Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီ ဘဏ်တွေနဲ့ ​လေယာဥ်ဆီဝယ်​ပေးတဲ့ ကုမ္ပဏီတွေကို ဩစတြေးလျက စတင် ဒဏ်ခတ် အရေးယူ

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

(MFTB ဘဏ်နဲ့ MICB ဘဏ်​တွေကို ​တွေ့ရစဥ်။ ဓါတ်ပုံ-MFTB ၊ MICB)
(MFTB ဘဏ်နဲ့ MICB ဘဏ်​တွေကို ​တွေ့ရစဥ်။ ဓါတ်ပုံ-MFTB ၊ MICB)

အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့ ကာလမှာ မြန်မာစစ်တပ်အပေါ် ဩစတြေးလျ အစိုးရက ထပ်မံအရေးယူ ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ဩစတြေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီ တချို့က မြန်မာနိုင်ငံမှာ လုပ်ငန်း ဆက်လက် လည်ပတ်နေပြီး အာဏာသိမ်း စစ်ကောင်စီအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေ ရရှိအောင် ပံ့ပိုးနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ဩစတြေးလျ အစိုးရက စစ်တပ်နဲ့ အဆက်အနွှယ်ရှိတဲ့ ဘဏ်နှစ်ခုနဲ့ လုပ်ငန်း သုံးခုကို အရေးယူ ပိတ်ဆို့မှု စာရင်း သွင်းလိုက်တာ ဖြစ်ပါတယ်။

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

(MFTB ဘဏ်နဲ့ MICB ဘဏ်​တွေကို ​တွေ့ရစဥ်။ ဓါတ်ပုံ-MFTB ၊ MICB)
(MFTB ဘဏ်နဲ့ MICB ဘဏ်​တွေကို ​တွေ့ရစဥ်။ ဓါတ်ပုံ-MFTB ၊ MICB)

ပိတ်ဆို့ အရေးယူမှုတွေ ကြုံခဲ့တဲ့ ဘဏ်နှစ်ခုကတော့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ ဖြစ်ပါတယ်။ အဲဒီ ဘဏ်နှစ်ခုရဲ့ ငွေကြေး လွှဲပြောင်းမှုနဲ့ စီမံခန့်ခွဲမှု ကဏ္ဍတွေကို ပစ်မှတ်ထားပြီး ဩစတြေးလျက ပိတ်ဆို့ အရေးယူသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီတွေ ဝယ်ယူနိုင်အောင် ကူညီပေးနေတဲ့ Asia Sun Group, Asia Sun Trading Co Ltdနဲ့ Cargo Link Petroleum Logistics Co Ltdတို့ဟာလည်း စီးပွားရေး ပိတ်ဆို့မှု စာရင်းမှာ ပါဝင်လာမယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ ဩစတြေးလျ အစိုးရရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ဒါဟာ အာဏာသိမ်းစစ်​ကောင်စီ ကို သြစ​တြေးလျအစိုးရက သုံးနှစ်အတွင်းဒုတိယအကြိမ်ဒဏ်ခတ်အ​ရေးယူတာဖြစ်ပါတယ် ။၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁ ရက်မှာလည်း အာဏာသိမ်း​ခေါင်း​ဆောင်အပါအဝင် စစ်​ကောင်စီ အဖွဲ့ဝင် ၁၆ ဦး နဲ့ စစ်တပ်ပိုင် လုပ်ငန်း ၂ ခုကို ပထမဆုံးအ​ရေးယူခဲ့တာ​ကြောင့် အခုအ​ရေးယူတာက ဒုတိယအကြိမ်ဖြစ်ပါတယ်

စစ်တပ်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အပါအဝင် နိုင်ငံတကာက ပဋိပက္ခတွေ ပြေငြိမ်းရေး အားထုတ်မှုတွေကို ဖီဆန်ပြီး ကြမ်းကြုတ် ရက်စက်မှုတွေ အစဉ်တစိုက် ဆက်လက် ကျူးလွန်နေတဲ့အပေါ် အလေးအနက် စိုးရိမ်တယ်လို့လည်း ဩစတြေးလျက ဆိုပါတယ်။ နောက်ပြီး မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ နောက်ဆက်တွဲ ဖြစ်ပျက် ပြောင်းလဲမှုတွေကိုလည်း အလေးအနက် စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ထုတ်ပြန်ချက်မှာတော့ ဩစတြေးလျ အစိုးရက မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က လက်တွေ့ အကောင်အထည် ဖော်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။

အစောပိုင်းမှာ အမေရိကန် ပြည်ထောင်စုကလည်း စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းနှစ်ခုနဲ့ လူပုဂ္ဂိုလ် တချို့အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ သတ်မှတ် ကြေညာခဲ့ပါတယ်။

(အမှားပြင်ဆင်ချက် -ကနဦးသတင်း​ဖော်ပြမှုမှာ သြစ​တြေးလျက ၃ နှစ်အတွင်း ပထမဆုံးအကြိမ် အ​ရေးယူဒဏ်ခတ်တာလို့ မှားယွင်း​ဖော်ပြခဲ့ပါတယ် ။ အမှန်မှာ ၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁ ရက်မှာလည်း အာဏာသိမ်း​ခေါင်း​ဆောင်အပါအဝင် စစ်​ကောင်စီ အဖွဲ့ဝင် ၁၆ ဦး နဲ့ စစ်တပ်ပိုင် လုပ်ငန်း ၂ ခုကို ပထမဆုံးအ​ရေးယူခဲ့တာ​ကြောင့် အခုအကြိမ်အ​ရေးယူတာက ဒုတိယအကြိမ်ဖြစ်ပါတယ်။ မှားယွင်း​​ဖော်ပြမိခဲ့တဲ့အတွက်စာဖတ်သူ​တွေကို​တောင်းပန်ပါတယ်)

ကိုးကား: Australian Ministry for Foreign Affairs

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။