Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်နက်ကိုင်တွေ အပိုင်စီးထားတဲ့ ရထားပေါ်က ခရီးသည် ၁၀၀ ကျော်ကို ပါကစ္စတန် စစ်တပ် ကယ်ထုတ်

လက်နက်ကိုင် ခွဲထွက်ရေး အင်အားစု တစ်ခုက အပိုင်စီးထားတဲ့ ရထားပေါ်က ခရီးသည် ၁၀၀ ကျော်ကို ကယ်ထုတ်ခဲ့ပြီး ဖြစ်တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

လက်နက်ကိုင် ခွဲထွက်ရေး အင်အားစု တစ်ခုက အပိုင်စီးထားတဲ့ ရထားပေါ်က ခရီးသည် ၁၀၀ ကျော်ကို ကယ်ထုတ်ခဲ့ပြီး ဖြစ်တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ခွဲထွက်ရေး အင်အားစု တစ်ခုဖြစ်တဲ့ ဘာလော့ချ် လွတ်မြောက်ရေးတပ် (BLA)ဟာ မတ်လ ၁၁ ရက်နေ့တုန်းက ခရီးသည် ၄၀၀ ကျော် လိုက်ပါလာတဲ့ မီးရထားကို ပါကစ္စတန်ပိုင် ဘာလော့ချီစတန် ပြည်နယ်ထဲမှာ အပိုင်စီးခဲ့တာ ဖြစ်ပါတယ်။

ကွက်တာမြို့ကနေ ပက်ရှာဝါမြို့ဆီ ဦးတည် ခုတ်မောင်းနေတဲ့ Jaffar Express ရထားကို BLA လက်နက်ကိုင်တွေက ပစ်ခတ်ပြီး ရထားတွဲတွေကို စီးနင်းခဲ့တာ ဖြစ်ပါတယ်။ BLAဟာ ရထားလမ်းကို ကြိုတင် မိုင်းခွဲထားပြီး ရထား ရပ်သွားချိန်မှာ တိုက်ခိုက်မှုကို စတင်ခဲ့တာလို့ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ စစ်တပ်နဲ့ BLAကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေပြီး BLA အဖွဲ့သား ၁၆ ယောက်ကို သုတ်သင် ရှင်းလင်းပြီး ဖြစ်သလို အနည်းဆုံး ခရီးသည် ၁၀၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ခရီးသည် တော်တော်များများဟာ BLAရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးမှုကို ခံထားရဆဲ ဖြစ်သလို အနည်းဆုံး ခရီးသည် ၁၀ ဦးလောက်ကိုလည်း BLAက သတ်ဖြတ်ခဲ့ပြီးပြီလို့ ယုံကြည်ရကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မှတ်ချက် ပေးထားပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေဆဲ ဖြစ်တာကြောင့် ထိခိုက်သေကြေ စာရင်းတွေကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။

ကယ်ထုတ်လာတဲ့ထဲမှာ ဒဏ်ရာရထားတဲ့ ခရီးသည် ၁၇ ဦးလည်း ပါဝင်ပြီး ဆေးရုံတွေဆီ တင်ပို့ထားတယ်လို့ ဆိုပါတယ်။ ဘာလိုချီစတန် ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ရထားတဝိုက်မှာ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်နေကြောင်း သတင်းတွေ လက်ခံ ရရှိထားတယ်လို့ ပြောပါတယ်။

မတ်လ ၁၂ ရက် မနက်ပိုင်းထိ အခြေအနေအရ ရထားဟာ တောင်တွေဝန်းရံထားတဲ့ နေရာတစ်ခုရဲ့ ဥမင်အဝနားမှာ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးက ဆိုပါတယ်။ ရထားပေါ်မှာ ကွက်တာကနေ ထွက်ခွာသွားတဲ့ ပါကစ္စတန် စစ်သား ၁၀၀ လောက်လည်း လိုက်ပါသွားပြီး BLAကို တုံ့ပြန် တိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။

ပါကစ္စတန် စစ်တပ်ကတော့ ရထားပေါ်မှာ အကြမ်းဖက်သမား တစ်ယောက်မှ မကျန်တာ သေချာတဲ့ထိ စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေမယ်လို့ ကြေညာထားပါတယ်။

BLAကို ပါကစ္စတန် အစိုးရအပြင် အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံတချို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီ အဖွဲ့ဟာ ဘိုလော့ချီစတန်ကို ပါကစ္စတန် နိုင်ငံကနေ ခွဲထွက်ခွင့်ရရေး ရည်မှန်းချက်ကို ဆုပ်ကိုင်ရင်း ဆယ်စုနှစ်တွေနဲ့ချီ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ BLAဟာ အရင်ကလည်း ရဲစခန်းတွေ၊ ရထားတွေ၊ ရထားဘူတာတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ အပြန်အလှန် အမွှန်းတင် ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေကို လှောင်ပြောင်သရော်တဲ့ ပိုးဟပ်ပါတီ နိုင်ငံရေး လှုပ်ရှားမှုဟာ အိန္ဒိယကနေ ပါကစ္စတန်ကို ကူးစက်သွားပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ စစ်လေယာဉ်တွေ အမေရိကန် တိုက်ခိုက်ဖျက်ဆီးတာ ခံရမှာစိုးလို့ ပါကစ္စတန်က လက်ခံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ CBS သတင်းဌာနက ပါကစ္စတန်ဟာ နိုင်ငံရဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ကွင်းတွေမှာ အီရန် စစ်လေယာဉ်တွေ ပြောင်းရွှေ့ အခြေစိုက်မှုကို လက်ခံပေးထားတာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ပါကစ္စတန်ဟာ အီရန်နဲ့...