Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရ အဖွဲ့ကနေ ရက်ပိုင်းအတွင်း အီလွန်မတ်စ်ခ် နုတ်ထွက်မယ် ဆိုတာကို အိမ်ဖြူတော် ငြင်းဆို

အမေရိကန် အစိုးရ အဖွဲ့ထဲကနေ ရက်ပိုင်းအတွင်း အီလွန်မတ်စ်ခ် ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆိုခဲ့ပြီး မတ်စ်ခ်ဟာ အစိုးရ လုပ်ငန်းစဉ် ထိရောက်စေရေး ကြီးကြပ်မှုဌာန (DOGE)ရဲ့ လုပ်ငန်းစဉ်တွေ မပြီးပြတ်မချင်း ဆက်လက် တာဝန်ယူနေမယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန် အစိုးရ အဖွဲ့ထဲကနေ ရက်ပိုင်းအတွင်း အီလွန်မတ်စ်ခ် ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆိုခဲ့ပြီး မတ်စ်ခ်ဟာ အစိုးရ လုပ်ငန်းစဉ် ထိရောက်စေရေး ကြီးကြပ်မှုဌာန (DOGE)ရဲ့ လုပ်ငန်းစဉ်တွေ မပြီးပြတ်မချင်း ဆက်လက် တာဝန်ယူနေမယ်လို့ ကြေညာခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ လုပ်ငန်းရှင် သူဌေးကြီးဖြစ်တဲ့ မတ်စ်ခ်ဟာ သမ္မတ ထရမ့်ရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ထရမ့်လက်ထက်မှာ အသစ် ဖွဲ့စည်းလိုက်ပြီး တရားဝင် ဝန်ကြီးဌာန တစ်ခုမဟုတ်တဲ့ DOGEကို အဓိက ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မတ်စ်ခ်ဟာ ရာထူးအရ DOGE အကြီးအကဲ မဟုတ်ဘဲ ထရမ့်ရဲ့ ထိပ်တန်း အကြံပေး တစ်ဦးအဖြစ်သာ ဖော်ပြခြင်း ခံထားရတာကြောင့်လည်း သူ့ရဲ့ ရာထူး၊ လုပ်ပိုင်ခွင့် ကိစ္စတွေနဲ့ ပတ်သက်လို့ ရှုပ်ထွေးတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

မတ်စ်ခ်ရဲ့ DOGEဟာ ထရမ့်လက်ထက်မှာ အစိုးရရဲ့ အသုံးစရိတ်တွေကို ထိထိရောက်ရောက် လျှော့ချပြမယ်လို့ ကြွေးကြော်ပြီး နိုင်ငံတကာ အထောက်အပံ့တွေကို ဖြတ်တောက်တာ၊ မြောက်မြားစွာသော အစိုးရ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်တာတွေကို လုပ်ဆောင်နေပါတယ်။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ မတ်စ်ခ်ဟာ ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထရမ့်ဟာ သူ့ရဲ့ အစိုးရ အတွင်းစည်း အရာရှိတွေကို မတ်စ်ခ်ဟာ သိပ်မကြာခင်မှာပဲ DOGEနဲ့ အစိုးရ အဖွဲ့ထဲက ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ အိမ်ဖြူတော်ဖက်ကတော့ အဲဒီကိစ္စကို ပြန်ဖြေရှင်းပြီး DOGEရဲ့ လုပ်ငန်းစဉ်တွေ ပြီးပြတ်တဲ့အထိ မတ်စ်ခ်ဟာ ဌာနမှာ ဆက်တာဝန်ယူနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး အရာရှိ ကာရိုလင်း လီယာဗစ်က မတ်စ်ခ်ဟာ DOGEမှာ သူလုပ်ဆောင်နေတဲ့ ထူးကဲပြောင်မြောက်လှတဲ့ လုပ်ငန်းတွေ ပြီးပြတ်မှသာ အစိုးရ ဝန်ထမ်းအဖြစ်ကနေ ထွက်ခွာသွားမှာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ Xကိုတော့ မတ်စ်ခ်က ပိုင်ဆိုင်ထားပါတယ်။

အမေရိကန်မှာ ဖက်ဒရယ် အစိုးရက ခန့်အပ်တဲ့ အထူး အရာရှိတွေဟာ ရက်ပေါင်း ၁၃၀ လုပ်ငန်းဆောင်ရွက်ပိုင်ခွင့် ရှိပေမယ့် အဲဒီသက်တမ်း မတိုင်ခင် မတ်စ်ခ်က ရာထူးက နုတ်ထွက်နိုင်ခြေ ရှိမရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။

မတ်စ်ခ်ဦးဆောင်တဲ့ DOGEဟာ အစိုးရ အသုံးစရိတ် လျှော့ချရေး ရည်မှန်းချက်ကို ဘယ်လောက်ထိ ထိထိရောက်ရောက် လုပ်ဆောင်ထားသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ DOGEရဲ့ ဝက်ဘ်ဆိုက်မှာတော့ ဒေါ်လာ ၁၄၀ ဘီလီယံလောက် စရိတ် ချွေတာနိုင်ခဲ့တယ်လို့ ဖော်ပြထားပြီး တစ်နည်းအားဖြင့် အမေရိကန် အခွန်ထမ်း ပြည်သူ တစ်ဦးစီအတွက် ဒေါ်လာ ၉၀၀ လောက်သာ သက်သာစေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

သတင်း

ဆီးရီးယား သမ္မတရဲ့ သမိုင်းဝင် အိမ်ဖြူတော် အလည်အပတ် ခရီးစဉ်အပြီး အမေရိကန်ဟာ ဆီးရီးယားအပေါ် အရေးယူ ပိတ်ဆို့ထားမှု တချို့ကို စတင် ဆိုင်းငံ့ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

သူဦးဆောင်နေတဲ့ Tesla ကုမ္ပဏီနဲ့ ရရှိခဲ့တဲ့ လုပ်ခခံစားခွင့် သဘောတူညီမှု အသစ်ဟာ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ်ကို ထရီလီယံနာ တစ်ဦးဖြစ်ဖို့ ပိုပြီး နီးစပ် သေချာလာစေခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်ရဲ့ အစိတ်အပိုင်း တချို့ကို အောက်တိုဘာ ၂၀ ရက်နေ့က စတင် ဖြိုချနေကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ဆန္ဒရှိနေတဲ့ ball room တစ်ခုကို ချဲ့ထွင် တည်ဆောက်ဖို့ ဖြစ်ပါတယ်။

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ပေးတဲ့ ကော်မတီဟာ တကယ့် ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေထက် မူဝါဒစွဲကို အခြေခံပြီး ရွေးချယ်မှုတွေ လုပ်နေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲခဲ့ပါတယ်။