Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ လူထုကို ရွှေ့ပြောင်းစေသင့်ကြောင်း ထရမ့်ရဲ့ အဆိုကို ပါလက်စတိုင်းတွေ ဝေဖန်

ဂါဇာ ကမ်းမြှောင်ဒေသ တစ်ခုလုံးရဲ့ ပါလက်စတိုင်း ဒေသခံတွေကို ရွှေ့ပြောင်းစေသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အဆိုပြုချက်အပေါ် ပါလက်စတိုင်းတွေဖက်က အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသ တစ်ခုလုံးရဲ့ ပါလက်စတိုင်း ဒေသခံတွေကို ရွှေ့ပြောင်းစေသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အဆိုပြုချက်အပေါ် ပါလက်စတိုင်းတွေဖက်က အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထရမ့်က အစ္စရေးနဲ့ စစ်မက်ဖြစ်ပွားပြီး အကြီးအကျယ် ပျက်စီး ယိုယွင်းထားတဲ့ ဂါဇာမှာ လူတွေ မနေတော့ဘဲ ရှင်းလင်းသွားစေတာမျိုး ဖြစ်သင့်တယ်လို့ သတင်းထောက်တွေကို အကြံပြုခဲ့ပါတယ်။ အဲဒီအတွက် ဂျော်ဒန်နဲ့ အီဂျစ် အစိုးရတွေဟာ ဂါဇာ လူဦးရေကို ခွဲဝေ လက်ခံပေးပြီး ယာယီ၊ ဒါမှမဟုတ် အမြဲတမ်း အခြေချခွင့် ပြုသင့်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အဲဒီ အဆိုပြုမှုကို ချက်ချင်းဆိုသလိုပဲ ပါလက်စတိုင်း အဖွဲ့အစည်းတွေဖက်က ပယ်ချခဲ့သလို ထရမ့်ရဲ့ သဘောထားဟာ ဂါဇာမှာ လူမျိုးရေး ရှင်းလင်းမှု သဘောတရားမျိုးဆီ ဦးတည်သွားနိုင်ကြောင်း ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ဂါဇာနည်းတူ ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသရဲ့ ရာမယ်လာမြို့မှာ အခြေစိုက်တဲ့ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ (PA)ကလည်း ထရမ့်ရဲ့ သဘောထားဟာ မကျော်သင့်တဲ့ စည်းကို ကျော်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေပြီး ဂါဇာ ပြည်သူတွေဟာ သူတို့ ရွေးချယ်ရာ နေရာမှာပဲ ဆက်လက် အခြေချခွင့် ရှိသင့်တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

PAက ပါလက်စတိုင်း ပြည်သူတွေဟာ သူတို့ အထွဋ်အမြတ်ထားရာ နေရာတွေကို ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်သလို ဇာတိမြေကို ကျောခိုင်းဖို့လည်း စိတ်ကူးမရှိကြောင်း၊ ၁၉၄၈ နဲ့ ၁၉၆၇ တွေတုန်းက ပါလက်စတိုင်း ပြည်သူတွေ ဇာတိနယ်မြေ ဆုံးရှုံးရတဲ့ အခြေအနေဆိုးတွေ ထပ်ပြီး ပေါ်ပေါက်လာတာမျိုး အဖြစ်မခံနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

PAက ထရမ့်အနေနဲ့ အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ရရှိခဲ့တဲ့ ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဆက်လက် တည်တံ့အောင် ဆောင်ရွက်ပေးဖို့၊ ဂါဇာမှာ ပါလက်စတိုင်း အစိုးရအဖြစ် PAကို အသိအမှတ်ပြု လက်ခံပေးဖို့၊ အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းရေး အားထုတ်မှုတွေကို ထောက်ခံပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

PAဟာ ဂါဇာကို အုပ်စိုးခဲ့တဲ့ ဟားမားစ်နဲ့ ပြိုင်ဘက်အဖြစ် ရပ်တည်နေသလို အစ္စရေး အစိုးရနဲ့လည်း သဘောထား တင်းမာတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဂါဇာစစ်ပွဲမှာ ဟားမားစ်တွေနဲ့ လက်တွဲပြီး အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ် (PIJ) အဖွဲ့ကတော့ ဂါဇာလူဦးရေကို အတင်းအကျပ် ရွှေ့ပြောင်းစေချင်တဲ့ ထရမ့်ရဲ့ သဘောထားဟာ စစ်ရာဇဝတ်မှုပဲလို့ စွပ်စွဲသွားခဲ့ပါတယ်။

ဂျော်ဒန် နိုင်ငံခြားရေး ဝန်ကြီး အေမန် ဆာဖာဒီကလည်း ဂါဇာ လူဦးရေကို ရွှေ့ပြောင်းစေမယ်ဆိုတဲ့ သဘောတရားမျိုးကို ဂျော်ဒန် အနေနဲ့ မယိမ်းမယိုင် ဆန့်ကျင် ရပ်တည်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဂါဇာစစ်ပွဲမှာ အစ္စရေးနဲ့ ၁၅ လကြာ စစ်ခင်းတိုက်ခိုက်ခဲ့တဲ့ ဟားမားစ် အဖွဲ့ကတော့ ထရမ့်ရဲ့ သဘောထား မှတ်ချက်ဟာ အစ္စရေး လိုလားချက်တွေနဲ့ တိုက်ရိုက် ကိုက်ညီနေတယ်လို့ စွပ်စွဲခဲ့ပြီး ပါလက်စတိုင်း ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်မှု မြောက်တယ်လို့ ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အရာရှိတွေကို လက်ဆွဲနှုတ်ဆက်စေဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုရဲ့ အားထုတ်မှုဟာ မအောင်မြင်ခဲ့ဘဲ ကို့ယို့ကားယား အခြေအနေတစ်ခုနဲ့ အဆုံးသတ်သွားပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ပွဲစတင်ချိန် ကတည်းက ပါလက်စတိုင်းတွေ သေဆုံးမှု အရေအတွက်ဟာ ၇၀၀၀၀ ကျော်လွန်သွားပြီလို့ သိရပါတယ်။

နိုင်ငံတကာ

အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်း နိုင်ငံဆိုတာ လုံးဝ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။