Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့ အမေရိကန် လေတပ်သား သေဆုံး

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့ အမေရိကန် လေတပ်သား သေဆုံး
အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့ အမေရိကန် လေတပ်သား သေဆုံး

အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့ အမေရိကန် လေတပ်သားဟာ ပြင်းထန်လွန်းတဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ လေတပ်တို့က ဝါရှင်တန်ဒီစီ မြို့တော်က အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ခဲ့သူဟာ လက်ရှိ စစ်မှုထမ်းနေဆဲ အသက် ၂၅ နှစ်အရွယ် အေရွန် ဘုရှ်နဲလ်ဆိုသူ ဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

ဘုရှ်နဲလ်ကို ရဲတွေနဲ့ လုံခြုံရေး အထူးအေးဂျင့်တွေက မီးငြှိမ်းသတ်ပေးပြီး ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ပေမယ့်လည်း ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဘုရှ်နဲလ်ရဲ့ ဆန္ဒပြမှုဟာ အမေရိကန် မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ် ဖြစ်လာစေခဲ့ပါတယ်။ ဘုရှ်နဲလ်က ဂါဇာစစ်ပွဲကို ရည်ညွှန်းပြီး သူဟာ အစုအပြုံလိုက် သတ်ဖြတ်မှုကြီး တစ်ခုမှာ ပတ်သက်လိုစိတ် မရှိတော့ဘူးလို့ ပြောကြားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ချိန်မှာလည်း ပါလက်စတိုင်း လွတ်လပ်ရေးအတွက် အော်ဟစ် ကြွေးကြော် တောင်းဆိုသွားခဲ့ကြောင်း သိရပါတယ်။

ဘုရှ်နဲလ်ဟာ သူ့ရဲ့ ကျောချမ်းစရာ လုပ်ရပ်မတိုင်ခင် Twitchမှာ ဗီဒီယို ဖြတ်ပိုင်းတစ်ခု တင်ထားခဲ့ပြီး သူ့နာမည်နဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ်သား တစ်ဦးဖြစ်တယ် ဆိုတာတွေကို ပြောပြသွားခဲ့တာပါ။

သူဟာ စစ်ဝတ်စုံကို ဝတ်ထားခဲ့ပြီး အရမ်း ပြင်းထန် ပြတ်သားတဲ့ ဆန္ဒပြမှု တစ်ခုကို လုပ်ဆောင်တော့မယ်လို့လည်း ဘုရှ်နဲလ်က Twitch ဗီဒီယိုထဲမှာယ ပြောထားခဲ့ပါတယ်။

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ဟာ အထူးထောက်လှမ်းရေးဌာန၊ ယစ်မျိုးဌာန တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အခုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေတယ်လို့ ကြေညာထားပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေဟာ ကြေကွဲစရာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။

ဒီဇင်ဘာလတုန်းကလည်း ဂျော်ဂျီယာ ပြည်နယ်မှာရှိတဲ့ အစ္စရေး ကောင်စစ်ဝန်ရုံးရှေ့မှာ ပါလက်စတိုင်းကို လိုလားထောက်ခံသူ တစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။