Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမှာ စစ်တပ်ပစ်ခတ်လို့ ငါးဖမ်းသမား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၅၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၃ ရက် မနက်အစောပိုင်း ၄ နာရီဝန်းကျင် လောက်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ရိုဟင်ဂျာတွေဟာ စက်လှေနဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ငါးဖမ်းသမားတွေက နံ့သာကျွန်းနားမှာ ငါးဖမ်းရင်းနဲ့ နားနေကြတာ။ အဲဒါကို လှေနဲ့လာပြီး ပစ်သွားတာ။ တစ်ယောက်က အဲနားမှာပဲ သေသွားတယ်။ ကျန်တဲ့လူတွေက အလောင်းတောင် ကောက်ဖို့မရခဲ့ဘဲနဲ့ ပြေးလာရတယ်။ နောက်ပြီးမှ အလောင်းသွားပြန်ယူရတာ” လို့ ရသေ့တောင်ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လာရောက်ပစ်ခတ်တဲ့အထဲမှာ အရပ်ဝတ် ၂ဦးနဲ့ ရိုဟင်ဂျာ ၆ဦးပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားခဲ့သူဟာ စစ်တွေမြို့နယ် အောင်ဒိုင်ကျေးရွာကနေ ရသေ့တောင်မြို့နယ် မကျည်းချောင်းရွာမှာ စစ်ရှောင် နေတဲ့ ဦးညွှန့်ချေဖြစ်ပြီး ဒဏ်ရာရသွားသူတွေကတော့ အပူးချေနဲ့ ဦးမောင်မောင်ထွန်း တို့ဖြစ်ပါတယ်။

” သေနတ်အရှည်တွေနဲ့ လာပစ်တာပြောတယ်။ ညနက်မှပဲ အလောင်းကို သွားယူရတယ်။ အဲဒါတောင် ကိုယ့်လူတွေ ကို အကူအညီတောင်းပြီးမှ သွားယူရတာ။ ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာနဲ့ ဆေးရုံတင်ထားရသေးတယ်”လို့ ရသေ့တောင် ဒေသခံက ပြောပါတယ်။

မကျည်းရှောင်ရွာမှာနေတဲ့ စစ်ရှောင်တွေနဲ့ ဒေသခံ ၁၁ ဦးဟာ စက်လှေ ၃စီးနဲ့ အတူငါးသွားဖမ်းခဲ့ကြတာမှာ ပစ်ခတ်ခံခဲ့ရတာပါ။

အာဏာသိမ်းစစ်တပ်ဟာ ရသေ့တောင်မြို့နယ်နဲ့အစပ် စစ်တွေမြို့နယ် အုန်းတောကြီး၊ ပလ္လင်ပြင်၊ ရေချမ်းပြင်စတဲ့ ကမ်းခြေရွာတွေမှာ တပ်စခန်းချနေထိုင်ပြီး ပင်လယ်ပြင်အတွင်း သွားလာနေတဲ့ ငါးဖမ်းစက်လှေတွေ၊ ခရီးသွားတွေ ကို လိုက်လံပစ်ခတ်၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး ဒေသခံရိုဟင်ဂျာတွေလည်း မကြာခဏဖမ်းဆီး ခံရတယ်လို့ ဆိုပါတယ်။

“ရိုဟင်ဂျာတွေလည်း ခဏခဏအဖမ်းခံရတယ်။ အခုထိတောင် တချို့ ပြန်မလွှတ်ကြသေးဘူး။ ငါးဖမ်းခွင့်လည်း မပေးဘူး။ ငါးဖမ်းရင် လိုက်ဖမ်းတယ်၊ လိုက်ပစ်တယ်။ ဒီက ရိုဟင်ဂျာတွေမှာ ငါးဖမ်းလို့စားနေရတာ၊ အခု ငတ်နေ တာနဲ့အတူတူပဲ။” လို့ စစ်တွေမြို့နယ် သဲချောင်းရိုဟင်ဂျာရွာမှ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာ၊ လက်နက် တပ်ဆင်ပေးတာတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ စစ်တွေအပြင် ကျောက်ဖြူမြို့နယ်အတွင်းက ပင်လယ်ပြင်၊ မြစ်ပြင်တွေမှာလည်း သွားလာနေတဲ့ စက်လှေတွေနဲ့ ငါးဖမ်းသမားတွေကို ဖမ်းဆီး၊ ပစ်ခတ်တာတွေ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကလည်း ရမ်းဗြဲမြို့နယ်မှ ထွက်ခွာလာတဲ့ စက်လှေ ၁စီးကို မင်းကြောင်းချောင်းအလွန်မှာ အာဏာသိမ်းစစ်တပ်က Speed Boat နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် စက်လှေမှာပါလာတဲ့ အမျိုးသား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။