Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားမှာရှိတဲ့ ဓာတုလက်နက်နဲ့ ဒုံးကျည်သိုလှောင်ရုံလို့ ယူဆရတဲ့ နေရာတွေကို အစ္စရေး ဗုံးကြဲပြီး ဖျက်ဆီး

ဓာတုလက်နက်တွေနဲ့ ဒုံးကျည်တွေ သိုမှီးထားတယ်လို့ ယုံကြည်ရတဲ့ ဆီးရီးယား စစ်ရေးပစ်မှတ် နေရာတွေကို လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က အတည်ပြုခဲ့ပါတယ်။

ဓာတုလက်နက်တွေနဲ့ ဒုံးကျည်တွေ သိုမှီးထားတယ်လို့ ယုံကြည်ရတဲ့ ဆီးရီးယား စစ်ရေးပစ်မှတ် နေရာတွေကို လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က အတည်ပြုခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေက မြို့တော် ဒမတ်စကက်ထိ ချီတက်ခဲ့တဲ့နောက် ဒီဇင်ဘာ ၈ ရက်နေ့မှာ သမ္မတ ဘာရှာ အယ်လ်အာဆတ်က ရုရှားနိုင်ငံဆီ ထွက်ပြေးသွားခြင်းနဲ့အတူ ဆီးရီးယား အစိုးရ ပြိုကျသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီနောက် ဆီးရီးယားမှာ ကြွင်းကျန်နေတဲ့ ဖျက်အားပြင်း စစ်လက်နက်တွေဟာ အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်ထဲ ရောက်ရှိသွားမှာကို စိုးရိမ်တဲ့အတွက် IDFက လက်ဦးမှုယူ တိုက်ခိုက် ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားက အန္တရာယ် ကြီးမားလှတဲ့ စစ်လက်နက်တွေကို အစွန်းရောက်ဝါဒီတွေ လက်ထဲ ရောက်သွားတာမျိုး ခွင့်မပြုနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေအတွင်း ဆီးရီးယား နိုင်ငံအနှံ့က စစ်ရေးပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆားက အခုလို အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေထဲမှာ ဒမတ်စကက် မြို့တော်နားက အီရန် ပညာရှင်တွေ အခြေစိုက်ပြီး ဒုံးကျည် နည်းပညာတွေ အဆင့်မြှင့် သုတေသနပြုနေတဲ့ အဆောက်အအုံ တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR)ကလည်း အစ္စရေးဟာ ဆီးရီးယားရဲ့ ကမ်းရိုးတန်း ဧရိယာတွေနဲ့ နိုင်ငံတောင်ပိုင်း နယ်မြေတချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အစ္စရေးသာ မကဘဲ အမေရိကန်ဟာလည်း ဆီးရီးယား အစိုးရ ပြိုကျချိန်မှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က အခွင့်ကောင်းယူပြီး အင်အားစုရုံး ခေါင်းထောင်လာမှာကို စိုးရိမ်တဲ့အတွက် ဒီဇင်ဘာ ၈ ရက် တစ်နေ့တည်းမှာတင် ဆီးရီးယား နိုင်ငံအနှံ့က အိုင်အက်စ် စစ်ရေးပစ်မှတ်ပေါင်း ၇၅ ခုထက်မနည်းကို ဗုံးကြဲခဲ့ကြောင်း သိရှိရပါတယ်။

ကိုးကား BBC

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။