Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ အပစ်ရပ် အဆိုကို လက်ခံရင် အစိုးရ အဖွဲ့ကနေ နုတ်ထွက်မယ်လို့ အစ္စရေး ဝန်ကြီးနှစ်ဦး ခြိမ်းခြောက်

ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမော့ရစ်ချ်နဲ့ အမျိုးသား လုံခြုံရေးဝန်ကြီး အစ်တာမာ ဘန်ဂီဗီတို့က ဟားမားစ် ပြောက်ကျားအဖွဲ့ အပြီးတိုင် ချေမှုန်း မခံရမချင်း ဘယ်လို သဘောတူညီချက်မျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ တင်းတင်းမာမာ ပြောကြားထားပါတယ်။

ဂါဇာ အပစ်ရပ် အဆိုကို လက်ခံရင် အစိုးရ အဖွဲ့ကနေ နုတ်ထွက်မယ်လို့ အစ္စရေး ဝန်ကြီးနှစ်ဦး ခြိမ်းခြောက်
ဂါဇာ အပစ်ရပ် အဆိုကို လက်ခံရင် အစိုးရ အဖွဲ့ကနေ နုတ်ထွက်မယ်လို့ အစ္စရေး ဝန်ကြီးနှစ်ဦး ခြိမ်းခြောက်

အမေရိကန် ကြားဝင် ညှိနှိုင်းပေးတဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စကို လက်ခံမယ်ဆိုရင် အစိုးရ အဖွဲ့ထဲက နုတ်ထွက်မယ်လို့ အစ္စရေးရဲ့ လက်ယာစွန်းဝါဒီ ဝန်ကြီးနှစ်ဦးက ခြိမ်းခြောက်ထားပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမော့ရစ်ချ်နဲ့ အမျိုးသား လုံခြုံရေးဝန်ကြီး အစ်တာမာ ဘန်ဂီဗီတို့က ဟားမားစ် ပြောက်ကျားအဖွဲ့ အပြီးတိုင် ချေမှုန်း မခံရမချင်း ဘယ်လို သဘောတူညီချက်မျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ တင်းတင်းမာမာ ပြောကြားထားပါတယ်။

တစ်ချိန်တည်းမှာပဲ အတိုက်အခံခေါင်းဆောင် ယဲရ်လာပစ်ဒ်က အမေရိကန် ကြားဝင် စေ့စပ်ပေးမယ့် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို လက်ခံဖို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ဦးဆောင်တဲ့ အစိုးရကို တိုက်တွန်းထားပါတယ်။

နေတန်ညာဟု ကိုယ်တိုင်ကတော့ ဂါဇာမှာ ဟားမားစ်တွေ အုပ်ချုပ်နိုင်တဲ့ အစွမ်းမျိုး ပျက်စီးပြိုကွဲသွားပြီး ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံအားလုံး မလွတ်မချင်း အပြီးတိုင် အပစ်အခတ် ရပ်စဲဖို့ လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်က အဆိုပြု ကမ်းလှမ်းတဲ့ အပစ်အခတ် ရပ်စဲရေး အဆိုဟာ ကနဦးအဖြစ် သီတင်း ၆ ပတ် အပစ်ရပ်ပြီး အဲဒီ အတောအတွင်း အစ္စရေး တပ်တွေက ဂါဇာရဲ့ လူနေထူထပ်ရာ နယ်မြေတွေကနေ ဆုတ်ခွာဖို့၊ ဂါဇာကို လူသားချင်း စာနာမှု အထောက်အပံ့တွေ ပိုမိုပေးပို့နိုင်ဖို့၊ တစ်ဖက်မှာလည်း ဟားမားစ်တွေက ဓားစာခံတွေကို လွှတ်ပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ ဟားမားစ်ဖက်ကတော့ ဒီကမ်းလှမ်းချက်ကို အပြုသဘောဆောင်တဲ့ သဘောထားမျိုးနဲ့ သုံးသပ် စဉ်းစားနေတယ်လို့ ပြောပါတယ်။

ဘိုင်ဒန်က သူရဲ့ ကမ်းလှမ်း အဆိုပြုချက်ကို အစ္စရေး အစိုးရ အဖွဲ့ထဲမှာ ဆန့်ကျင်တဲ့သူတွေ ရှိနိုင်တယ် ဆိုတာကို နားလည်ထားကြောင်းလည်း ကြိုတင် မှတ်ချက် ပေးထားပါတယ်။

ဘဏ္ဍာရေးဝန်ကြီး စမော့ရစ်ချ်က သူဟာ ဟားမားစ်တွေကို အပြီးတိုင် မဖြိုခွဲနိုင်၊ ဓားစာခံတွေ အားလုံးကို ပြန်မခေါ်နိုင်ဘဲနဲ့ စစ်ပွဲကို ရပ်ဆိုင်းစေမယ့် အဆိုပြုချက်မျိုးကို နေတန်ညာဟုကသာ လက်ခံမယ်ဆိုရင် အစိုးရ အဖွဲ့ထဲမှာ ဆက်မပါတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဘန်ဂီဗီကလည်း စစ်ပွဲကို အဆုံးသတ်စေမယ်ဆိုတဲ့ သဘောတူညီမှုမျိုးဟာ ဟားမားစ်တွေကို ဆုံးခန်းတိုင်အောင် ဖျက်ဆီးပစ်မယ်ဆိုတဲ့ လမ်းစဉ်ကို စွန့်လွှတ်ရာ ရောက်နေကြောင်း၊ ဒါဟာ ပစ္စလက်ခတ်နိုင်တဲ့ သဘောတူညီမှုမျိုး ဖြစ်နိုင်ပြီး ရလဒ်အနေနဲ့လည်း အကြမ်းဖက် လမ်းစဉ်ကို အနိုင်ပေးလိုက်တာ၊ အစ္စရေးရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရမှုတွေကို ခွင့်ပြုပေးထားတာနဲ့ အတူတူပဲဖြစ်ကြောင်း ဝေဖန်သွားပါတယ်။

ဘန်ဂီဗီက အဲဒီ သဘောတူညီမှုမျိုးကို လက်ခံဖို့ထက်စာရင် အစိုးရကို ဖျက်သိမ်းလိုက်တာကမှ ပိုပြီး ကျက်သရေ ရှိဦးမယ်လို့လည်း ပြောပါတယ်။

နေတန်ညာဟု ဦးဆောင်တဲ့ လက်ယာယိမ်း မဟာမိတ် နိုင်ငံရေး အင်အားစုဟာ လွှတ်တော်ထဲမှာ ကျဉ်းမြောင်းတဲ့ အသာစီး အခြေအနေကို ထိန်းသိမ်းဖို့အတွက် ကွဲပြားတဲ့ နိုင်ငံရေး အစုအဖွဲ့တွေကို စုစည်းထားရတာ ဖြစ်ပါတယ်။ ဘန်ဂီဗီနဲ့ စမော့တစ်ချ်တို့ဟာ နေတန်ညာဟုနဲ့ ပါတီမတူဘဲ သူတို့သာ ခွဲထွက်သွားမယ်ဆိုရင် အစိုးရက ပြိုကွဲသွားနိုင်တဲ့ သဘောပါ။ ဒါပေမဲ့ လာပစ်ဒ်ကတော့ အစိုးရသာ အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံမယ်ဆိုရင် သူ့ရဲ့ ပါတီက အဲဒီ ဆုံးရှုံးသွားမယ့် လွှတ်တော်အမတ် နေရာတွေကို ဝင်ဖြည့်ပြီး ထောက်ခံရပ်တည်ပေးဖို့ အသင့်ရှိကြောင်း ကမ်းလှမ်းထားပါတယ်။ အစ္စရေးရော၊ ဟားမားစ်ပါ အမေရိကန်ရဲ့ ကြားဝင်ကမ်းလှမ်းထားတဲ့ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်အပေါ် နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်တွေ မချမှတ်သေးပါဘူး။

လတ်တလောမှာတော့ ဂါဇာတောင်ပိုင်းက ရာဖားဟ်မြို့ကို ဦးတည်တဲ့ အစ္စရေးရဲ့ ထိုးစစ်က အရှိန်ပိုမြင့်လာနေပြီး မြောက်ပိုင်းမှာရှိတဲ့ ဂါဇာစီးတီးမှာလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြန်လည် စတင်နေတယ်လို့ သိရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ တည်ငြိမ်အေးချမ်းအောင် ကူညီနိုင်ရေး မစ်ရှင်အတွက် စစ်သည်အင်အား ၈၀၀၀ လောက် ပေးပို့ဖို့ ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

သတင်း

နယူးဂါဇာလို့ နာမည်ပေးထားတဲ့ စစ်ပြီးခေတ် ဂါဇာ ပြန်လည်ထူထောင်ရေး တည်ဆောက်မှုတွေအတွက် လျာထား ပရောဂျက်ကို အမေရိကန်က ထုတ်ပြန် ပြသလိုက်ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလားနည်းတူ ကျူးဘားမှာလည်း အစိုးရကို အပြောင်းအလဲလုပ်ဖို့ အမေရိကန်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။