Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အပစ်ရပ်ထားတဲ့အချိန် အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးစစ်တပ် စီးနင်းမှုတွေ အရှိန်မြှင့်

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကြောင့် ဂါဇာ ကမ်းမြှောင်ဒေသမှာ အခြေအနေ ငြိမ်သက်နေပေမယ့် နောက်ထပ် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးစစ်တပ် (IDF)က ကြမ်းတမ်းတဲ့ စီးနင်းရှာဖွေမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကြောင့် ဂါဇာ ကမ်းမြှောင်ဒေသမှာ အခြေအနေ ငြိမ်သက်နေပေမယ့် နောက်ထပ် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးစစ်တပ် (IDF)က ကြမ်းတမ်းတဲ့ စီးနင်းရှာဖွေမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က ပါလက်စတိုင်း နယ်မြေ ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်ခဲ့ပြီး ၁၅ လကြာ စစ်ပွဲက ရပ်တန့်နေခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ IDFရဲ့ အာရုံက အနောက်ဖက် ကမ်းခြေ ဒေသဆီ ပစ်မှတ် ပြောင်းလာခဲ့တာပါ။

အစ္စရေး ထိန်းချုပ်ထားရာ အနောက်ဖက် ကမ်းခြေဒေသထဲက ဂျီနင်မြို့မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို IDFက စစ်ဆင်ရေး အသွင်နဲ့ စီးနင်းမှုတွေ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပေါက်ကွဲသံနေတွေ၊ ပစ်ခတ်သံတွေ ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ကြားပါတယ်။ အဲဒီ အခြေအနေကြောင့် ဂျီနင်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ လူတွေ ထောင်နဲ့ချီ အထိတ်တလန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ ၁၂ ဦးလောက် သေဆုံးခဲ့ပြီးပြီလို့ ဆိုပါတယ်။

IDFကတော့ ဂျီနင်မှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေ ဆိုတာဟာ ဒုက္ခသည် စခန်းတွေထဲမှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သမား စစ်သွေးကြွတွေကို ရှင်းလင်းဖို့ ရည်ရွယ်ထားတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂျူရတ်အယ်လ် ဒါဟက်ဘ် ရပ်ကွက် ဒုက္ခသည် စခန်းကနေ ထွက်ပြေးလာတဲ့ အသက် ၆၅ နှစ်အရွယ် ပါလက်စတိုင်း ဒုက္ခသည် တစ်ယောက်ကတော့ အစ္စရေး စစ်သားတွေဟာ အရပ်သားတွေကို နှင်ထုတ်ခဲ့ကြကြောင်း၊ စခန်းထဲကို ဘူဒိုဇာ ၁၂ စီး မောင်းဝင်လာတာကိုလည်း တွေ့မြင်ခဲ့ကြောင်း၊ စစ်သားတွေဟာ စခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်မှာ စိုးရိမ်ရကြောင်း ပြောကြားခဲ့ပါတယ်။

IDFဟာ အနောက်ဖက် ကမ်းခြေဒေသမှာ လုပ်ဆောင်နေတဲ့ လက်ရှိ စီးနင်းမှုတွေကို Iron Wall စစ်ဆင်ရေးလို့ ကုဒ်နာမည် ပေးထားပြီး အဓိက ရည်ရွယ်ချက်ဟာ အကြမ်းဖက်သမားတွေက အင်အားပြန်စုစည်းပြီး အစ္စရေး ပြည်သူတွေကို တိုက်ခိုက်လာတာမျိုး မလုပ်နိုင်အောင် ကြိုတင် တားဆီးဖို့ ဖြစ်တယ်လို့ IDF ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ဗိုလ်မှူးကြီး နာဒက်ဗ် ရှိုရှာနီက ပြောပါတယ်။

ဂျီနင် အုပ်ချုပ်ရေးမှူး ကာမဲလ် အဘူ အယ်လ်ရူဘ်က ဒုက္ခသည် ရာနဲ့ချီပြီး စခန်းတွေကို စွန့်ခွာခဲ့ရကြောင်း AFPဆီ မှတ်ချက်ပေးခဲ့ပါတယ်။ အစ္စရေး ရေဒီယို သတင်းဌာန တစ်ခုကတော့ ဂျီနင်ကနေ ဒုက္ခသည် ၂၀၀၀ လောက် ထွက်ခွာပြီး ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး သူတို့တွေ နေရာကနေ တိမ်းရှောင်ပေးဖို့ IDFက ဒရုန်းနဲ့ စစ်ကားတွေမှာ တင်ဆင်ထားတဲ့ လော်စပီကာတွေကနေတဆင့် ညွှန်ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်း သတင်းဌာန တစ်ခုဖြစ်တဲ့ Wafaကတော့ လာမယ့် ရက်ပိုင်းတွေအတွင်း အစ္စရေးဟာ အနောက်ဖက် ကမ်းခြေဒေသမှာ ပိုမိုတင်းကျပ်တဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း ခန့်မှန်းထားခဲ့ပြီး ဂျယ်ရီချိုနဲ့ ရာမာလာဟ် မြို့တွေကြား စစ်ဆေးရေးဂိတ်တွေ ပိုမို ဖြန့်ကျက်လာတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဖော်ပြသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အရာရှိတွေကို လက်ဆွဲနှုတ်ဆက်စေဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုရဲ့ အားထုတ်မှုဟာ မအောင်မြင်ခဲ့ဘဲ ကို့ယို့ကားယား အခြေအနေတစ်ခုနဲ့ အဆုံးသတ်သွားပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ပွဲစတင်ချိန် ကတည်းက ပါလက်စတိုင်းတွေ သေဆုံးမှု အရေအတွက်ဟာ ၇၀၀၀၀ ကျော်လွန်သွားပြီလို့ သိရပါတယ်။

နိုင်ငံတကာ

အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်း နိုင်ငံဆိုတာ လုံးဝ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။