Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရေငုပ်သင်္ဘော တစ်စီးကို နှစ်မြှုပ်ပစ်လိုက်ကြောင်း ယူကရိန်း ထုတ်ပြန်

ရုရှားရေတပ်ရဲ့ ရေငုပ်သင်္ဘော တစ်စီးကို တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားရေတပ်ရဲ့ ရေငုပ်သင်္ဘော တစ်စီးကို တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

Kilo အဆင့်အတန်း သတ်မှတ်ချက်ထဲမှာ ပါဝင်တဲ့ Rostov-on-Don ရေငုပ်သင်္ဘောဟာ ခရိုင်းမီးယား ကျွန်းဆွယ်မှာရှိတဲ့ သင်္ဘောကျင်းတစ်ခုမှာ ရှိနေတဲ့အချိန် ဒုံးကျည်ထိမှန်ခဲ့တယ်လို့ ယူကရိန်းရဲ့ ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ဆီဗက်စ်တိုလ်ပိုမြို့မှာ ရပ်နားထားတဲ့ အဲဒီ ရေငုပ်သင်္ဘောကို ဩဂုတ် ၂ ရက်နေ့တုန်းက နှစ်မြှုပ်ပစ်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ၂၀၁၄ ခုနှစ်တုန်းကမှ တပ်တော်ဝင်ထားတဲ့ ရေငုပ်သင်္ဘောကို ဆုံးရှုံးလိုက်ရကြောင်း သတင်းအပေါ် အတည်ပြုတာမျိုး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ခရိုင်းမီးယား အနှံ့မှာ ဖြန့်ကျက်ထားတဲ့ S-400 လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးစနစ် ၄ ခုကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာပါတယ်။ ခရိုင်းမီးယားဟာ ယူကရိန်းပိုင်နက် နယ်မြေ ဖြစ်ပေမယ့် ၂၀၁၄ ကတည်းက ရုရှားတပ်တွေ တရားမဝင် ကျူးကျော် သိမ်းယူထားတဲ့ ဒေသပါ။

ဗြိတိန် စစ်ထောက်လှမ်းရေး ဌာနက Rostov-on-Donဟာ ဒုံးကျည်တိုက်ခိုက်မှု တစ်ခုဒဏ်ကြောင့် စက်တင်ဘာလ ကတည်းက အကြီးအကျယ် ပျက်စီးခဲ့တဲ့နောက် ဆီဗက်စ်တိုလ်ပိုက သင်္ဘောကျင်းမှာ အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

Rostov-on-Donဟာ ရုရှားရဲ့ Kalibr အမျိုးအစား ခရုစ်ဒုံးကျည်တွေ တင်ဆောင် ပတ်ခတ်တဲ့ ရေငုပ်သင်္ဘော လေးစီးထဲမှာ အပါအဝင်ဖြစ်ပြီး ပင်လယ်နက် ရေတပ်မရဲ့ ကွပ်ကဲမှုအောက်မှာ လှုပ်ရှားနေတာပါ။ သင်္ဘောရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၃၀၀ လောက် ရှိမယ်လို့လည်း ခန့်မှန်းရပါတယ်။

Rostov-on-Donရဲ့ နစ်မြုပ်မှုဟာ ရုရှားရေတပ်အတွက် ပင်လယ်နက်နဲ့ ဆက်စပ်ရေပြင်မှာ ယူကရိန်းရဲ့ ခြိမ်းခြောက်မှုတွေအောက်က လွတ်မြောက်စရာ နေရာမရှိကြောင်း နောက်ထပ် ထင်ရှားတဲ့ သက်သေတစ်ခု ဖြစ်စေခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ ကျူးကျော်စစ် စတင်ခဲ့တဲ့နောက်ပိုင်း ရေတပ်ရဲ့ ကြီးမားတဲ့ အဆုံးအရှုံးတချို့ကို ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ယူကရိန်းက ရုရှား စစ်သင်္ဘော အနည်းဆုံး ၁၅ စီးကို နှစ်မြှုပ်ပစ်တာ၊ ဒါမှမဟုတ် အကြီးအကျယ် ထိခိုက်သွားစေတာမျိုး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။ အဲဒီထဲမှာ ပင်လယ်နက် ရေတပ်မရဲ့ အကြီးဆုံး စစ်သင်္ဘော Moskvaလည်း အပါအဝင်ဖြစ်ပြီး စစ်ပွဲစတဲ့နောက် လပိုင်းအတွင်း ယူကရိန်း ဒုံးကျည်ဒဏ်ကြောင့် နစ်မြုပ်ခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ရုရှားရဲ့ ဖျက်ဆီးမှုတွေကြောင့် ယူကရိန်း ရေတပ်ရဲ့ စစ်ရေယာဉ် အားလုံး ဆုံးရှုံးပျက်စီးခဲ့ပြီး အခုအခါ ရေပြင်တိုက်ခိုက်ရေး ကဏ္ဍမှာ ယူကရိန်းက ဒရုန်းတွေကို အဓိက အားကိုးပြီး သုံးစွဲနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook