Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စင်ကာပူရဲ့ အကြီးဆုံးဘဏ်က လူသား ဝန်ထမ်း ၄၀၀၀ လောက်ရဲ့ နေရာကို ၃ နှစ်အတွင်း AIနဲ့ အစားထိုးဖွယ်ရှိ

လူသား ဝန်ထမ်းတွေရဲ့ နေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမို အစားထိုးလာခြင်းနဲ့အတူ လာမယ့် ၃ နှစ်အတွင်း စင်ကာပူရဲ့ အကြီးဆုံးဘဏ်ဟာ ဝန်ထမ်းအင်အား ၄၀၀၀ လောက်ကို လျှော့ချသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လူသား ဝန်ထမ်းတွေရဲ့ နေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမို အစားထိုးလာခြင်းနဲ့အတူ လာမယ့် ၃ နှစ်အတွင်း စင်ကာပူရဲ့ အကြီးဆုံးဘဏ်ဟာ ဝန်ထမ်းအင်အား ၄၀၀၀ လောက်ကို လျှော့ချသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ အခြေအနေအရ လူသားတွေ တာဝန်ယူ လုပ်ကိုင်နေရတဲ့ အခန်းကဏ္ဍတွေမှာ AI နည်းပညာက အစားထိုး တာဝန်ယူနိုင်စွမ်း မြင့်မားလာခြင်းနဲ့အတူ လာမယ့် နှစ်ပိုင်းတွေအတွင်း ယာယီ ခန့်အပ်တဲ့ အလုပ်နေရာတွေ၊ စာချုပ်ဝန်ထမ်းတွေ တဖြည်းဖြည်းချင်း ပပျောက်သွားမယ်လို့ ယုံကြည်ကြောင်း DBS ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက မှတ်ချက် ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဘဏ်ရဲ့ အမြဲတမ်း ဝန်ထမ်းတွေကတော့ အလုပ်နေရာ ထိခိုက်မှု ရှိမလာနိုင်ဘူးလို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ ဘဏ်ရဲ့ AIနဲ့ ဆက်စပ်တဲ့ အလုပ်နေရာသစ် ၁၀၀၀ လောက်ကို ပြန်လည် ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ကြောင်း ရာထူးကနေ နုတ်ထွက်တော့မယ့် DBS ဘဏ် အမှုဆောင်ချုပ် ပီယူရှ် ဂူပ်တာက ပြောပါတယ်။

DBS ဟာ AI နည်းပညာ ထွန်းကားလာခြင်းကြောင့် လုပ်ငန်း လည်ပတ်မှု အပိုင်းမှာ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာစေမလဲ ဆိုတာကို အသေးစိတ် ထုတ်ပြောတဲ့ အဓိက ဘဏ်ကြီးတစ်ခုလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

DBSက ဝန်ထမ်းအရေအတွက် ဘယ်လောက်ထိ လျှော့ချဖြစ်မလဲ ဆိုတာကို တိတိကျကျ မပြောပေမယ့် သတင်းတွေကတော့ အရေအတွက် ၄၀၀၀ လောက်ထိ ဖြစ်နိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ လောလောဆယ်မှာတော့ ဘဏ်ရဲ့ လုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်တဲ့ အပိုင်းတွေမှာ ခန့်အပ်ထားတဲ့ ယာယီနဲ့ စာချုပ်ဝန်ထမ်း ၈၀၀၀ ကနေ ၉၀၀၀ ကြားလောက် ရှိပါတယ်။ DBSရဲ့ စုစုပေါင်း ဝန်ထမ်း အင်အားကတော့ ၄၁၀၀၀ လောက်ထိ များပြားတယ်လို့ သိရပါတယ်။

မနှစ်တုန်းကလည်း ဂူပ်တာက DBSဟာ ဘဏ်လုပ်ငန်းပိုင်းမှာ AI နည်းပညာ အထောက်အပံ့ကို သုံးစွဲနေခဲ့တာဟာ ဆယ်စုနှစ် တစ်ခုလောက် ကြာမြင့်ခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုဆိုရင်တော့ ကဏ္ဍပေါင်း ၃၅၀ လောက်မှာ အထောက်အပံ့ဖြစ်အောင် AI မော်ဒယ် အမျိုးအစား ၈၀၀ ကျော်ကို သုံးစွဲနေပြီး ၂၀၂၅ ခုနှစ်မှာတော့ အဲဒီ လည်ပတ်မှုတွေရဲ့ စီးပွားရေး တန်ဖိုးဟာ စင်ကာပူဒေါ်လာ ၁ ဘီလီယံကျော်ထိ ရှိလာနိုင်တယ်လို့ ဂူပ်တာက သုံးသပ်ခဲ့ပါတယ်။

ဂူပ်တာဟာ မတ်လမှာ DBS အမှုဆောင်ချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး လက်ရှိ ဒုတိယ အမှုဆောင်ချုပ် တန်ဆူရှန်က အစားထိုး ဆက်ခံမှာပါ။

AI နည်းပညာ တိုးတက်လာမှုဟာ အကောင်းအဆိုး ဓွန်တွဲနေပြီး တစ်ကမ္ဘာလုံးက အလုပ်နေရာ ၄၀ ရာခိုင်နှုန်းလောက်ထိ AIရဲ့ အစားထိုးတာ ခံရနိုင်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)က ၂၀၂၄ ခုနှစ်မှာ ခန့်မှန်း သတိပေးခဲ့ဖူးပါတယ်။

တစ်ဖက်မှာတော့ အင်္ဂလန် ဗဟိုဘဏ်ရဲ့ အကြီးအကဲ အန်ဒရူး ဘိုင်လီကတော့ AIကို အလုပ်နေရာတွေ အစုလိုက်ဖျက်ဆီးပစ်မယ့် မကောင်းဆိုးရွားလို့ မမြင်သင့်ကြောင်း၊ လူသားတွေဟာ အချိန်နဲ့ တပြေးညီ တိုးတက်လာနေတဲ့ နည်းပညာတွေနဲ့ အသားတကျ အလုပ်လုပ်နိုင်အောင် သင်ယူရမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Appleက ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ဖုန်း အမျိုးအစားဖြစ်တဲ့ Apple Duoကို မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။