Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းနိုင်ငံ တည်တံ့ရေး ယူကရိန်း စစ်သည်တွေကပဲ ဆုံးဖြတ်နိုင်တယ်လို့ သမ္မတ မိန့်ခွန်းပြော

ရုရှားဟာ ကျူးကျော်စစ် နှစ်ပတ်လည်နေ့မှာ ယူကရိန်းကို နောက်တစ်ကြိမ် အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ယူကရိန်း စစ်တပ်ဟာ ကာကွယ်ရေး အစီအမံတွေကို အစွမ်းကုန် ထောင့်စေ့အောင် ပြင်ဆင်နေပါတယ်။

ယူကရိန်းနိုင်ငံ တည်တံ့ရေးအတွက် ယူကရိန်း စစ်သည်တွေကပဲ အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်လို့ စစ်ပွဲ တစ်နှစ်ပြည့် မိန့်ခွန်းမှာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ကိယက်ဗ် အပါအဝင် ယူကရိန်းက မြို့ကြီးတွေဟာ ရုရှားရဲ့ ကျူးကျော်စစ် နှစ်ပတ်လည်နေ့ဆိုတဲ့ အသိနဲ့ နိုးထခဲ့ကြပါတယ်။ သမ္မတ ဇီလန်စကီးဟာ ပြည်သူတွေနဲ့ ယူကရိန်း စစ်တပ်ကို လိပ်မူပြီး စစ်ပွဲ နှစ်ပတ်လည် မိန့်ခွန်း ပြောကြားခဲ့ရာမှာ နိုင်ငံ တည်တံ့ရေးအတွက် ယူကရိန်း စစ်သားတွေကပဲ အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

“ယူကရိန်းနိုင်ငံ ဆက်လက် တည်မြဲပါ့မလား ဆိုတာကို အဆုံးအဖြတ် ပေးနိုင်မှာက ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဖြစ်တယ်။ နေ့တိုင်း၊ နာရီတိုင်း ဒီမေးခွန်းရဲ့ အဖြေဟာ ယူကရိန်း စစ်သည်တော်တွေဖြစ်တဲ့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်နေပါတယ်”လို့ သမ္မတက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားဟာ ယူကရိန်းနိုင်ငံကို အရပ်မျက်နှာ ပေါင်းစုံကနေ ထိုးစစ်ဆင်ပြီး ကျူးကျော်စစ်ကြီး ဆင်နွှဲခဲ့ချိန် ကတည်းက ယူကရိန်း စစ်တပ်က ကြံ့ကြံ့ခံ တွန်းလှန်နေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်တုန်းက သန်းပေါင်းများစွာသော ကျွန်တော်တို့ ယူကရိန်း ပြည်သူတွေဟာ ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ကြတယ်။ အဲဒါက အလံဖြူ မဟုတ်ဘူး။ အပြာနဲ့ အဝါ ရောစပ်ထားတဲ့အလံ (ယူကရိန်း အလံ)သာ ဖြစ်တယ်”လို့လည်း ဇီလန်စကီးက Twitterမှာ ရေးသားခဲ့ပါသေးတယ်။

စစ်ပွဲ နှစ်ပတ်လည်နေ့မှာ ရုရှားဟာ ဒုံးကျည်တွေနဲ့ အလုံးအရင်း တိုက်ခိုက်လာနိုင်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပြီး ကြိုတင်တပ်လှန့် ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားတယ်လို့ ယူကရီန်း လေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ယူရီ အင်းဟတ်က ဆိုပါတယ်။

ရုရှားဟာ ကျူးကျော်စစ် နှစ်ပတ်လည်နေ့မှာ ယူကရိန်းကို နောက်တစ်ကြိမ် အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ယူကရိန်း စစ်တပ်ဟာ ကာကွယ်ရေး အစီအမံတွေကို အစွမ်းကုန် ထောင့်စေ့အောင် ပြင်ဆင်နေပါတယ်။

ဒီအတောအတွင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပွင့်လင်းရာသီ ရောက်လာချိန်မှာ စစ်တပ် အနေနဲ့ တန်ပြန်ထိုးစစ်တစ်ရပ် စတင်နိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေပြီလို့လည်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။