Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆင်နှာမောင်းတွေကြောင့် ဆစ္စလီ ကမ်းလွန်မှာ ဇိမ်ခံရွက်လှေ နစ်မြုပ်ပြီး ၆ ဦးပျောက်ဆုံးနေ

အီတလီနိုင်ငံ၊ ဆစ္စလီကျွန်းမှာ ရုတ်တရက် လေဆင်နှာမောင်းတွေ တိုက်ခတ်မှုကြောင့် ဇိမ်ခံရွက်လှေ နစ်မြုပ်ပြီး ဗြိတိသျှ နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦး အပါအဝင် လူ ၆ ဦး ပျောက်ဆုံးနေပါတယ်။

အီတလီနိုင်ငံ၊ ဆစ္စလီကျွန်းမှာ ရုတ်တရက် လေဆင်နှာမောင်းတွေ တိုက်ခတ်မှုကြောင့် ဇိမ်ခံရွက်လှေ နစ်မြုပ်ပြီး ဗြိတိသျှ နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦး အပါအဝင် လူ ၆ ဦး ပျောက်ဆုံးနေပါတယ်။

ဩဂုတ် ၁၉ ရက်နေ့ မနက်အစောပိုင်းက အီတလီ ကမ်းလွန်မှာ ရွက်လှေ နစ်မြုပ်မှုကြောင့် အနည်းဆုံး ၁ ဦးသေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေကြောင်း၊ ပျောက်ဆုံးနေတဲ့ထဲမှာ နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး မိုက်ခ်လင့်ချ်နဲ့ ၁၈ နှစ်အရွယ် သမီးဖြစ်သူတို့လည်း ပါဝင်ကြောင်း အီတလီ ကမ်းခြေစောင့်တပ်က ကြေညာခဲ့ပါတယ်။

၁၈၃ ပေ ရှည်လျားတဲ့ ရွက်လှေပေါ်မှာ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံသားတွေ စုစုပေါင်း ၂၂ ဦး စီးနင်းလိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၁ နှစ်သမီး ကလေးငယ် အပါအဝင် ၁၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကမ်းခြေစောင့်တပ်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပျောက်ဆုံးနေသူတွေကို ညလုံးပေါက် ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ Bayesianလို့ နာမည်ပေးထားတဲ့ ရွက်လှေဟာ waterspoutလို့ခေါ်တဲ့ ပင်လယ်ရေ မျက်နှာပြင်ပေါ် လေဆင်နှာမောင်းတွေ ဖြစ်ပေါ်စေတဲ့ မုန်တိုင်းနဲ့ ရင်ဆိုင်တွေ့ရင်း အဖြစ်ဆိုး ကြုံခဲ့ရတာပါ။

အသက် ၅၉ နှစ်အရွယ် လင့်ချ်ဟာ ဗြိတိန်ရဲ့ ဘီလ်ဂိတ်စ်လို့ တင်စားခံရသူဖြစ်ပြီး ၂၀၁၁ တုန်းက HPက ဒေါ်လာ ၁၁ ဘီလီယံနဲ့ ဝယ်ယူသွားခဲ့တဲ့ Software ကုမ္ပဏီ Autonomyကို ပူးတွဲ ထူထောင်ခဲ့သူ ဖြစ်ပါတယ်။

လောလောဆယ်တော့ ကမ်းခြေစောင့်တပ်ရဲ့ ရေငုပ်သမားတွေဟာ ရေအနက် မီတာ ၅၀ လောက်မှာ နစ်မြုပ်နေတဲ့ ရွက်လှေကို ရှာတွေ့ထားပြီး လှေထဲမှာ ပျောက်ဆုံးနေသူတွေ ပိတ်မိနေမလား ဆိုတာကို လိုက်လံ ရှာဖွေနေပါတယ်။

ကယ်ဆယ်ရရှိသူတွေ အားလုံးဟာ အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမယ့် အလွန်အကျွံ နွမ်းနယ်နေပြီး ပျောက်ဆုံးသူတွေအကြောင်း တတွတ်တွတ် မေးနေခဲ့တယ်လို့ ပါလာမို မြို့မှာရှိတဲ့ ဒီခရစ္စတီနာ ဆေးရုံရဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။ အခု ရွက်လှေ အပျော်ခရီးစဉ်ဟာ လင့်ချ်အတွက် ရည်ရွယ်ပြီး လုပ်ဖော်ကိုင်ဖက်တွေက စုပေါင်း စီစဉ်ပေးခဲ့တာလို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်ဆိပ်ကမ်း၌ ဇူလိုင် ၂၃ရက်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့်သဗ္ဗာန်နစ်မြုပ်သည့်ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူ သုံးဦးအနက် နှစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့ထားသည်။

သတင်း

ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေဆင်နှာမောင်းတိုက်၍ ကွန်တိန်နာယာဥ်အချို့တိမ်မှောက်ပျက်စီးခဲ့သည်။