Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်လုပ် တာလတ်ပစ် ဒုံးကျည်စနစ်တွေ ဝယ်ယူဖို့ ဖိလစ်ပိုင် စီစဉ်နေ

ဖိလစ်ပိုင်ဟာ အမေရိကန်လုပ် တာလတ်ပစ် ဒုံးကျည်စနစ်တွေ ဝယ်ယူဖို့ စီစဉ်နေပြီး အဲဒီ အခြေအနေဟာ တရုတ်ကို သေချာပေါက် ဒေါသထွက်လာစေဖွယ် ရှိနေပါတယ်။

ဖိလစ်ပိုင်ဟာ အမေရိကန်လုပ် တာလတ်ပစ် ဒုံးကျည်စနစ်တွေ ဝယ်ယူဖို့ စီစဉ်နေပြီး အဲဒီ အခြေအနေဟာ တရုတ်ကို သေချာပေါက် ဒေါသထွက်လာစေဖွယ် ရှိနေပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုက သူ့နိုင်ငံဟာ တာလတ် ပစ်ခတ်မှု စွမ်းရည် (MRC) ပိုင်ဆိုင်တဲ့ ရွေ့လျား ဒုံးကျည်ပစ်စင်တွေကို အမေရိကန်ဆီက ဝယ်ယူဖို့ စီစဉ်နေကြောင်း Financial Timesနဲ့ အင်တာဗျူးမှာ မှတ်ချက် ပေးခဲ့ပါတယ်။

ဧပြီလတုန်းက နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်တဲ့ အစီအစဉ် တစ်ခုမှာ အမေရိကန်ဟာ အဲဒီ တာလတ်ဒုံးကျည် စနစ်တွေကို ဖိလစ်ပိုင်ဆီ ယူဆောင်လာပြီး ဖြန့်ကျက်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ဒုံးကျည်တွေရဲ့ စွမ်းရည်မျိုး ဖိလစ်ပိုင်မှာလည်း ပိုင်ဆိုင်ဖို့ လိုအပ်တယ်လို့ ယူဆပြီး အမေရိကန်ဆီက ကမ်းလှမ်း ဝယ်ယူဖို့ စဉ်းစားနေတယ်လို့ တီယိုဒိရိုက ပြောပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ဟာ အဲဒီလို လက်နက် စွမ်းရည်မျိုးကို ကာကွယ်ရေး ကဏ္ဍအတွက် ဖြည့်တင်းဝယ်ယူနိုင်ဖို့ အခွင့်အရေး အပြည့်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

တကယ်လို့ ဖိလစ်ပိုင်သာ အဲဒီဒုံးကျည်ပစ်စင်တွေကို ဝယ်ယူမယ်ဆိုရင် ရေပိုင်နက် အငြင်းပွားမှုတွေကြောင့် ဆက်ဆံရေး တင်းမာနေတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံ တရုတ်အတွက်တော့ သေချာပေါက် ဒေါသထွက်လာနိုင်ပါတယ်။

ဧပြီလတုန်းက ဖိလစ်ပိုင်မှာ စစ်ရေးလေ့ကျင့်ရင်း အမေရိကန်က ယူဆောင်လာခဲ့တာဟာTyphon အမျိုးအစား တာလတ်ပစ် ဒုံးကျည်စနစ်တွေ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်မှာ တာလတ်ပစ် နျူကလီးယား တပ်ဖွဲ့များဆိုင်ရာ သဘောတူညီမှု စာချုပ် ပျက်ပြယ်ပြီးနောက်ပိုင်း အမေရိကန်က ပထမဆုံးအကြိမ် ပြည်ပမှာ Typhonတွေကို ဖြန့်ကျက်ခဲ့တာလို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သက်တမ်း ဆက်မတိုးဖြစ်ဘဲ ပျက်ပြယ်သွားခဲ့တဲ့ စာချုပ်ဟာ ရုရှားနဲ့ အမေရိကန်တို့ကို နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်ပြီး ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ ကြား အကွာအဝေးထိ ပျံသန်းနိုင်တဲ့ ဒုံးကျည်စနစ် မှန်သမျှ ဖြန့်ကျက်ခွင့်ကနေ တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ စစ်ရေးလေ့ကျင့်မှု အပြီးကတည်းက အမေရိကန်ရဲ့ Typhon စနစ်တွေဟာ ဖိလစ်ပိုင်မှာ ဆက်ရှိနေဆဲလို့ ဆိုပါတယ်။ တရုတ်ကတော့ ဖိလစ်ပိုင်မှာ အမေရိကန်က အဲဒီလက်နက်တွေ ထားရှိခြင်းကို အပြင်းအထန် ဝေဖန်ခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှုကို ပျက်စီးစေမယ့် ရန်စတဲ့ လုပ်ရပ်မျိုးလို့ စွပ်စွဲခဲ့ပါတယ်။

ဒီအတောအတွင်း ဖိလစ်ပိုင် စစ်တပ်ဟာ အဲဒီ လက်နက် စနစ်တွေကို ကိုင်တွယ်ပုံ၊ ပစ်ခတ်ပုံတွေကို လေ့လာသင်ယူ လေ့ကျင့်နေကြောင်းလည်း ဖိလစ်ပိုင် စစ်တပ် ပြောရေးဆိုခွင့်ရ အမျိုးသမီး မာဂရက်သာ ပက်ဒီလာက ပြောပါတယ်။ အကြောင်းကတော့ နောင်တစ်ချိန်မှာ ဖိလစ်ပိုင်ဟာ အဲဒီ လက်နက် စနစ်တွေကို ဝယ်ယူဖို့ ရည်ရွယ်ထားတာကြောင့်လို့လည်း သူက ရှင်းပြထားခဲ့ပါတယ်။

ကိုးကား: Financial Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။