Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်က ယူကရိန်းနဲ့ စစ်ရပ်စဲရေး ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ရုရှားပြော

ဇီလန်စကီးကတော့ ရုရှားတပ်တွေ သိမ်းယူထားတဲ့ ယူကရိန်းပိုင်နက် နယ်မြေအားလုံး ပြန်မရမချင်း သူဟာ ပူတင်နဲ့ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း တွင်တွင် ငြင်းဆိုထားပါတယ်။

ပူတင်က ယူကရိန်းနဲ့ စစ်ရပ်စဲရေး ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ရုရှားပြော
ပူတင်က ယူကရိန်းနဲ့ စစ်ရပ်စဲရေး ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ရုရှားပြော

ယူကရိန်းမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေး အကောင်အထည် ဖော်နိုင်ဖို့ သမ္မတ ဗလာဒီမာ ပူတင်က လိုလားကြောင်း ရုရှား အစိုးရဖက်က လေသံလွှင့်လာခဲ့ပါတယ်။

အိမ်နီးချင်း ယူကရိန်း နိုင်ငံမှာ ဆင်နွှဲခဲ့တဲ့ အထူးစစ်ဆင်ရေးရဲ့ ရည်မှန်းချက် အောင်မြင်တယ်လို့ ယုံကြည်ရလောက်တဲ့ နယ်မြေတွေကို ရုရှားက ထိန်းချုပ် သိမ်းယူပြီး ဖြစ်တယ်လို့ ပူတင်က ယူဆထားကြောင်း ကရင်မလင် နန်းတော်က ဆိုပါတယ်။ အထူးစစ်ဆင်ရေး ဆိုတာက ကျူးကျော်စစ်ပွဲကို ရုရှား အစိုးရက သုံးနှုန်းတဲ့ ဝေါဟာရ ဖြစ်ပါတယ်။

အခုအချိန်မှာ အပစ်အခတ် ရပ်စဲမယ်ဆိုရင် ပူတင်အနေနဲ့ လက်ခံလိုတဲ့ သဘောထားရှိနေကြောင်း ရုရှားက ပြောကြားခဲ့ပြီး တစ်နည်းအားဖြင့် အဲဒီကိစ္စကို လက်ခံဖို့အတွက် ယူကရိန်းဟာ လက်ရှိ ရုရှား သိမ်းယူထားတဲ့ နယ်မြေတွေကို လက်လွှတ်ပေးဖို့ သဘောတူရမယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။

အစောပိုင်းတွေတုန်းကတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အပစ်အခတ် ရပ်စဲရေးမှာ ယူကရိန်း နယ်မြေတွေ လက်လွှတ်ပေးဖို့ဆိုတဲ့ အပေးအယူကို လုံးဝ ထည့်ဆွေးနွေးမှာ မဟုတ်ဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ရဲ့ အတွင်းစည်း သတင်းရင်းမြစ် တချို့က လက်ရှိ စစ်ရေး အခြေအနေအတိုင်း ထိန်းချုပ်နယ်မြေတွေကို လက်လွှဲယူနိုင်မယ်ဆိုရင် ရုရှားဟာ စစ်ကို ရပ်စဲဖို့ အသင့်ရှိနေတယ်လို့ အနောက်နိုင်ငံ အခြေစိုက် မီဒီယာတွေဆီ ပြောကြားလာကြပါတယ်။ တစ်ဖက်မှာတော့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားဟာ ရှေ့တန်း စစ်မြေပြင်တွေမှာ ထိုးစစ်အရှိန်မြှင့်ပြီး ယူကရိန်း နယ်မြေတွေကို ပိုမို သိမ်းသွင်းနိုင်ရေး အားထုတ်လာနေပါတယ်။

ကရင်မလင် နန်းတော်ရဲ့ အရာရှိ တချို့ကတော့ ပူတင်ဟာ သူ့တပ်တွေကို ရှေ့တိုးချီတက်ဖို့ အမိန့်မပေးခင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ပေးခဲ့ပေမယ့် ဇီလန်စကီးက ခေါင်းမာမာနဲ့ ငြင်းဆိုခဲ့ကြောင်း အပြစ်ဖို့ခဲ့ပါတယ်။ သမ္မတ ပူတင်ဟာ စစ်ပွဲကို အချိန် ဘယ်လောက်ကြာကြာ ဆက်တိုက်ဖို့ အသင့်ရှိကြောင်း၊ တစ်ဖက်မှာလည်း စစ်ကို ရပ်စဲစေဖို့ လမ်းဖွင့်ပေးထားမှာဖြစ်ကြောင်း ကရင်မလင် သတင်းရင်းမြစ် တစ်ဦးက Reutersကို ပြောကြားခဲ့ပါတယ်။

ဇီလန်စကီးကတော့ ရုရှားတပ်တွေ သိမ်းယူထားတဲ့ ယူကရိန်းပိုင်နက် နယ်မြေအားလုံး ပြန်မရမချင်း သူဟာ ပူတင်နဲ့ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း တွင်တွင် ငြင်းဆိုထားပါတယ်။

လက်ရှိ အခြေအနေအရ စစ်ပွဲမှာ ပူတင်ဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အင်အား အလုံးအရင်းနဲ့ ကျူးကျော်စစ် စပြုခဲ့တဲ့နောက်ပိုင်း အသိသာဆုံး အသာစီး အနေအထားကို ရရှိနေတယ်လို့ ယုံကြည်ရပါတယ်။ ယူကရိန်းကတော့ အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက် အထောက်အပံ့တွေ လျော့ပါးလာခြင်းနဲ့အတူ ရုရှားထိုးစစ်ကို ကြံ့ကြံ့ခံဖို့ ရုန်းကန်နေရပြီး ရှေ့တန်း ခြေကုပ်စခန်းတွေကနေ ဆက်တိုက် ဆုတ်ခွာပေးနေရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။