Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မူလ သဘောတူထားတဲ့အတိုင်း သုံ့ပန်း အလဲအလှယ် ဆက်လုပ်သွားမယ်လို့ ဟားမားစ် ထုတ်ပြန်

မူလ သဘောတူထားတဲ့အတိုင်း သုံ့ပန်း အလဲအလှယ် ကိစ္စတွေကို ဆက်ပြီး အကောင်အထည် ဖော်သွားမယ်လို့ ဂါဇာကမ်းမြှောင် ဒေသ အခြေစိုက် ဟားမားစ် ပြောက်ကျား အဖွဲ့က ကြေညာခဲ့ပါတယ်။

မူလ သဘောတူထားတဲ့အတိုင်း သုံ့ပန်း အလဲအလှယ် ကိစ္စတွေကို ဆက်ပြီး အကောင်အထည် ဖော်သွားမယ်လို့ ဂါဇာကမ်းမြှောင် ဒေသ အခြေစိုက် ဟားမားစ် ပြောက်ကျား အဖွဲ့က ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က စတင်တဲ့ ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေနဲ့ အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို သုံ့ပန်းချင်း လဲလှယ်မှု တစ်သုတ်ချင်းစီ လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဟားမားစ်တွေက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ သုံ့ပန်း အလဲအလှယ် ကိစ္စကို ဆိုင်းငံ့ထားမယ်လို့ ရုတ်တရက် ကြေညာခဲ့ပါတယ်။ အဲဒီ အပြောင်းအလဲဟာ အစ္စရေးက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေကို ချိုးဖောက်နေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဟားမားစ်တွေက စွပ်စွဲခဲ့ပေမယ့် အသေးစိတ် အကြောင်းရင်းကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ ဟားမားစ်က မူလ စီစဉ်ထားတဲ့အတိုင်း အခုသီတင်းပတ်ကုန်ကျရင် အစ္စရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး လေသံ ပြောင်းသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက သုံ့ပန်းလဲလှယ်မယ့် ကိစ္စကို ဟားမားစ်တွေက ဆိုင်းငံ့ထားမယ်လို့ ပြောခဲ့ချိန်မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သဘောတူထားတဲ့ အချိန်မှာ အစ္စရေး ဓားစာခံတွေ လွတ်မလာရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ အစ္စရေးရဲ့ မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ဟားမားစ်သာ ကတိအတိုင်း ဓားစာခံတွေကို ပြန်လွှတ်မပေးဘူးဆိုရင် ဂါဇာဟာ ငရဲဘုံလို ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တစ်ခုမှာတော့ အီဂျစ်၊ ကာတာ အစိုးရတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ ဟားမားစ်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ဆက်လက် လိုက်နာဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစ္စရေး အစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ချက်ချင်း တုံ့ပြန် မှတ်ချက်ပေးခြင်းမျိုး မရှိခဲ့ပါဘူး။

အပစ်ရပ် သဘောတူညီမှုရဲ့ ပထမအဆင့်အဖြစ် အစ္စရေး ဓားစာခံ ၃၃ ဦးနဲ့ ပါလက်စတိုင်း အကျဉ်းသား ၁၉၀၀ လောက်ကို အလဲအလှယ် လုပ်မှာဖြစ်ပြီး လက်ရှိ အချိန်ထိတော့ အစ္စရေး ဓားစာခံ ၁၆ ယောက်နဲ့ ထိုင်းနိုင်ငံသား ဓားစာခံ ၅ ဦးကို ဟားမားစ်က လွှတ်ပေးထားပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ မဟာမိတ် အီရန်နိုင်ငံကို ဟားမားစ် ပြောက်ကျားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်သုံ့ပန်းတွေရဲ့ နားရွက်နဲ့ လုပ်ထားတဲ့ လည်ဆွဲတန်ဆာ တစ်ခု လက်ဆောင်ပေးမယ်လို့ ရုရှား စစ်ဗိုလ်ချုပ် တစ်ဦးက ဇနီးဖြစ်သူကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။