Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းက စူပါမားကက် တစ်ခုကို ရုရှား လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၂ ဦးထက်မနည်း သေဆုံး

ဇီလန်စကီးရဲ့ အဆိုအရ မတ်လ တစ်လတည်းမှာတင် ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ လေဟုန်စီးဗုံး အလုံးပေါင်း ၃၀၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းက စူပါမားကက် တစ်ခုကို ရုရှား လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၂ ဦးထက်မနည်း သေဆုံး

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက စူပါမားကက် တစ်ခုကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။

ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့လည်းဖြစ်တဲ့ ခါကစ်ဗ်ကို မေလ ၂၅ ရက်နေ့မှာ ရုရှားက လေဟုန်စီးဗုံး (glide bomb)နှစ်လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဗုံးတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားက အသုံးများလာပြီး ယူကရိန်းအတွက် ဖိအားတွေ အကြီးအကျယ် ကြုံလာစေတဲ့ စစ်လက်နက် အမျိုးအစားပါ။

တကယ်တော့ glide bombတွေဟာ နည်းပညာသစ် လက်နက်တွေ မဟုတ်ဘဲ ဆိုဗီယက်ခေတ် လက်ကျန် ဗုံးတွေကို လေဟုန်စီးစေနိုင်မယ့် တောင်ပံတွေ တပ်ဆင်ပေးပြီး ပစ်မှတ်ရှာ လမ်းညွှန် ကိရိယာတွေနဲ့ တွဲစပ်ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ရုရှားအတွက် စရိတ်သက်သာပြီး စစ်လက်နက် အဟောင်းတွေကို ဖောဖောသီသီ အသုံးချလို့ရတဲ့ အားသာချက်မျိုး ရရှိသွားစေပါတယ်။

အခုနောက်ဆုံး ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာတော့ Kepcetr Kဆိုတဲ့ အိမ်ဆောက်ပစ္စည်းနဲ့ အိမ်သုံးပစ္စည်းဆိုင်ရာ အထူးသီးသန့် စူပါမားကက်ကို ရုရှားရဲ့ လေဟုန်စီးဗုံးနှစ်လုံး တည့်တည့် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု ဖြစ်ပွားချိန်က စူပါမားကက်ထဲမှာ လူ ၂၀၀ ကျော်လောက်ထိ ရှိနေနိုင်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။ ခါကစ်ဗ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အပြစ်မဲ့ ပြည်သူတွေအပေါ် နိုင်လိုမင်းထက် သတ်ဖြတ်ဖို့ ဘယ်လောက် အရူးအမူး ဆာလောင်နေသလဲ ဆိုတာကို မြင်သာစေတဲ့ နောက်ထပ် သက်သေ တစ်ခုလို့ သူက ဆိုပါတယ်။

အဲဒီနေ့မှာပဲ ခါကစ်ဗ်မှာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတစ်ခု ထပ်မံဖြစ်ပွားပြီး ဒဏ်ရာရသူ ၈ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း အစိုးရဟာ ရုရှားရဲ့ လေဟုန်စီးဗုံးတွေ အပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုထူထပ်လာတာကို ထိထိရောက်ရောက် တုံ့ပြန်ဖို့အတွက် အနောက်မဟာမိတ် နိုင်ငံတွေဆီက လေကြောင်း ကာကွယ်ရေး လက်နက်တွေ ပိုမိုဖြည့်တင်းပေးရေး အပူတပြင်း တောင်းဆိုနေပါတယ်။

ဇီလန်စကီးရဲ့ အဆိုအရ မတ်လ တစ်လတည်းမှာတင် ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ လေဟုန်စီးဗုံး အလုံးပေါင်း ၃၀၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။