Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတကို စွပ်စွဲ ပြစ်တင်မှုအဆိုတောင်ကိုရီးယား လွှတ်တော် မဲခွဲအတည်ပြု

တောင်ကိုရီးမှာ ၂၀၁၇ ခုနှစ်တုန်းကလည်း သမ္မတ ပက်ခ်ဂွမ်ဟေးဟာ အဂတိ လိုက်စားမှု စွပ်စွဲချက် အရှုပ်အထွေးတွေကြောင့် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

သမ္မတကို စွပ်စွဲ ပြစ်တင်မှုအဆိုတောင်ကိုရီးယား လွှတ်တော် မဲခွဲအတည်ပြု
သမ္မတကို စွပ်စွဲ ပြစ်တင်မှုအဆိုတောင်ကိုရီးယား လွှတ်တော် မဲခွဲအတည်ပြု

●သမ္မတကို ရာထူးကနေ ဆိုင်းငံ့

People’s Spring

လွှတ်တော်မှာ စွပ်စွဲ ပြစ်တင်မှု အဆို အထမြောက်သွားတဲ့နောက် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ရာထူးကနေ ဆိုင်းငံ့ ခံထားရပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက တစ်ကမ္ဘာလုံးကို အံ့ဩ မင်သက်သွားစေခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို ယွန်က ရုတ်တရက် ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး အတိုက်အခံ အင်အားစုတွေ ဦးဆောင်တဲ့ စွပ်စွဲပြစ်တင်မှု အဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

ပထမအကြိမ် အဆိုတုန်းက အာဏာရ ပါတီရဲ့ ပူးပေါင်းမှု မရှိတဲ့အတွက် လွှတ်တော်အမတ် ၃၀၀ ထဲက လိုအပ်တဲ့ မဲအရေအတွက် ၂၀၀ ပြည့်မီအောင် မရခဲ့ဘဲ အဆို အထမမြောက်ခဲ့ပါဘူး။ ဒုတိယအကြိမ် အဆိုတင်မှုကိုတော့ ဒီဇင်ဘာ ၁၄ ရက်မှာ မဲခွဲခဲ့ပြီး အာဏာရ ပြည်သူ့စွမ်းအားပါတီ (PPP) အမတ်တချို့ကပါ ထောက်ခံမဲ ပေးခဲ့တာကြောင့် ၂၀၄ မဲ၊ ၈၅ မဲနဲ့ အဆိုအောင်မြင်သွားခဲ့ပါတယ်။ အမတ် ၃ ဦးက ကြားနေခဲ့ပြီး ၈ မဲကတော့ ပယ်မဲဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဦးဆောင်တဲ့ အင်အားစုတွေက ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ နိုင်ငံကို ထိခိုက်ပျက်စီးရာ ရောက်စေတယ်လို့ သတ်မှတ်နိုင်ကြောင်း ပြောကြားပြီး စွပ်စွဲပြစ်တင်မှု အဆိုကို တင်သွင်းခဲ့တာပါ။

လွှတ်တော် မဲခွဲမှုအရ အဆို အထမြောက်သွားပြီ ဖြစ်တာကြောင့် ယွန်ဟာ သမ္မတ ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေကနေ ချက်ချင်း ဆိုင်းငံ့ခံထားရတော့မှာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ် ရက်ပေါင်း ၁၈၀ အတွင်းမှာ အခြေခံ ဥပဒေ ခုံရုံးက ယွန်ကို ရာထူးကနေ ထုတ်ပယ်ဖို့ သင့်မသင့် စိစစ် ဆုံးဖြတ်မှာဖြစ်ပြီး ယွန်သာ ထုတ်ပယ်ခံရရင် နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပစေမှာပါ။ သမ္မတကို ရာထူးတာဝန်ကနေ ဆိုင်းငံ့ထားချိန် အတောအတွင်း ဝန်ကြီးချုပ် ဟန်ဒက်ဆူက အစိုးရ ယန္တရား လည်ပတ်ရေးကို ဦးဆောင်နေမှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂကတော့ လက်ရှိ တောင်ကိုရီးယားမှာ ကြုံနေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်ကလည်း မဟာမိတ် တောင်ကိုရီးယားရဲ့ လက်ရှိ အခြေအနေတွေကို လေ့လာ စောင့်ကြည့်နေကြောင်းနဲ့ တောင်ကိုရီးယားအပေါ် ကူညီကာကွယ်ဖို့ ကတိကဝတ်ကို အခိုင်အမာ စောင့်ထိန်းမှာဖြစ်ကြောင်း ပြောပါတယ်။

ယွန်ဟာ အစောပိုင်းတုန်းက သူ့အပေါ် စွပ်စွဲပြစ်တင်မှု မဲခွဲဆုံးဖြတ်တာဖြစ်စေ၊ ဥပဒေကြောင်းအရ အရေးယူတာတွေဖြစ်စေ ကြုံလာသမျှကို အဆုံးထိ ရင်ဆိုင် တိုက်ပွဲဝင်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။ သူက လွှတ်တော်ကို ကြီးစိုးထားတဲ့ အတိုက်အခံတွေက အစိုးရ အုပ်ချုပ်ရေး ယန္တရား မှန်သမျှကို နှောင့်ယှက်ပြီး နိုင်ငံကို ထိခိုက်လာစေတာကြောင့် အဲဒီ အမိန့် ကြေညာခြင်းဟာ အမှန်တကယ် လိုအပ်တဲ့ ရွေးချယ်မှု ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တောင်ကိုရီးမှာ ၂၀၁၇ ခုနှစ်တုန်းကလည်း သမ္မတ ပက်ခ်ဂွမ်ဟေးဟာ အဂတိ လိုက်စားမှု စွပ်စွဲချက် အရှုပ်အထွေးတွေကြောင့် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ ပက်ခ်ဟာ ထောင်ပါ ကျခဲ့ပြီး အခုတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: NPR

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကို စွပ်စွဲပြစ်တင်မှု နောက်ဆက်တွဲ တရားခွင် ပထမဆုံး ရုံးချိန်းဟာ သမ္မတက မတက်ရောက်တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရတာကြောင့် လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပေမယ့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိသွားပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံ၊ ဆောင်နမ်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ ရုံးစိုက်ရာ အဆောက်အအုံကြီးတစ်ခု မီးအပြင်းအထန် လောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ရာဂဏန်းလောက်ကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

ပျက်ကျခဲ့တဲ့ ဂျယ်ဂျူ လေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ ကိရိယာ black boxတွေကနေ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန်ဆီ ပို့ဆောင်ပြီး စုံစမ်း စစ်ဆေးစေမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Facebook