Connect with us

Hi, what are you looking for?

သတင်း

ဥက္ကံမြို့မှာ ​လေဆင်နှာ​မောင်းတိုက်လို့ အိမ် ၃၀ ခန့်ပျက်စီး

ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ ဒီနေ့ည ၇နာရီဝန်းကျင်မှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူနေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။။

(၂၀၂၅ ​မေလက ​ဝေါမြို့နယ်၊​လေးအိမ်စုရွာအနီး​လေဆင်နှာ​မောင်းတိုက်ခတ်စဥ်။ဓါတ်ပုံ-​ဒေသခံ)

ဇူလိုင်-၅၊၂၀၂၆။စိုင်းနောင်/People’s Spring

ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ ဒီနေ့ည ၇နာရီဝန်းကျင်မှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူနေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဥက္ကံမြို့၊ဝက်ကုန်းကျေးရွာမှာဇူလိုင်လ၅ရက်ညဦးပိုင်းမှာလေဆင်နှာမောင်းတိုက်ခတ်တာဖြစ်ပြီး လူနေအိမ် ၃၀ခန့်ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အိမ်တွေ တော်တော်ပျက်စီးတာပါ။ လူထိခိုက်မှုရှိ၊မရှိတော့မသိရသေးဘူး။ မိုးရော လေရော ချတာ။ ဝက်ကုန်းကျေးရွာကတော့ လေဆင်နှာမောင်းဝင်တာ”လို့ ဥက္ကံမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝက်ကုန်းကျေးရွာကို လူမှုကူညီ ရေးအဖွဲ့တွေ ညတွင်းချင်းသွားရောက်နေကြတယ်လို့ သတင်းရရှိပါတယ်။ဇူလိုင်လ ၄ရက်နေ့ညနေကလည်း ဥက္ကံမြို့မှာ လေပြင်းတိုက်ခတ်လို့ လူနေ အိမ်၁၂လုံးပျက်စီးခဲ့ပါတယ်။

ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများအပြားမှာ ဇူလိုင်လဆန်းကတည်းက မိုးကြီးပြီး ဒေသအချို့မှာ လေပြင်းတိုက်ခတ်လို့ ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။

ဇူလိုင် ၄ ရင်နေ့က မိုးသက်လေပြင်းကျရောက်နေစဉ်မှာ တွံတေးတူးမြောင်းအတွင်း စက်‌လှေနှစ်စီးတိုက်မိလို့ တစ်စီးနှစ်မြုပ်ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းထဲကမြို့နယ်ချို့မှာလည်း လေပြင်းကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာဇူလိုင်လ၄ရက်နေ့ကစပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်လို့ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကသတိပေးထားပါတယ်။

မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင်လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်ဆိပ်ကမ်း၌ ဇူလိုင် ၂၃ရက်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့်သဗ္ဗာန်နစ်မြုပ်သည့်ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူ သုံးဦးအနက် နှစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့ထားသည်။

သတင်း

ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေဆင်နှာမောင်းတိုက်၍ ကွန်တိန်နာယာဥ်အချို့တိမ်မှောက်ပျက်စီးခဲ့သည်။