်ဒရယ်ကောင်စီရဲ့ အမတ်တွေက လာမယ့်နှစ်၊ မတ်လ ၁၇ ရက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကြို မဲဆွယ်မှု အစီအစဉ်တွေ စတင်နိုင်ဖို့အတွက် အခု ဆုံးဖြတ်ချက်က အရမ်း အရေးကြီးတယ်လို့ ဖက်ဒရယ် ကောင်စီ ဥက္ကဋ္ဌ ဗလန်တီနာ မတ်ဗီယန်ကိုက ဆိုပါတယ်။

အသက် ၇၁ နှစ်အရွယ် ပူတင်က နောက်ထပ် သမ္မတ သက်တမ်း အသစ်အတွက် ရွေးကောက်ခံဖို့ အစီအစဉ်ရှိကြောင်း မကြေညာသေးပေမယ့် လာမယ့်ရက်ပိုင်းအတွင်း အဲဒီကိစ္စကို တရားဝင် အတည်ပြုလာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ သူကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေအရ နောက်ထပ် ၆ နှစ်သက်တမ်း ၂ ကြိမ် သမ္မတအဖြစ် တာဝန်ယူခွင့် ရှိနေပါသေးတယ်။ တကယ်လို့ သူသာ အဲဒီ ခွင့်ပြုသက်တမ်း အပြည့် သမ္မတ တာဝန် ယူနေဦးမယ်ဆိုရင် ၂၀၃၆ ခုနှစ်ထိ အာဏာဆုပ်ကိုင်ထားမယ့် သဘောပါပဲ။

ယူကရိန်း စစ်ပွဲမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာ၊ Wagner ကြေးစားတပ်ရဲ့ ပုန်ကန်မှု ဖြစ်ပေါ်ခဲ့တာမျိုး အခြေအနေတွေ ကြုံနေတဲ့တိုင် ရုရှားမှာ ပူတင်ဟာ ရေပန်းစားနေဆဲလို လူထုအမြင် စစ်တမ်းတွေက ညွှန်ပြနေပါတယ်။

အတိုက်အခံ အင်အားစုတွေက ပူတင်ရဲ့ မူဝါဒရေးရာ အားနည်းချက်တွေ၊ ဆုံးဖြတ်ချက် အမှားတွေကို ထောက်ပြနေပေမယ့် ရုရှားရဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ အများစုဆီက ထောက်ခံမှုကို ပူတင်က ဆက်လက် ရရှိနေဆဲ ဖြစ်ပါတယ်။

ရုရှား ရွေးကောက်ပွဲ အစီအစဉ်တွေကို အသေးစိတ် အတည်မပြုရသေးပေမယ့် အစဉ်အလာ အရတော့ ပြည်နယ်ကြီး ၃၀ မှာ ဖြန့်ကျက်ကျင်းပပြီး မဲပေးတဲ့ ကာလက ၃ ရက်လောက်ထိ ကြာမြင့်တတ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။