Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူးက နုတ်ထွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ကြေညာ

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူဟာ စက်တင်ဘာလကျရင် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ရုတ်တရက် ကြေညာခဲ့ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူဟာ စက်တင်ဘာလကျရင် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ရုတ်တရက် ကြေညာခဲ့ပါတယ်။

အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)က နောက်လထဲမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ပါတီခေါင်းဆောင်နေရာ ရွေးကောက်ပွဲမှာ သူက ဆက်လက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ကီရှီဒါက ဩဂုတ် ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ပါတီမှာ ခေါင်းဆောင်သစ်တစ်ဦး အစားထိုး တင်မြှောက်တော့မှာဖြစ်ပြီး တစ်နည်းအားဖြင့် ဂျပန်ဟာ ဝန်ကြီးချုပ်သစ် တစ်ဦးကို တွေ့မြင်လာရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Public Service Announcement

Public Service Announcement

တိုကျိုမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာတော့ ကီရှီဒါက အခုအချိန်ဟာ LDPရဲ့ ခေါင်းဆောင်မှု နေရာကို အပြောင်းအလဲ လုပ်ဖို့ သင့်တော်တဲ့ ကာလမျိုးဖြစ်ကြောင်း၊ ပါတီက တင်မြှောက်တဲ့ ခေါင်းဆောင်သစ် ဘယ်သူဖြစ်ဖြစ် သူကတော့ အားပေး ထောက်ခံသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အရေးကြီးတဲ့ အချက်က ပါတီတွင်း ရွေးကောက်ပွဲမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေ လိုအပ်ပြီး LDPရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဦးတည်ချက်တွေ ပြောင်းလဲ နေတယ် ဆိုတာကို လူထုဆီ ထင်သာမြင်သာ ချပြဖို့ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

သူဟာ အခုကြေညာချက်ကို မထုတ်ပြန်ခင် ကတည်းက ပါတီရဲ့ အကြီးအကဲပိုင်းတွေဆီ ရွေးကောက်ပွဲ ဆက်မဝင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို အသိပေးထားခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ကီရှီဒါဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းက သက်တမ်း ၃ နှစ်စာအတွက် ပါတီဥက္ကဋ္ဌ ရာထူးမှာ ရွေးကောက် တင်မြှောက် ခံခဲ့ရပြီး သိပ်မကြာခင်မှာပဲ အထွေထွေ ရွေးကောက်ပွဲကြီးကို အနိုင်ရလို့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း LDPရဲ့ ထိပ်ပိုင်း အရာရှိ တချို့မှာ အဂတိ လိုက်စားမှု ပြဿနာတွေနဲ့ ဆက်စပ်ပြီး သူ့အပေါ် လူထုထောက်ခံနှုန်းက ဆိုးဆိုးရွားရွား ကျဆင်းလာခဲ့ပါတယ်။

ဒါတင် မကသေးဘဲ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုနဲ့ ဆက်နွှယ်ပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုရဲ့ အရှုပ်တော်ပုံကလည်း အစိုးရ အဖွဲ့ဝင်တွေနဲ့ ပတ်သက်ရှုပ်ထွေးလာပြီး အခြေအနေတွေ ပိုဆိုးခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ လွှတ်တော်ထဲမှာ LDPဟာ အမတ်နေရာ အများဆုံးကို ပိုင်ဆိုင်ထားတာကြောင့် ပါတီ ဥက္ကဋ္ဌသစ်ဟာ ဂျပန်ဝန်ကြီးချုပ် နေရာကို အလိုအလျောက် ရရှိမယ့် သဘောလည်း ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။