Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်ပကျူးကျော်မှုတွေအတွက် အပြန်အလှန် ကူညီကာကွယ်ဖို့ ရုရှားနဲ့ မြောက်ကိုရီးယား သဘောတူ

အမေရိကန်နဲ့ ယူကရိန်းတို့ အဓိက စိုးရိမ်နေတဲ့ ဖြစ်နိုင်ခြေကတော့ မြောက်ကိုရီးယားက ရုရှားအတွက် စစ်လက်နက်တွေကို အလုံးအရင်းနဲ့ ပေါ်ပေါ်ထင်ထင် ထောက်ပံ့လာတာမျိုးပါ။

ပြည်ပကျူးကျော်မှုတွေအတွက် အပြန်အလှန် ကူညီကာကွယ်ဖို့ ရုရှားနဲ့ မြောက်ကိုရီးယား သဘောတူ
ပြည်ပကျူးကျော်မှုတွေအတွက် အပြန်အလှန် ကူညီကာကွယ်ဖို့ ရုရှားနဲ့ မြောက်ကိုရီးယား သဘောတူ

ပြည်ပ ကျူးကျော်မှုတွေ ကြုံလာတဲ့အခါ အပြန်အလှန် အစွမ်းကုန် ဖေးမ ကူညီဖို့ဆိုတဲ့ သဘောတူ စာချုပ်တစ်ရပ်ကို ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

မြောက်ကိုရီးယားကို ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိလာတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ခရီးစဉ် အတောအတွင်းမှာ အိမ်ရှင်နိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအွန်နဲ့ အဲဒီ သဘောတူ ကတိကို လက်မှတ်ထိုးခဲ့တာပါ။ ပူတင်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဇွန်လ ၁၉ ရက်နေ့ မနက်အစောပိုင်းက မြောက်ကိုရီးယားကို ရောက်ရှိလာခဲ့တာပါ။

ကင်မ်က သူတို့နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အရမ်းအားကောင်းတဲ့ မဟာမိတ် အဆင့်မျိုး သစ်လွင်ခိုင်မာလာနေတယ်လို့ ပူတင်ကို ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးဟာ လျင်လျင်မြန်မြန် တိုးတက်လာခဲ့တဲ့နောက် အခုလို လုံခြုံရေး စာချုပ်တစ်ခု အတူလက်မှတ် ရေးထိုးတဲ့ထိ အဆင့်တက်လာခဲ့တာပါ။

အဲဒီ စာချုပ်အရ ပြည်ပနိုင်ငံ တစ်ခုခုက ရုရှားနဲ့ မြောက်ကိုရီးယားတို့ထဲက တစ်နိုင်ငံကို ကျူးကျော် တိုက်ခိုက်လာရင် မိတ်ဖက် နိုင်ငံက အစွမ်းကုန် ကူညီကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားပြီး ကမ္ဘာ့အလယ်မှာ အထီးကျန်နေတဲ့ အစိုးရနှစ်ရပ် အခုလို ပေါင်းစည်းလာနေတာဟာ ကမ္ဘာကြီးအတွက်လည်း အထူးတလည် သတိပြုရမယ့် အခြေအနေလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ဘယ်လို စစ်ရေးပူးပေါင်းမှု သဘောတူညီမှုမျိုးကမဆို အနာဂတ်ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခ တစ်ခုခုမှာ ရုရှားက မြောက်ကိုရီးယားဖက်ကနေ ကူညီတိုက်ခိုက်ပေးပြီး လက်ရှိ ယူကရိန်း စစ်ပွဲမှာလည်း မြောက်ကိုရီးယားက ရုရှားကို ထဲထဲဝင်ဝင် ကူညီတာမျိုးဆီ ဦးတည်လာနိုင်ပါတယ်။

အမေရိကန်နဲ့ ယူကရိန်းတို့ အဓိက စိုးရိမ်နေတဲ့ ဖြစ်နိုင်ခြေကတော့ မြောက်ကိုရီးယားက ရုရှားအတွက် စစ်လက်နက်တွေကို အလုံးအရင်းနဲ့ ပေါ်ပေါ်ထင်ထင် ထောက်ပံ့လာတာမျိုးပါ။ ပူတင်ဟာ ယူကရိန်း ကျူးကျော်စစ်ကို ဆင်နွှဲခဲ့တဲ့နောက် မျှော်လင့်ထားတာထက် နှောင့်နှေးမှုတွေ အများကြီး ကြုံခဲ့သလို လက်နက်ခဲယမ်း ပြတ်တောက်လာမှုတွေကို အလျဉ်မီအောင် ဖြည့်ဆည်းဖို့ ရုန်းကန်နေရပါတယ်။

စက်တင်ဘာလတုန်းက ရုရှားမှာ ပူတင်နဲ့ကင်မ်တို့ တွေ့ဆုံခဲ့တဲ့နောက်ပိုင်း ယူကရိန်း စစ်မြေပြင်မှာ ရုရှားဟာ မြောက်ကိုရီးယားလုပ် ဒုံးကျည်တွေကို အသုံးပြုခဲ့ကြောင်း အထောက်အထားတွေ ပိုမိုတိုးပွား တွေ့ရှိလာနေပြီး ပူတင်ရဲ့ ပြုံယမ်း ခရီးစဉ်ကြောင့် အဲဒီအခြေအနေတွေ ပိုထင်ရှား ပီပြင်လာမှာကို စိတ်ပူစရာ ဖြစ်လာခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။