Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်တခု ဘိုင်ဒန် ကမ်းလှမ်း

ဘိုင်ဒန်က အဲဒီ အဆိုပြုချက်ကို လက်ခံဖို့ ဟားမားစ် ပြောက်ကျားတွေကို တောင်းဆိုထားပြီး ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ကလည်း အပေါင်းလက္ခဏာဆန်တဲ့ သဘောမျိုးနဲ့ လေ့လာနေတယ်လို့ တုံ့ပြန်ထားပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်တခု ဘိုင်ဒန် ကမ်းလှမ်း
ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်တခု ဘိုင်ဒန် ကမ်းလှမ်း

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက် တစ်ရပ်ကို ကမ်းလှမ်း တင်ပြလိုက်ပါတယ်။

ဘိုင်ဒန်က အဲဒီ အဆိုပြုချက်ကို လက်ခံဖို့ ဟားမားစ် ပြောက်ကျားတွေကို တောင်းဆိုထားပြီး ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ကလည်း အပေါင်းလက္ခဏာဆန်တဲ့ သဘောမျိုးနဲ့ လေ့လာနေတယ်လို့ တုံ့ပြန်ထားပါတယ်။

အဲဒီ အဆိုပြုချက်အရ သီတင်း ၆ ပတ်ကြာ အပစ်အခတ် ရပ်စဲမှုနဲ့ အစပြုမှာဖြစ်ပြီး အဲဒီ အတောအတွင်း အစ္စရေးစစ်တပ် (IDF)ဟာ ဂါဇာမှာရှိတဲ့ လူထူထပ်ရာ အရပ်သား ဧရိယာတွေကနေ ရုပ်သိမ်းမှာဖြစ်ပြီး ဂါဇာကို လူသားချင်း စာနာမှု အကူအညီတွေလည်း ပိုမို ပေးပို့သွားမှာ ဖြစ်ပါတယ်။

အဲဒီ အဆိုပြုချက်ဟာ အခြေအနေပေးရင် ဂါဇာမှာ အပြီးတိုင် စစ်ပွဲရပ်ဆိုင်းရေးနဲ့ ဂါဇာကို ပြန်လည် တည်ဆောက်ရေး ကဏ္ဍတွေထိ ရည်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၃၁ ရက်နေ့က အိမ်ဖြူတော်မှာ ဘိုင်ဒန်က အပစ်အခတ် ရပ်စဲရေး ပထမအဆင့် အဆိုပြုချက်အရ နှစ်ဖက်စလုံး လုံးဝ စစ်ဆက်မတိုက်တော့ဘဲ ရပ်နားရမှာ ဖြစ်သလို IDFက အရပ်သား ဧရိယာတွေကနေ စတင် ဆုတ်ခွာမှာပါ။ အပြန်အလှန် အနေနဲ့ ဟားမားစ်က ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ဟာ သေချာပေါက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ရွေးချယ်ရမယ့် အချိုးအကွေ့လို့ ဘိုင်ဒန်က ဆိုပါတယ်။ ဟားမားစ်က အပစ်အခတ် ရပ်စဲရေးကို လိုလားတယ်လို့ ပြောထားဖူးပြီး ဒါဟာ စိတ်ရင်း အမှန်ဆိုရင် ပိုကောင်းတဲ့ အခွင့်အရေး မရှိနိုင်ဘူးလို့ ဘိုင်ဒန်က ဆက်ပြောပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က လက်ရှိ ညှိနှိုင်းမှု အခြေအနေတွေ တိုးတက်နေတာကို ကြိုဆိုကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ဂါဇာမှာ ထိခိုက်ခံစားရတာတွေ၊ ပျက်စီးတာတွေ ရပ်တန့်သင့်နေပြီလို့ သူက ဆိုပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ သူ့ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေ အထမမြောက်သေးသ၍ စစ်ပွဲ ပြီးဆုံးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီ ရည်မှန်းချက်တွေထဲမှာ ဓားစာခံတွေ အကုန်ပြန်လွတ်ရေး၊ ဟားမားစ်တွေကို ဂါဇာမှာ အပြီးတိုင် ရှင်းလင်း ဖယ်ရှားရေးတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်ရဲ့ နောက်ဆုံး အဆိုပြုချက်ဟာ အဲဒီ ရည်မှန်းချက်တွေရဲ့ အခြေခံ မူတွေကို ချိုးဖောက်နေတာမျိုး မရှိဘူးလို့ သူက မှတ်ချက် ပေးသွားပါတယ်။

ဟားမားစ်တွေကတော့ သူတို့ရဲ့ လိုလားချက်ဟာ အပြီးတိုင် စစ်ပွဲရပ်ဆိုင်းဖို့၊ ဂါဇာကနေ အစ္စရေးတပ်တွေ အပြီးဆုတ်ခွာဖို့၊ အကျဉ်းသားချင်း လဲလှယ်ပြီး ဂါဇာကို ပြန်လည် တည်ဆောက်ဖို့တွေ ဖြစ်ကြောင်း၊ အမေရိကန်ရဲ့ လက်ရှိ အဆိုပြုချက်ကို အပြုသဘောဆောင်တဲ့ သဘောထားနဲ့ လေ့လာနေကြောင်း ပြောပါတယ်။

ဂါဇာမှာ အစ္စရေး ထိုးစစ် စတင်ခဲ့တဲ့နောက်ပိုင်း အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၃၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဟားမားစ် လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ဟားမားစ် တိုက်ခိုက်ရေးသမားတွေက အစ္စရေး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့နောက် စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသဆီ လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ ပို့ဆောင်မှုကို အစ္စရေးက ပိတ်ဆို့ထားလိုက်တဲ့အပေါ် ကုလသမဂ္ဂ (UN)နဲ့ အာရပ် နိုင်ငံတချို့က ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင် ဒေသကို အမေရိကန် ထိန်းချုပ်မှုအောက် သွတ်သွင်းချင်တဲ့ သူ့စိတ်ကူးဟာ အလေးအနက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျော်ဒန်ဘုရင်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသကို တောင်နဲ့မြောက် ပိုင်းခြားထားရာ စင်္ကြံ နယ်မြေကနေ အစ္စရေး စစ်တပ်တွေ စတင် ဆုတ်ခွာသွားကြောင်း သိရပါတယ်။

Facebook