Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ကုန်တင်သင်္ဘော ဝင်တိုက်လို့ တံတားပြိုကျမှုမှာ ပျောက်ဆုံးနေသူ ၆ ဦးလုံး သေဆုံးသွားဖွယ်ရှိ

စင်ကာပူအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောကြီး တစ်စီးက ဝင်တိုက်မိတာကြောင့် ၁.၆ မိုင်ရှည်လျားတဲ့ တံတားရဲ့ အတော်များပြားတဲ့ အပိုင်းတွေ ရေထဲကို ပြိုဆင်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်မှာ ကုန်တင်သင်္ဘော ဝင်တိုက်လို့ တံတားပြိုကျမှုမှာ ပျောက်ဆုံးနေသူ ၆ ဦးလုံး သေဆုံးသွားဖွယ်ရှိ
အမေရိကန်မှာ ကုန်တင်သင်္ဘော ဝင်တိုက်လို့ တံတားပြိုကျမှုမှာ ပျောက်ဆုံးနေသူ ၆ ဦးလုံး သေဆုံးသွားဖွယ်ရှိ

အမေရိကန်မှာ ကုန်တင်သင်္ဘောနဲ့ တိုက်မိလို့ တံတားပြိုကျရာက ပျောက်ဆုံးနေသူ ၆ ဦးစလုံး သေဆုံးသွားပြီလို့ ယူဆရကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့က အင်ဂျင်ချွတ်ယွင်းပြီး ထိန်းချုပ်မှု ကင်းလွတ်သွားတဲ့ ကုန်တင် သင်္ဘောကြီး တစီးဟာ မေရီလန်းပြည်နယ်၊ ဘာလ်တီမိုး မြို့ထဲမှာရှိတဲ့ ဖရန်ဆစ် စကော့ကီး တံတားကြီးရဲ့ ထောက်တိုင်တစ်ခုကို ဝင်တိုက်ခဲ့တာကြောင့် တံတားကျိုးကျမှု ဖြစ်ခဲ့တာပါ။

အဲဒီ ဖြစ်ရပ်မှာ ထောက်တိုင်ကို ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေး လုပ်သား ၈ ဦး ရေထဲပြုတ်ကျသွားပြီး ၂ ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပါတပ်စ် မြစ်ထဲမှာ ပျောက်ဆုံးနေသူ ၆ ဦးကို နာရီပေါင်း အတော်များများ ရှာဖွေပြီး မတွေ့ခဲ့တဲ့နောက် အသက်ရှင်နိုင်ခြေ မရှိတော့ဘူးလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ယူဆလိုက်တာ ဖြစ်ပါတယ်။

စင်ကာပူအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောကြီး တစ်စီးက ဝင်တိုက်မိတာကြောင့် ၁.၆ မိုင်ရှည်လျားတဲ့ တံတားရဲ့ အတော်များပြားတဲ့ အပိုင်းတွေ ရေထဲကို ပြိုဆင်းခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဖက်ဒရယ် အစိုးရ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး ကဏ္ဍမှာ ဒေသခံ အဖွဲ့အစည်းတွေနဲ့ အပူတပြင်း ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး တံတားပြန်လည် တည်ဆောက်ရေးအတွက်လည်း အစိုးရက စရိတ်စိုက်ထုတ် ကူညီသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Daliလို့ နာမည်ပေးထားတဲ့ သင်္ဘောဟာ ဘာလ်တီမိုး ဆိပ်ကမ်းကခွာပြီး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ဆီ ဦးတည် ခုတ်မောင်းချိန် ခရီးအစမှာတင် အခုလို အခြေအနေဆိုးနဲ့ ကြုံခဲ့တာလို့ သိရပါတယ်။ တံတားကို ဝင်တိုက်ပြီးတဲ့နောက် သင်္ဘောကိုယ်ထည်မှာပါ မီးစွဲလောင်ပြီး မီးခိုးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။

အမေရိကန်ရဲ့ အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့က တံတားပြိုကျမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ ကြေညာပြီး အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ တခြား အာဏာပိုင် အဖွဲ့အစည်းတွေကပါ ပူးပေါင်း ကူညီပေးနေတယ်လို့ သိရပါတယ်။

ကနဦး စုံစမ်းမှုတွေကို အခြေခံ သုံးသပ်တဲ့အခါ ဒီကိစ္စ တစ်ခုလုံးဟာ မတော်တဆမှု သက်သက်သာဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုနဲ့ တခြား မရိုးမသား ပြဿနာမျိုးတွေ လုံးဝ ဆက်နွှယ်မှု မရှိဘူးလို့လည်း တာဝန်ရှိသူတွေက မှတ်ချက်ပေးထားခဲ့ပါတယ်။

ကိုးကား: AP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook