Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကို နုတ်ထွက်ပေးဖို့ အတိုက်အခံ အင်အားစုတွေတောင်းဆို၊ လက်မခံရင် လွှတ်တော် မဲခွဲမှုနဲ့ ဖယ်ရှားနိုင်ဖို့ ကြိုးစားမယ်လို့ပြော

အတိုက်အခံ ဒီမိုကရက်တစ် ပါတီက တခြားပါတီငယ်တွေကိုပါ စည်းရုံးနိုင်မယ်ဆိုရင် အမတ်နေရာ ၁၉၂ ခုစာ မဲတွေကို ရရှိထားမှာ ဖြစ်ပါတယ်။

(ဆိုးလ်မြို့တွင် ​တောင်ကိုရီးယားပြည်သူ​တွေ ဒီဇင်ဘာ ၄ ရက်မှာ သမ္မတ နှုတ်ထွက်​ပေးဖို့ ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ- Getty Images)
(ဆိုးလ်မြို့တွင် ​တောင်ကိုရီးယားပြည်သူ​တွေ ဒီဇင်ဘာ ၄ ရက်မှာ သမ္မတ နှုတ်ထွက်​ပေးဖို့ ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ- Getty Images)

▪︎သမ္မတနှုတ်ထွက်​ပေးဖို့ ပြည်သူ​တွေ ဆန္ဒပြ

-People’s Spring

ရုတ်တရက် ဆန်လွန်းတဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခဲ့တဲ့ နောက်ဆက်တွဲ အခြေအနေအဖြစ် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောလ်ဟာ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ စတင် ကြုံတွေ့နေရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ ယွန်က မြောက်ကိုရီးယားနဲ့ ဆက်နွှယ် ပတ်သက်မှု ရှိသူတွေ၊ နိုင်ငံကို ဖျက်လိုဖျက်ဆီး လုပ်လိုသူတွေ ရန်ကနေ ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအဖြစ် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာကြောင်း မိန့်ခွန်းပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ တခဲနက် ဆန့်ကျင်မှု၊ လွှတ်တော် အမတ်တွေက အရေးပေါ် လွှတ်တော် ခေါ်ယူပြီး သမ္မတရဲ့ အမိန့်ကို ပယ်ဖျက်ဖို့ မဲပေး ဆုံးဖြတ်မှုတွေကြောင့် ၆ နာရီ အကြာမှာ သမ္မတဟာ သူ့ရဲ့ အမိန့်ကို ပယ်ဖျက်ခဲ့ရပါတယ်။

(ဆိုးလ်မြို့တွင် ​တောင်ကိုရီးယားပြည်သူ​တွေ ဒီဇင်ဘာ ၄ ရက်မှာ သမ္မတ နှုတ်ထွက်​ပေးဖို့ ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ- Getty Images)
(ဆိုးလ်မြို့တွင် ​တောင်ကိုရီးယားပြည်သူ​တွေ ဒီဇင်ဘာ ၄ ရက်မှာ သမ္မတ နှုတ်ထွက်​ပေးဖို့ ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ- Getty Images)

ဒါဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ် စစ်အုပ်ချုပ်ရေး ကြေညာမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နိုင်ငံရေး သုတေသီတွေကတော့ ယွန်ဟာ နိုင်ငံကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ အင်အားစုတွေကို တန်ပြန်ဖို့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတယ်လို့ ပြောခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ လွှတ်တော်ကို အတိုက်အခံ အင်အားစုတွေက ထိန်းချုပ်ထားပြီး သူ့အစိုးရ အဖွဲ့ရဲ့ မူဝါဒတွေ အကောင်အထည်မှု မှန်သမျှ နှောင့်ယှက် ဟန့်တား ခံနေရလို့ ထွက်ပေါက်ရှာခဲ့တာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး တောင်ကိုရီးယားလို နိုင်ငံမျိုးမှာ ရုတ်တရက် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘောင်ကျော်တဲ့ အာဏာသိမ်းမှု ဆန်ဆန် ဖြစ်ခဲ့ပြီး သမ္မတယွန်ဟာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေး သေကြောင်းကြံစည်မှုထဲ တွန်းပို့လိုက်သလိုပဲဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

(ဆိုးလ်မြို့တွင် ​တောင်ကိုရီးယားပြည်သူ​တွေ ဒီဇင်ဘာ ၄ ရက်မှာ သမ္မတ နှုတ်ထွက်​ပေးဖို့ ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ- Getty Images)
(ဆိုးလ်မြို့တွင် ​တောင်ကိုရီးယားပြည်သူ​တွေ ဒီဇင်ဘာ ၄ ရက်မှာ သမ္မတ နှုတ်ထွက်​ပေးဖို့ ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ- Getty Images)

ရွေးကောက်ခံအမတ် ၃၀၀ ရှိတဲ့ လွှတ်တော်ထဲမှာ အမတ်နေရာ ၁၇၀ ကို ထိန်းချုပ်ထားတဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ယွန်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ အဲဒါကိုမှ ယွန်က လက်မခံဘူးဆိုရင် သမ္မတဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်တဲ့၊ မူမှန်မဟုတ်တဲ့ နည်းလမ်းမျိုးနဲ့ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့တဲ့အတွက် သမ္မတအပေါ် စွပ်စွဲ အပြစ်တင်ရေး အဆိုကို လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ယွန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံကို ဆိုးဆိုးရွားရွား ပုန်ကန်မှုလို့တောင် သတ်မှတ်နိုင်ပြီး စွပ်စွဲ အပြစ်တင်ရေး အဆိုတင်ဖို့ လုံလောက်တယ်လို့လည်း ဒီမိုကရက် ပါတီက ပြောပါတယ်။

ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး သူကိုယ်စားပြုတဲ့ အာဏာရ ပြည်သူ့စွမ်းအား ပါတီကပါ ဆန့်ကျင်ခဲ့ပါတယ်။ တကယ်လို့ ယွန်က အတိုက်အခံတွေ တောင်းဆိုတဲ့ ရာထူးက နုတ်ထွက်ပေးရေး ကိစ္စကို လက်မခံဘဲ သူ့ကို လွှတ်တော်မှာ စွပ်စွဲ အပြစ်တင်ဖို့ အဆိုတင်တဲ့ အဆင့်ထိ ရောက်လာရင် ပြည်သူ့စွမ်းအား ပါတီက ဘယ်လို ရပ်တည်မလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

(ဆိုးလ်မြို့တွင် ​တောင်ကိုရီးယားပြည်သူ​တွေ ဒီဇင်ဘာ ၄ ရက်မှာ သမ္မတ နှုတ်ထွက်​ပေးဖို့ ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ- Getty Images)
(ဆိုးလ်မြို့တွင် ​တောင်ကိုရီးယားပြည်သူ​တွေ ဒီဇင်ဘာ ၄ ရက်မှာ သမ္မတ နှုတ်ထွက်​ပေးဖို့ ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ- Getty Images)

ပြည်သူ့စွမ်းအား ပါတီဟာ လွှတ်တော်ထဲမှာ အမတ်နေရာ ၁၀၈ ဦးကို ပိုင်ဆိုင်ထားပါတယ်။ တကယ်လို့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက တခြားပါတီငယ်တွေကိုပါ စည်းရုံးနိုင်မယ်ဆိုရင် အမတ်နေရာ ၁၉၂ ခုစာ မဲတွေကို ရရှိထားမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတကို ဖယ်ရှားဖို့အထိ တရားဝင် စွပ်စွဲအရေးယူမှုမျိုး အထမြောက်စေဖို့ လွှတ်တော် အမတ် အားလုံးရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမှု လိုအပ်ပါတယ်။ ဒါကြောင့် ယွန်ရဲ့ ပြည်သူ့စွမ်းအား ပါတီဝင် အမတ်တွေထဲက အနည်းဆုံး ၈ ဦးဟာ သူ့ကို ဖယ်ရှားသင့်ကြောင်း ထောက်ခံရမယ့် သဘောပါ။ တကယ်လို့ လွှတ်တော်က အဲဒီအဆင့်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့မယ် ဆိုရင်တောင် သမ္မတကို ဖယ်ရှားသင့်တယ် ဆိုတာကို တရားရုံးချုပ် တရားသူကြီး ၉ ယောက်ထဲက ၆ ယောက်က လွှတ်တော်ရဲ့ မဲခွဲရလဒ်ကို အတည်ပြု လက်ခံပေးဖို့ လိုပါတယ်။

ယွန်ဟာ အစောပိုင်း ကတည်းက ပြည်တွင်းမှာ လူကြိုက်များမှု ကျဆင်းတဲ့ အခြေအနေကို ရုန်းကန် ဖြတ်သန်းနေရပြီး အခုအခါမှာတော့ တော်တော်ကြီး ဆိုးရွားတဲ့ အနေအထားကို ရောက်သွားပါတယ်။ တကယ်လို့ လွှတ်တော်မှာ စွပ်စွဲအရေးယူမှုမျိုးနဲ့ ရာထူးက ထုတ်ပယ် ခံရမယ် ဆိုရင်တော့ သူဟာ တောင်ကိုရီးယားမှာ ဒီမိုကရေစီစနစ် စတင် ကျင့်သုံးချိန်တလျှောက် အဲဒီလို အခြေအနေ ကြုံရတဲ့ ဒုတိယ သမ္မတအဖြစ် မှတ်တမ်းဆိုး ဝင်လာပါလိမ့်မယ်။

လွှတ်တော်ရဲ့ စွပ်စွဲအပြစ်တင်မှုကြောင့် ရာထူးက ထုတ်ပယ်ခံရဖူးတဲ့ ပထမဆုံး တောင်ကိုရီးယား သမ္မတဟာ ပက်ခ်ဂွမ်ဟေးဖြစ်ပြီး ၂၀၁၇ မှာ ဖယ်ရှားခံခဲ့ရတာပါ။ အဲဒီတုန်းက ပက်ခ်ရဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေကို စုံစမ်းစစ်ဆေးရာမှာ ယွန်ဟာ တရားလို ရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့ကြောင်း သိရပါတယ်။

အခုဆိုရင် ​တောင်ကိုရီးယားပြည်သူ​တွေကပါသမ္မတကို နှုတ်ထွက်​ပေးဖို့ မြို့​တော် ဆိုးလ် မှာ ဆန္ဒပြ​နေကြပြီဖြစ်ပါတယ်။ သမ္မတရာထူးက ဆင်း​ပေးဖို့ ၊ ဒီမိုက​​ရေစီစနစ်ကို ပြန်အသက်သွင်းဖို့ စတဲ့​ကြွေး​ကြော်သံ​တွေနဲ့ ဆန္ဒပြ​နေကြတာဖြစ်ပါတယ်။

ကိုးကား-Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရတာကြောင့် လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပေမယ့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိသွားပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံ၊ ဆောင်နမ်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ ရုံးစိုက်ရာ အဆောက်အအုံကြီးတစ်ခု မီးအပြင်းအထန် လောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ရာဂဏန်းလောက်ကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

ပျက်ကျခဲ့တဲ့ ဂျယ်ဂျူ လေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ ကိရိယာ black boxတွေကနေ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန်ဆီ ပို့ဆောင်ပြီး စုံစမ်း စစ်ဆေးစေမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို တောင်ကိုရီးယား တရားရုံးတစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။