Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပစ်ခတ် လုပ်ကြံမှု ကြုံခဲ့ရတဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အသက်လု ကုသမှု ခံယူနေရ

တရားခံဟာ အသက် ၇၁ နှစ်အရွယ် စာရေးဆရာ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလို့ သတင်းတွေ ပျံ့နှံ့နေပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ် လုပ်ကြံမှု ကြုံခဲ့ရတဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အသက်လု ကုသမှု ခံယူနေရ
ပစ်ခတ် လုပ်ကြံမှု ကြုံခဲ့ရတဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အသက်လု ကုသမှု ခံယူနေရ

လုပ်ကြံမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ ဆေးရုံမှာ အသက်လု ကုသမှုတွေ ခံယူနေရပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းက မြို့ငယ်လေး တစ်ခုဖြစ်တဲ့ ဘရာတီဆလာဗာကို ဖီကို ရောက်ရှိနေချိန် မေလ ၁၅ ရက်နေ့မှာ သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရတာပါ။ ကာကွယ်ရေး ဝန်ကြီး ရောဘတ် ကာလီနက်ခ်က သမ္မတဟာ ၃ နာရီကြာ ခွဲစိတ်မှု ခံယူပြီး အခြေအနေကို ဆက်လက် စောင့်ကြည့်နေပေမယ့် အလားအလာက ဆိုးကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ သမ္မတနဲ့ ဆလိုဗက် နိုင်ငံရေး အင်အားစု အသီးသီးက အခုလုပ်ကြံမှုဟာ ဒီမိုကရေစီကို တိုက်ခိုက်မှုအဖြစ် ရှုတ်ချ ကြေညာထားကြပါတယ်။

ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားသူကို အခင်းဖြစ်ရာ နေရာမှာပဲ ဖမ်းဆီးမိခဲ့ပြီး ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ လောလောဆယ် မကြေညာသေးပါဘူး။ ပြီးတော့ အခုလုပ်ရပ်ရဲ့ နောက်ကွယ်က စေ့ဆော်မှု အကြောင်းတရားကိုလည်း မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဗီဒီယို မှတ်တမ်းတွေအရ အတားအဆီးတွေ နောက်ဖက် လူအုပ်ထဲမှာ ရပ်နေတဲ့သူ တစ်ဦးဟာ သေနတ်ထုတ်ပြီး ဝန်ကြီးချုပ်ကို ၅ ချက်လောက် ပစ်ခတ်ခဲ့တဲ့နောက် ကိုယ်ရံတော်တွေက အင်အားသုံး ဖမ်းဆီးမှု ခံလိုက်ရတာ တွေ့ရပါတယ်။ ဒဏ်ရာရထားတဲ့ ဝန်ကြီးချုပ်ကိုတော့ ကိုယ်ရံတော်တွေက ကားထဲ ဆွဲသွင်းသွားပြီး နီးရာဆေးရုံတစ်ခုကို ပို့ခဲ့ပါတယ်။ အဲဒီကနေတဆင့် ဟန်လိုဗာမြို့ အရှေ့ဖက်က ဆေးရုံတစ်ခုဆီ ရဟတ်ယာဉ်နဲ့ တင်ပို့ခဲ့ရပါတယ်။

ဒုတိယ ဝန်ကြီးချုပ် တိုမက်စ် တာရာဘာကတော့ ခွဲစိတ်မှုတွေ ချောချောမောမော ပြီးဆုံးခဲ့ကြောင်း၊ အခြေအနေ ဆိုးပေမယ့် ဝန်ကြီးချုပ် အသက်ရှင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

တရားခံဟာ အသက် ၇၁ နှစ်အရွယ် စာရေးဆရာ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလို့ သတင်းတွေ ပျံ့နှံ့နေပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဖီကိုရဲ့ ဝန်ကြီးချုပ်သက်တမ်း အစောဆုံး ကာလတွေဟာ နိုင်ငံရေးအရ အငြင်းပွားစရာ အခြေအနေတွေကို ဖြတ်သန်းနေရပါတယ်။ ဇန်နဝါရီလမှာ သူဟာ ယူကရိန်းဆီ စစ်ရေး အထောက်အပံ့တွေ ပေးပို့မှုကို ရပ်တန့်လိုက်ပြီး ပြည်သူပိုင် ရုပ်မြင်သံကြား ဌာန RTVSကို ဖျက်သိမ်းဖို့ စီစဉ်ခဲ့တာကြောင့် ပြည်တွင်းမှာ အဲဒီဆုံးဖြတ်ချက်အပေါ် လူထုက မကျေမနပ် ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။