Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် တောင်ပိုင်းဒေသတွေမှာ လေဆင်နှာမောင်းနဲ့ လေပြင်းတွေကြောင့် ၇ ဦးထက်မနည်းသေဆုံး

လေဆင်နှာမောင်းတွေနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်တချို့မှာ လူ ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

လေဆင်နှာမောင်းတွေနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်တချို့မှာ လူ ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

လေဆင်နှာမောင်းတွေနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်တချို့မှာ လူ ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေအတွင်း တင်နက်ဆီပြည်နယ် အနောက်ပိုင်း၊ အင်ဒီယားနား၊ မစ်ဇူရီ ပြည်နယ်တွေမှာ အသေအပျောက် စာရင်းတွေကို ကြားသိခဲ့ရသလို အခြေအနေဆိုးတဲ့ နေရာတချို့မှာ ရာသီဥတု ဒဏ်ကြောင့် အဆောက်အအုံတွေ ပြားပြားဝပ် ပြိုပျက်ခဲ့ပါတယ်။

အမေရိကန် တောင်ပိုင်းဟာ မျိုးဆက်တစ်ခုအတွင်း တစ်ကြိမ်လောက်သာ ကြုံနိုင်အောင် ဆိုးရွားတဲ့ ရာသီဥတု ပြဿနာတွေ ရင်ဆိုင်နေရပြီး ရေကြီးနိုင်ခြေ အန္တရာယ်တွေလည်း ရှိနေတယ်လို့ အမေရိကန် အမျိုးသား မိုးလေဝသ ဌာနက ထုတ်ပြန်ထားပါတယ်။

တက္ကဆက်စ်နဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေထဲက ဒါဇင်နဲ့ချီတဲ့ ဒေသတွေမှာလည်း လေဆင်နှာမောင်း၊ ရုတ်တရက်ရေကြီးမှု အပါအဝင် အရေးပေါ် ရာသီဥတု အန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မစ္စစ္စပီ၊ တင်နက်ဆီ၊ ကန်တက်ကီ ပြည်နယ်တွေနဲ့ အနောက်ဗာဂျီးနီးယားတို့မှာလည်း ရေကြီးမှု အန္တရာယ်နဲ့ ပတ်သက်လို့ ကြေညာထားပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်က တင်နက်ဆီ ပြည်နယ်မှာ ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာမှုကို ခွင့်ပြုပေးထားပြီး ဖက်ဒရယ် အစိုးရရဲ့ အကူအညီတွေလည်း ပေးပို့သွားမယ်လို့ ပြောပါတယ်။

ရာသီဥတုကြောင့် အမေရိကန်တောင်ပိုင်း ပြည်နယ်တွေမှာ အဆောက်အအုံ ရာနဲ့ချီ ပျက်စီးခဲ့ပြီး လာမယ့်ရက်တွေ အတွင်းလည်း အပျက်အစီးတွေ ပိုများလာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

လက်ရှိ ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရတဲ့ နေရာတွေထဲမှာ မတ်လတုန်းက လေဆင်နှာမောင်းတွေ၊ တောမီးတွေ၊ သဲမုန်တိုင်းတွေကြောင့် လူပေါင်း ၄၀ လောက် သေဆုံးခဲ့တဲ့ ဧရိယာတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။