Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အင်အားအတောင့်ဆုံး ရေတပ်ဖွဲ့ကို ထူထောင်မယ်လို့ ဩစတြေးလျ ကြေညာ

အာရှ-ပစိဖိတ်ရပ်ဝန်းမှာ စစ်အင်အား အပြိုင်အဆိုင် ချဲ့ထွင် တည်ဆောက်လာတဲ့ အခြေအနေတွေကို အမီလိုက်ဖို့အတွက် ဩစတြေးလျ ရေတပ်ဟာလည်း ခေတ်နဲ့အညီ အဆင့်မြှင့် ပြင်ဆင် ပြောင်းလဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ပြောပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အင်အားအတောင့်ဆုံး ရေတပ်ဖွဲ့ကို ထူထောင်မယ်လို့ ဩစတြေးလျ ကြေညာ
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အင်အားအတောင့်ဆုံး ရေတပ်ဖွဲ့ကို ထူထောင်မယ်လို့ ဩစတြေးလျ ကြေညာ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အင်အား အတောင့်တင်းဆုံး ရေတပ်ဖွဲ့ကို တည်ဆောက်သွားမယ်လို့ ဩစတြေးလျက ကြေညာခဲ့ပါတယ်။

ဆယ်စုနှစ်နဲ့ချီ အချိန်ယူ အကောင်အထည် ဖော်သွားမယ့် စီမံကိန်းအတွင်း ရေတပ် အင်အားကို နှစ်ဆတိုးချဲ့ပြီး အဆင့်မြင့် စစ်သင်္ဘော ဖြည့်တင်းဖို့ ကာကွယ်ရေး အသုံးစရိတ်ကိုလည်း ဒေါ်လာ ၇ ဘီလီယံ ထပ်မံတိုးမြှင့် သုံးစွဲသွားမယ်လို့ ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီးက ဆိုပါတယ်။

အာရှ-ပစိဖိတ်ရပ်ဝန်းမှာ စစ်အင်အား အပြိုင်အဆိုင် ချဲ့ထွင် တည်ဆောက်လာတဲ့ အခြေအနေတွေကို အမီလိုက်ဖို့အတွက် ဩစတြေးလျ ရေတပ်ဟာလည်း ခေတ်နဲ့အညီ အဆင့်မြှင့် ပြင်ဆင် ပြောင်းလဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ပြောပါတယ်။

လာမယ့် ဆယ်စုနှစ် တစ်ခုအတွင်း ဩစတြေးလျဟာ ရေပြင်သွား စစ်သင်္ဘောမျိုးစုံ ၂၆ စီး ပိုင်ဆိုင်တဲ့ထိ ရေတပ်အတွက် ဖြည့်တင်းသွားမှာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း နိုင်ငံရဲ့ အင်အား အကြီးဆုံး ရေတပ် အစုအဖွဲ့ကို တွေ့လာရလိမ့်မယ်လို့ မားလ်စ်က ဆိုပါတယ်။ လက်ရှိ ဩစတြေးလျက ပိုင်ဆိုင်ထားတဲ့ ရေတပ် တိုက်ခိုက်ရေးသင်္ဘောက ၁၁ စီးသာ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဩစတြေးလျဟာ Hunter အဆင့် ဖရီးဂိတ် စစ်သင်္ဘောသစ် ၆ စီး၊ ဘက်စုံသုံး ဖရီးဂိတ် ၁၁ စီးနဲ့ နည်းပညာ အမြင့်ဆုံး ဒရုန်း စစ်သင်္ဘော ၆ စီးတို့ကို ဖြည့်တင်း တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ ဒရုန်းသင်္ဘောတွေက အမှုထမ်းတွေ လိုက်ပါ တာဝန်ထမ်းဆောင်စရာ လိုမှာ မဟုတ်ပါဘူး။ စစ်သင်္ဘောတွေထဲက တချို့မှာ အမေရိကန်လုပ် Tomahawk ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်သွားမှာလည်း ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ရန်သူ့ ပိုင်နက်ထဲထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ပစ်မှတ်တွေကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပါတယ်။

ဩစတြေးလျရဲ့ အဓိက ပြိုင်ဘက်တွေလို့ ပြောရမယ့် တရုတ်နဲ့ ရုရှားတို့က စစ်အင်အား အလုံးအရင်း ချဲ့ထွင် တည်ဆောက်နေတာကို တုံ့ပြန်ဖို့၊ အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်နေမှုမှာ ပါဝင်ဖို့အတွက် အခုအစီအစဉ်ကို ဩစတြေးလျကလည်း အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။ ဒီအတွက် ဩစတြေးလျဟာ ကာကွယ်ရေး အသုံးစရိတ်ကို GDPရဲ့ ၂.၄ ရာခိုင်နှုန်းထိ တိုးမြှင့် အသုံးပြုရမယ့် သဘောပါ။

ရေတပ်အင်အား ချဲ့ထွင်ရေး အစီအမံသစ်အရ စစ်သင်္ဘော တချို့ကို အက်ဒီလေ့ဒ်မြို့မှာ တည်ဆောက်သွားမှာဖြစ်ပြီး အမေရိကန်၊ စပိန်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ဂျပန်တို့ရဲ့ ဒီဇိုင်းနဲ့ နည်းပညာတွေကို တင်သွင်းသွားမှာပါ။ ဩစတြေးလျဟာ AUKUS သဘောတူညီမှုအရ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ အကူအညီကိုယူပြီး နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီကို ဒုံးကျည်တွေ ပေးပို့သွားမှာ ဖြစ်ပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ ခြေလျင်တပ်တွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးမှုတွေအပြီး ဩစတြေးလျ မြောက်ပိုင်းနယ်မြေတွေမှာ မိကျောင်းအန္တရာယ် သတိထားကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံရောက် မြန်မာ့အရေးတက်ကြွသူတွေက ကန်ဘာရာမြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ စစ်တပ်ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြကြောင်း ဒီနေ့(ဇန်နဝါရီ ၂၅ရက်)ပြုလုပ်ခဲ့ပါတယ်။