Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား တိုက်လေယာဉ်တွေက ရွာထဲကို ဗုံး ၈ လုံး မှားကြဲ၊ ၁၅ ဦး ဒဏ်ရာရ

လေ့ကျင့်ရေး အစီအစဉ်မှာ တိုက်လေယာဉ်တွေက နေရာမှားပြီး ရွာထဲကို ဗုံး ၈ လုံး ကြဲချမိလို့ လူတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

People’s Spring

လေ့ကျင့်ရေး အစီအစဉ်မှာ တောင်ကိုရီးယားတိုက်လေယာဉ်တွေက နေရာမှားပြီး ရွာထဲကို ဗုံး ၈ လုံး ကြဲချမိလို့ လူတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့ မနက်ပိုင်းက မြောက်ကိုရီးယား နယ်စပ်ကနေ ၂၅ ကီလိုမီတာအကွာ၊ ပိုချွန်မြို့မှာ ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်မှု တစ်ခုအတွင်း KF-16 တိုက်လေယာဉ် နှစ်စီးက နေရာမှားပြီး ကြဲချမိခဲ့တာ ဖြစ်ပါတယ်။ တချို့ သတင်းဌာနတွေမှာတော့ ဗုံးမှားကြဲတဲ့ လေယာဉ် အရေအတွက်ကို တစ်စီးလို့ ဖော်ပြခဲ့ကြပါတယ်။

MK-82 အမျိုးအစား ဘက်စုံသုံး ဗုံးတွေဟာ သတ်မှတ်ထားတဲ့ ပစ်ကွင်းနေရာရဲ့ အပြင်ဖက်မှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ လေတပ်က အတည်ပြုခဲ့ပါတယ်။ အမှားအယွင်းဖြစ်ပြီး ဗုံးတွေ ကြဲမိလို့ အရပ်သားတွေ ဒဏ်ရာရခဲ့တဲ့အပေါ် အထူး စိတ်မကောင်း ဖြစ်ရကြောင်း၊ အားလုံး အမြန်ဆုံး သက်သာ ပျောက်ကင်းဖို့ ဆန္ဒပြုပါကြောင်း လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်ကို တုံ့ပြန် ဖြေရှင်း ကိုင်တွယ်ဖို့အတွက် ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး ထိခိုက်မှုတွေအတွက် နစ်နာကြေး ပေးတာ အပါအဝင် လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမယ်လို့လည်း လေတပ်က ပြောပါတယ်။ ဗုံးမှားကြဲတဲ့ အကြောင်းရင်းကို အတိအကျ မကြေညာသေးပေမယ့် လေယာဉ်မှူးတွေရဲ့ တည်နေရာ တွက်ဆမှု လွဲချော်မှုကြောင့်လို့ ယုံကြည်ရကြောင်း လေတပ်ရဲ့ နာမည်မဖော်တဲ့ အရာရှိ တစ်ဦးက မှတ်ချက်ပေးထားပါတယ်။

မှားယွင်း ဗုံးကြဲတဲ့ လေယာဉ်တွေဟာ တောင်ကိုရီးယား လေတပ်နဲ့ ကြည်းတပ် ပူးပေါင်းပြီး ကျည်အစစ်တွေ အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုမှာ ပါဝင်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယွန်ဟပ် သတင်းဌာနက ပိုချွန်မြို့မှာ တောင်ကိုရီးယား စစ်တပ်ဟာ အမေရိကန်နဲ့ပါ ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်မှုတွေကို မတ်လ ၅ ရက်နေ့မှာ စတင် လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား အမျိုးသား မီးသတ်ဌာနက တိုက်လေယာဉ်တွေ ကြဲချခဲ့တဲ့ ဗုံးတွေဟာ စစ်ရေးလေ့ကျင့်မှုဇုန် အနီးမှာရှိတဲ့ ကျေးရွာတစ်ခုထဲ ကျရောက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၂ ဦးကတော့ အခြေအနေ အတော်လေး ပြင်းထန်တယ်လို့ သိရပါတယ်။

ရွာထဲက ဘုရားကျောင်းနဲ့ အိမ်နှစ်လုံးမှာလည်း ဗုံးဒဏ်ကြောင့် ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံ တစ်ဦးကတော့ မိုးခြိမ်းသံလို ကျယ်လောက်တဲ့ ပေါက်ကွဲသံတွေ ကြားရပြီး မြေပြင်ပါ သိမ့်သိမ့်တုန်သွားခဲ့ကြောင်း ပြောပါတယ်။ အိမ်အပြင် ထွက်ကြည့်တဲ့အခါ အားလုံးက ထိတ်လန့်တကြားဖြစ်ပြီး အခြေအနေတွေ ရှုပ်ထွေးနေတာ မြင်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း တောင်ကိုရီးယားရဲ့ ဟွမ်မူ ၂ အမျိုးအစား တာတိုပစ် ဒုံးကျည်တစ်စင်းဟာ ဂမ်ဝေါင်ဒေသရဲ့ စစ်တပ် ဂေါက်ကွင်း တစ်ခုထဲ မတော်တဆ ကျရောက်ခဲ့ပါတယ်။ အဲဒီတုန်းက မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို တုံ့ပြန် အင်အားပြတဲ့ အနေနဲ့ တောင်ကိုရီးယားကလည်း ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။ ကံအားလျော်စွာပဲ ဂေါက်ကွင်းထဲ ကျခဲ့တဲ့ ဒုံးကျည်က မပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် ရေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးဟာ လေ့ကျင့်ရေး မစ်ရှင်အတွက် ပျံသန်းရင်း ပျက်ကျခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်​ကောင်စီက လေကြောင်းမှ ဗုံးကြဲ​သော​ကြောင့် စဥ့်ကူးမြို့နယ်၊လက်ပံလှကျေးရွာတွင် သေဆုံးသူ ၂၇ ဦးအထိရှိလာကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်- မန္တလေးပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က လူထုနွေဦး သို့ပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စာသင်ကျောင်းကို စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား နှစ်ဦးဒဏ်ရာရပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် နေရာအချို့၌ ယနေ့(မတ်လ ၈ရက်)တွင် တိုက်ပွဲဖြစ်နေပြီး ရွာနှစ်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သွားသည်။