အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Appleက ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ဖုန်း အမျိုးအစားဖြစ်တဲ့ Apple Duoကို မိတ်ဆက် ပြသခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့တုန်းက ကယ်လီဖိုးနီးယား ပြည်နယ်၊ ကူပါတီနိုမြို့မှာရှိတဲ့ Apple ဌာနချုပ် Apple Parkမှာ ကျင်းပတဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ အခမ်းအနားမှာ iPhone 18 Pro၊ Apple Watch၊ AirPods မော်ဒယ်သစ်တွေနဲ့အတူ Apple Duoကို စတင် ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။
iPhone Duoမှာ သိုလှောင်မှု စွမ်းရည် အနိမ့်ဆုံးဖြစ်တဲ့ 256GB ဗားရှင်းကို ၁၉၉၉ ဒေါ်လာ စျေးသတ်မှတ်ထားပြီး သိုလှောင်မှု ပမာဏကို 2TB အဆင့်ထိ မြှင့်တင် ရွေးချယ်ခွင့် ရှိပါတယ်။ iPhone Duoဟာ ဖြန့်ထားချိန်ဆို အတွင်းဖက်မှာ ၇.၆ လက်မ Displayအပြင် ခေါက်ထားတဲ့အချိန် ကိုယ်ထည် အပြင်ဖက်ကနေ အသုံးပြုနိုင်တဲ့ ၅.၄ လက်မအရွယ် Display အသေးပါ ပါဝင်လာပါတယ်။
ဖုန်းကို ခေါက်သိမ်းထားမယ့် အချိန်ဆိုရင် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်)စာအုပ် အရွယ်အစားလောက်ရှိပြီး ဖြန့်လိုက်မယ် ဆိုရင်တော့ Appleက ထုတ်လုပ်ဖူးသမျှ iPhoneတွေထဲမှာ အပါးလွှာဆုံး ကိုယ်ထည်မျိုး ရှိသွားလိမ့်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Public Service Announcement
iPhone Duoမှာတော့ မာကျောခိုင်ခံ့ပြီး တိတိကျကျ ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ ပတ္တာ (hinge) တစ်ခုကို တပ်ဆင်ပေးထားပါတယ်။ ပြီးတော့ Super Retina XDR screen နှစ်ခုကို မျက်နှာပြင်အချိုး တူညီအောင် ထုတ်လုပ်ထားတာကြောင့် အကြောင်းအရာ တစ်ခုကို မတူညီတဲ့ မျက်နှာပြင်တွေပေါ် ပြောင်းလဲ အသုံးပြုတဲ့အခါ အချိုးအစားကို အလိုအလျောက် ချိန်ညှိပေးပါတယ်။
iPhone 18 Pro အသစ်တွေနည်းတူ Apple Duoမှာလည်း ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် မိုဘိုင်းချစ်ပ်ဖြစ်တဲ့ A20 Proကို အသုံးပြုထားပြီး ဉာဏ်ရည်တု နည်းပညာ (AI) အထောက်အပံ့တွေ ပါရှိလာမှာ ဖြစ်ပါတယ်။
Appleရဲ့ ပထမဆုံး ခေါက်ဖုန်းမှာ ဘက်ထရီက နှစ်လုံးပါလာမှာဖြစ်ပြီး ဖုန်းအပူချိန်ကို ထိန်းညှိဖို့ အထူးဒီဇိုင်းထုတ် တည်ဆောက်ထားတဲ့ vapor chamber တည်ဆောက်ပုံကို အသုံးပြုထားပါတယ်။ ဘက်ထရီ အပြည့်နဲ့ဆိုရင် အတွင်းဖက် မျက်နှာပြင်မှာ ဗီဒီယို ၃၁ နာရီဆက်တိုက်၊ အပြင်ဖက် မျက်နှာပြင်မှာ ၄၄ နာရီဆက်တိုက် ကြည့်လို့ရတယ်လို့ Appleက ဆိုပါတယ်။
ဖုန်းတစ်လုံးတည်းမှာ screenနှစ်ခု ပါလာတဲ့ တည်ဆောက်မှုနဲ့ ကိုက်ညီစေဖို့အတွက် Appleဟာ ကုမ္ပဏီရဲ့ operating systemဖြစ်တဲ့ iOS 27ကိုလည်း မွမ်းမံ အဆင့်မြှင့်ပေးခဲ့ပါတယ်။ Split Viewလို့ နာမည်ပေးထားတဲ့ featureသစ်ကြောင့် iPhoneတွေမှာ Appနှစ်ခုကို ပထမဆုံးအကြိမ် ဘေးချင်းယှဉ်ပြီး တပြိုင်တည်း အသုံးပြုလို့ ရလာမှာ ဖြစ်ပါတယ်။
iPhone Duoကို သိုလှောင်မှု ပမာဏ 256GB၊ 512GB၊ 1TB၊ 2TBဆိုပြီး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေကို အောက်တိုဘာ ၁၆ ရက်နေ့ကစလို့ နိုင်ငံနဲ့ ဒေသပေါင်း ၇၀ ကျော်မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်သလို အောက်တိုဘာ ၂၃ ရက်မှာတော့ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Appleရဲ့ အမှုဆောင်ချုပ်သစ်အဖြစ် ဂျွန်တာနက်စ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဦးစီးခဲ့တဲ့ ထုတ်ကုန်သစ် အကြီးစား မိတ်ဆက်ပွဲ အစီအစဉ်မှာ iPhoen 18 Proနဲ့ iPhone 18 Pro Max မော်ဒယ်တွေကိုလည်း ပြသသွားပါတယ်။ Pro မော်ဒယ်အတွက် အနိမ့်ဆုံးစျေးက ၁၁၉၉ ဒေါ်လာဖြစ်ပြီး Pro Maxအတွက် အနိမ့်ဆုံးစျေးကတော့ ၁၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
ကိုးကား: Apple



















































