Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကက်ရှ်မီးယားက တိုက်ခိုက်မှုအပြီး ပါကစ္စတန်နဲ့ အဓိက နယ်စပ်ဂိတ်ကို အိန္ဒိယ ပိတ်ထား

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသဖက် အခြမ်းမှာ ခရီးသွားဧည့်သည် ၂၆ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပွားအပြီး ပါကစ္စတန်နဲ့ အဓိက နယ်စပ်ဂိတ်ကို အိန္ဒိယဖက်က ပိတ်လိုက်ပါတယ်။

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသဖက် အခြမ်းမှာ ခရီးသွားဧည့်သည် ၂၆ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပွားအပြီး ပါကစ္စတန်နဲ့ အဓိက နယ်စပ်ဂိတ်ကို အိန္ဒိယဖက်က ပိတ်လိုက်ပါတယ်။

ကက်ရှ်မီးယားဟာ အာရှတောင်ပိုင်း ဒေသတွင်း နျူကလီးယား လက်နက်ပိုင် နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသဖြစ်ပြီး ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကိုတော့ အိန္ဒိယက ထိန်းချုပ်ထားပါတယ်။

ဧပြီ ၂၂ ရက်နေ့ကတော့ အိန္ဒိယပိုင် ကက်ရှ်မီးယား ဒေသထဲက သဘာဝ ရှုမျှော်ခင်းတွေ လှပရာ ပါဟယ်လ်ဂမ် မြို့လေးမှာ ခရီးသွား ဧည့်သည်တွေကို သေနတ်သမားတွေက အလစ်အငိုက် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၆ ဦး သေဆုံးသွားပါတယ်။

ဒါဟာ ကက်ရှ်မီးယားမှာတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ အဆိုးဆုံး ဖြစ်စဉ်တစ်ခု အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ လက်အောက်ခံ ကက်ရှ်မီးယား ဒေသမှာ လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ ရှိနေပြီး အဲဒီ အင်အားစုတွေကို ပါကစ္စတန်က ထောက်ပံ့ အားပေးနေတယ်လို့ အိန္ဒိယက အစဉ်တစိုက် စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဖက်ကတော့ အဲဒီ စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။

ပါဟယ်လ်ဂမ်က တိုက်ခိုက်မှုဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် အိန္ဒိယ ထောက်လှမ်းရေးကတော့ ပါကစ္စတန် ကျောထောက်နောက်ခံ ပေးထားတဲ့ ကာရီ တိုင်ဘာနဲ့ ဟစ်ဇ်ဘူလ် မူဂျာဟေဒင်တို့လို အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်လို့ ယူဆထားပါတယ်။

မေလ ၂၃ ရက်နေ့မှာတော့ အိန္ဒိယက အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါကစ္စတန်ကို တုံ့ပြန်မယ့် အစီအမံတွေကို ကြေညာခဲ့ရာမှာ နှစ်နိုင်ငံကြား နယ်စပ်ဂိတ်ကို ပိတ်ပစ်လိုက်ခြင်းလည်း ပါဝင်ပါတယ်။ ပြီးတော့ နှစ်နိုင်ငံကြား ရေအရင်းအမြစ် ဝေငှရေးဆိုင်ရာ သဘောတူ စာချုပ်ကို ဆိုင်းငံ့လိုက်တာ၊ ပါကစ္စတန် သံအရာရှိတွေကို နှင်ထုတ်တာ၊ ပါကစ္စတန် ဗီဇာ ရှိနေသူတွေထဲက တချို့ကို ၄၈ နာရီအတွင်း နိုင်ငံကနေ ထွက်သွားဖို့ ညွှန်ကြားတာတွေ လုပ်ခဲ့ပါတယ်။

ပါကစ္စတန် အစိုးရကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ဧပြီ ၂၄ ရက် မနက်ပိုင်းမှာ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ နောက်ပြီး ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပါဟယ်လ်ဂမ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်နဲ့ လုံးဝ ဆက်နွှယ် ပတ်သက်မှု မရှိဘူးလို့ ယတိပြတ် ငြင်းဆိုထားပါတယ်။

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ အရင်ကလည်း အိန္ဒိယ စစ်တပ်၊ ရဲတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ဖူးပေမယ့် အရပ်သားတွေ ပစ်မှတ်ထားတဲ့ အခုလို တိုက်ခိုက်မှုမျိုးကတော့ အရမ်းရှားပါတယ်။ အရင်းကတည်းက အေးခဲမှုတွေ ရှိနေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ဒီကိစ္စကို အကြောင်းပြုပြီး ပိုမို ဆိုးရွားသွားစေနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

နိုင်ငံတကာ

အငြင်းပွားစရာ အခြေအနေဆိုးတွေ ကြုံခဲ့တဲ့နောက် နိုင်ငံရဲ့ စာမေးပွဲ စနစ်တစ်ခုလုံးကို အကြီးစား သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အထူးအဖွဲ့ တစ်ခုကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တာဝန်ပေးလိုက်ပါတယ်။