Connect with us

Hi, what are you looking for?

သတင်း

လေဆင်နှာမောင်းကြောင့်မှောက်သွားသည့် သဗ္ဗာန်ယာဉ်မှ သုံးဦး ရှာမတွေ့သေး

ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ​လေဆင်နှာ​မောင်းတိုက်ခတ်အပြီးမြင်ကွင်း။ဓါတ်ပုံ-CJ

ဇူလိုင်-၂၄၊၂၀၂၅။တေဇ/People’s Spring

ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနက်ကဖြစ်တာ ။ မတွေ့သေးဘူးလို့တော့ ပြောတယ်။ သုံးယောက်ပျောက်နေတယ်တဲ့”ဟု ယင်းဒေသခံက ပြောသည်။

ဇူလိုင် ၂၄ ရက်နံနက် ၇ နာရီခွဲခန့်တွင် ဒလမြို့နယ် သမ္မတကမ်းခြေသဗ္ဗာန်ဆိပ်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ လူဦးရေ ၁၀ဦးလိုက်ပါလာသော သဗ္ဗာန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သဗ္ဗာန်မောင်းသူအပါအဝင် သုံးဦး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

လေဆင်နှာမောင်းကြောင့် ဗိုလ်တထောင်မြို့နယ်၌ ကွန်တိန်နာယာဉ်အချို့ပျက်စီးမှုရှိပြီး မြို့နယ်အများစုက သစ်ပင်များလဲကျမှုရှိကြောင်း ဒေသခံများက ပြောသည်။

“ဒလမှာတော့ သစ်ပင်တွေလဲလို့ မီးတွေ နှစ်ရက်ပျက်မယ်တဲ့။ “ဟု ဒလမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

တောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ( Wipha) အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစုတွင် ယခုရက်ပိုင်းမိုးကြီးနိုင်သည့်အပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ် တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များသတိပြုရန် အမျိုးသားညီ

ညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန် ကြီးဌာန (MOHADM)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ ဒီနေ့ည ၇နာရီဝန်းကျင်မှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူနေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။။

သတင်း

ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် လူ ၃ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်ဆိပ်ကမ်း၌ ဇူလိုင် ၂၃ရက်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့်သဗ္ဗာန်နစ်မြုပ်သည့်ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူ သုံးဦးအနက် နှစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့ထားသည်။

သတင်း

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။