Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ကာကွယ်ရေး ဝန်ကြီးနေရာ အပြောင်းအလဲဟာ စစ်ပွဲကို ဦးစားပေးမယ့် ရုရှားရဲ့ စီးပွားရေး မူဝါဒကို ထင်ဟပ်စေကြောင်း ယူကရိန်း သုံးသပ်

ရုရှားရဲ့ စီးပွားရေး မူဝါဒတွေ သိသိသာသာ ပြောင်းလဲသွားတော့မယ် ဆိုတာကို အခုအပြောင်းအလဲက ညွှန်ပြနေပြီး ယူကရိန်းကလည်း အဲဒီအနေအထားကို တုံ့ပြန်ကိုင်တွယ်နိုင်မယ့် အခင်းအကျင်းတွေ စဉ်းစားရတော့မှာဖြစ်ကြောင်း ပိုဒိုလ်ယက်ခ်က ပြောကြားသွားပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးနေရာ အပြောင်းအလဲဟာ စစ်ပွဲကို ဦးစားပေးမယ့် ရုရှားရဲ့ စီးပွားရေး မူဝါဒကို ထင်ဟပ်စေကြောင်း ယူကရိန်း သုံးသပ်
ရုရှား ကာကွယ်ရေး ဝန်ကြီးနေရာ အပြောင်းအလဲဟာ စစ်ပွဲကို ဦးစားပေးမယ့် ရုရှားရဲ့ စီးပွားရေး မူဝါဒကို ထင်ဟပ်စေကြောင်း ယူကရိန်း သုံးသပ်

ရုရှားရဲ့ ကာကွယ်ရေးဝန်ကြီးသစ် ရွေးချယ် ခန့်အပ်မှုကိုကြည့်ရင် စစ်ပွဲကို အကြောင်းပြုပြီး ရုရှားဟာ နိုင်ငံစီးပွားရေး မူဝါဒတွေကိုပါ ပြောင်းလဲဖို့ ခြေလှမ်းပြင်လာနေတယ်ဆိုတာ မြင်သာကြောင်း ယူကရိန်း အစိုးရက မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ သူ့ရဲ့ အနီးကပ် မဟာမိတ်ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးအဖြစ် ၁၂ နှစ်ကြာ တာဝန်ယူခဲ့သူ ဆာဂျီ ရွှိုင်ဂူကို ထုတ်ပယ်ပြီး ဒုတိယ ဝန်ကြီးချုပ် အန်ဒရီ ဘီလူဆော့ဗ်နဲ့ အစားထိုးလိုက်ပါတယ်။ ယူကရိန်း စစ်ပွဲကာလတလျှောက် ရုရှားရဲ့ စစ်ဆင်ရေးတွေကို အဓိက ကြီးမှူးခဲ့တဲ့ ရွှိုင်ဂူကတော့ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူးအဖြစ် ပြောင်းလဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ရွှိုင်ဂူတုန်းက စစ်မှုထမ်း အတွေ့အကြုံ မရှိတဲ့ အရပ်သား အင်ဂျင်နီယာ တစ်ဦးသာ ဖြစ်ခဲ့သလို သူ့နေရာကို ဆက်ခံဖို့ ပူတင် ရွေးချယ်လိုက်တဲ့ အသက် ၆၅ နှစ်အရွယ် ဘီလူဆော့ဗ်ကလည်း စီးပွားရေး ပညာရှင် တစ်ဦးသာ ဖြစ်ပါတယ်။ လက်ရှိ စစ်ဖြစ်နေတဲ့ ကာလမှာ စစ်ရေးအတွေ့အကြုံ မြင့်မားသူ စစ်ဦးစီး အရာရှိ တစ်ယောက်ယောက်ကို ကာကွယ်ရေး ဝန်ကြီးနေရာ မပေးတဲ့ ပူတင်ရဲ့ ဆုံးဖြတ်ချက်အပေါ် လေ့လာသူတွေက အံ့ဩနေကြပါတယ်။

ယူကရိန်း သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် မစ်ခိုင်လို ပိုဒိုလ်ယက်ခ်ကတော့ ကာကွယ်ရေး ဝန်ကြီးနေရာ အပြောင်းအလဲဟာ ရုရှား အစိုးရ အနေနဲ့ စစ်ပွဲကို အဓိက ဦးစားပေးပြီး နိုင်ငံ စီးပွားရေး မူဝါဒတွေကို လိုက်လျောညီထွေ ပြောင်းလဲလိုတဲ့ သဘောထားကို ညွှန်ပြနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ နိုင်ငံရဲ့ စီးပွားရေး ရင်းမြစ်နဲ့ ယန္တရား အားလုံးကို စစ်ပွဲအတွက် ပုံအောထောက်ပံ့ဖို့ ပြင်ဆင်လာဟန်ရှိကြောင်း၊ တစ်နည်းအားဖြင့် စစ်မက်အားပေး နိုင်ငံအဖြစ် ပိုမိုပီပြင်လာပြီး နိုင်ငံရဲ့ စီးပွားရေးကလည်း စစ်တပ်ကို ရေရှည်ထောက်ပံ့ဖို့သာ အဓိက ဦးတည်လာမယ့် သဘောရှိကြောင်း သူက ဆိုပါတယ်။

ရုရှားရဲ့ စီးပွားရေး မူဝါဒတွေ သိသိသာသာ ပြောင်းလဲသွားတော့မယ် ဆိုတာကို အခုအပြောင်းအလဲက ညွှန်ပြနေပြီး ယူကရိန်းကလည်း အဲဒီအနေအထားကို တုံ့ပြန်ကိုင်တွယ်နိုင်မယ့် အခင်းအကျင်းတွေ စဉ်းစားရတော့မှာဖြစ်ကြောင်း ပိုဒိုလ်ယက်ခ်က ပြောကြားသွားပါတယ်။

သူက ယူကရိန်း စစ်ပွဲဟာ သက်တမ်း ၂၇ လ အကြာမှာ အရမ်းအရေးကြီးတဲ့ အချိုးအကွေ့ ကာလထဲ ဖြတ်သန်း ဝင်ရောက်နေပြီလို့ မှတ်ချက် ပေးခဲ့ပြီး ရုရှားအပေါ် ပိုမိုတင်းမာ ပြတ်သားတဲ့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ လိုအပ်တယ်လို့လည်း ပြောပါတယ်။

နောက်ပြီး ယူကရိန်းဟာ စစ်မြေပြင်မှာ ရုရှားရဲ့ ဖိအားပေးမှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် တိုက်လေယာဉ်တွေ၊ တာဝေးပစ် ဒုံးကျည်တွေ အပါအဝင် အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေ ပိုမို လိုအပ်နေကြောင်းလည်း ပိုဒိုလ်ယက်ခ်က အလေးအနက် သုံးသပ်ပြသွားခဲ့ပါတယ်။

ကိုးကား: Straits Times⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။