Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲဝင်မယ့် ဟားရစ်ရဲ့ ဒုတိယ သမ္မတလောင်း နေရာအတွက် ဝဲ့လ်ဇ်ကို ရွေးချယ်

အမေရိကန် ရွေးကောက်ပွဲဝင်မယ့် ကာမာလာ ဟားရစ်က သူ့ရဲ့ ဒုတိယ သမ္မတလောင်း နေရာအတွက် တင်မ်ဝဲ့လ်ဇ်ကို အတည်ပြု ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲဝင်မယ့် ကာမာလာ ဟားရစ်က သူ့ရဲ့ ဒုတိယ သမ္မတလောင်း နေရာအတွက် တင်မ်ဝဲ့လ်ဇ်ကို အတည်ပြု ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ဩဂုတ် ၆ ရက်နေ့တုန်းက ဖီလာဒဲလ်ဖီးယားမြို့မှာ ကျင်းပတဲ့ ဒီမိုကရက်ပါတီ စည်းရုံးရေး အစီအစဉ်မှာ ဟားရစ်ဟာ ဝဲ့လ်ဇ်နဲ့အတူ ပထမဆုံးအကြိမ် အတူတွဲပြီး မဲဆွယ် ဟောပြောသွားခဲ့ပါတယ်။ ဒုတိယ သမ္မတလောင်းအဖြစ် ပထမဆုံး စင်ပေါ်တက် မိန့်ခွန်းပြောတဲ့ အချိန်မှာပဲ ဝဲ့လ်ဇ်က သူတို့နဲ့ ယှဉ်ပြိုင်မယ့် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်နဲ့ ဒုတိယ သမ္မတလောင်း ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့ဟာ အရမ်းကြောင်တောင်တောင် နိုင်လွန်းသူတွေလို့ ထိုးနှက်သွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ကလည်း လက်ရှိ မင်နီဆိုးတား ပြည်နယ် အုပ်ချုပ်ရေးမှူး ဝဲ့လ်ဇ်ဟာ အန္တရာယ် များလွန်းလောက်အောင် လစ်ဘရယ်လ် ကြောင်နေတဲ့ အစွန်းရောက် တစ်ယောက်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲဝင် သမ္မတလောင်းတွေအတွက် မဲဆွယ်ရာမှာ အထူးအရေးကြီးတဲ့ ပါတီစွဲ တိတိကျကျ မရှိတဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ ပင်ဆယ်လ်ဗေးနီးယားမှာ မဲဆွယ်စည်းရုံးတဲ့ နေ့မှာပဲ ဟားရစ်က အသက် ၆၀ အရွယ် ဝဲ့လ်ဇ်ကို သူရွေးချယ်တဲ့ ဒုတိယ သမ္မတလောင်းအဖြစ် ကြေညာ မိတ်ဆက်ခဲ့တာပါ။ ဟားရစ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ထရမ့်ကို စိန်ခေါ်ပြီး ပါတီကိုယ်စားပြု ယှဉ်ပြိုင်ဖို့အတွက် ဒီမိုကရက်တစ် ပါတီတွင်းမှာ လုံလောက်တဲ့ ထောက်ခံမဲကို ရရှိထားပြီး ဖြစ်ပါတယ်။

ပင်ဆယ်လ်ဗေးနီးယားရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဖီလာဒဲလ်ဖီးယားမှာရှိတဲ့ ထောက်ခံသူတွေ စုဝေးနေရာ အားကစားရုံထဲမှာ ဝဲ့လ်ဇ်က ထရမ့်ဟာ ကမ္ဘာကြီးကို နည်းမှန်လမ်းမှန် မြင်လေ့ မရှိသူ တစ်ယောက်လို့ ဝေဖန်သွားခဲ့ပါတယ်။ ထရမ့်ဟာ ပြည်သူတွေကို အမှုထမ်းဖို့ အခြေခံ အကျဆုံး ဦးစားပေး အချက်တွေကိုတောင် မသိကြောင်း၊ ဘာကြောင့်လဲဆိုတော့ ကိုယ်ကျိုးအတွက် ဦးစားပေးနေရတာတွေ များလွန်းလို့ဖြစ်ကြောင်း ဝဲ့လ်ဇ်က ဆိုပါတယ်။

ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီဟာ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း မင်နီဆိုးတားမှာ လူထုကို မဖြစ်မနေ နှာခေါင်းစည်းတပ်ဖို့၊ ကျောင်းတွေနဲ့ လုပ်ငန်းတွေ ပိတ်ထားဖို့ အမိန့်ထုတ်ခဲ့ဖူးတာနဲ့ ပတ်သက်လို့ ဝဲ့လ်ဇ်ကို ဝေဖန် ထိုးနှက်ထားကြသလို ၂၀၂၀ ပြည့်နှစ်တုန်းက Black Lives Matter လှုပ်ရှားမှုရဲ့ အဦးအစ လူထုအုံကြွမှုတွေကို ထိန်းသိမ်းရာမှာ ပြည်နယ် အစောင့်တပ်တွေ ခေါ်ယူဖို့ နှောင့်နှေးခဲ့တာကိုလည်း ဆုံးဖြတ်ချက် မပြတ်သားမှုအဖြစ် လှောင်ပြောင်ခဲ့ဖူးပါတယ်။

လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ အတည်ပြု ကြေညာလိုက်တဲ့နောက် ဒုတိယ သမ္မတဖြစ်သူ ဟားရစ်က သူ့အစား ရွေးကောက်ပွဲ ဝင်ဖို့အတွက် လမ်းပွင့်လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

Facebook