Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့ အမေရိကန် လေတပ်သား သေဆုံး

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့ အမေရိကန် လေတပ်သား သေဆုံး
အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့ အမေရိကန် လေတပ်သား သေဆုံး

အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့ အမေရိကန် လေတပ်သားဟာ ပြင်းထန်လွန်းတဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ လေတပ်တို့က ဝါရှင်တန်ဒီစီ မြို့တော်က အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ခဲ့သူဟာ လက်ရှိ စစ်မှုထမ်းနေဆဲ အသက် ၂၅ နှစ်အရွယ် အေရွန် ဘုရှ်နဲလ်ဆိုသူ ဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

ဘုရှ်နဲလ်ကို ရဲတွေနဲ့ လုံခြုံရေး အထူးအေးဂျင့်တွေက မီးငြှိမ်းသတ်ပေးပြီး ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ပေမယ့်လည်း ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဘုရှ်နဲလ်ရဲ့ ဆန္ဒပြမှုဟာ အမေရိကန် မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ် ဖြစ်လာစေခဲ့ပါတယ်။ ဘုရှ်နဲလ်က ဂါဇာစစ်ပွဲကို ရည်ညွှန်းပြီး သူဟာ အစုအပြုံလိုက် သတ်ဖြတ်မှုကြီး တစ်ခုမှာ ပတ်သက်လိုစိတ် မရှိတော့ဘူးလို့ ပြောကြားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ချိန်မှာလည်း ပါလက်စတိုင်း လွတ်လပ်ရေးအတွက် အော်ဟစ် ကြွေးကြော် တောင်းဆိုသွားခဲ့ကြောင်း သိရပါတယ်။

ဘုရှ်နဲလ်ဟာ သူ့ရဲ့ ကျောချမ်းစရာ လုပ်ရပ်မတိုင်ခင် Twitchမှာ ဗီဒီယို ဖြတ်ပိုင်းတစ်ခု တင်ထားခဲ့ပြီး သူ့နာမည်နဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ်သား တစ်ဦးဖြစ်တယ် ဆိုတာတွေကို ပြောပြသွားခဲ့တာပါ။

သူဟာ စစ်ဝတ်စုံကို ဝတ်ထားခဲ့ပြီး အရမ်း ပြင်းထန် ပြတ်သားတဲ့ ဆန္ဒပြမှု တစ်ခုကို လုပ်ဆောင်တော့မယ်လို့လည်း ဘုရှ်နဲလ်က Twitch ဗီဒီယိုထဲမှာယ ပြောထားခဲ့ပါတယ်။

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ဟာ အထူးထောက်လှမ်းရေးဌာန၊ ယစ်မျိုးဌာန တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အခုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေတယ်လို့ ကြေညာထားပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေဟာ ကြေကွဲစရာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။

ဒီဇင်ဘာလတုန်းကလည်း ဂျော်ဂျီယာ ပြည်နယ်မှာရှိတဲ့ အစ္စရေး ကောင်စစ်ဝန်ရုံးရှေ့မှာ ပါလက်စတိုင်းကို လိုလားထောက်ခံသူ တစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။