Connect with us

Hi, what are you looking for?

နိုင်ငံတကာ

UN ဝန်ထမ်း သေဆုံးခဲ့တဲ့ အဆောက်အအုံ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း အစ္စရေးဝန်ခံ

ကုလသမဂ္ဂ (UN) ဝန်ထမ်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ဝန်ခံခဲ့ရပါတယ်။

AP

ကုလသမဂ္ဂ (UN) ဝန်ထမ်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ဝန်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဂါဇာမှာ UN အဆောက်အအုံ တစ်ခုကို အစ္စရေး တင့်ကားတွေက ပစ်ခတ်ခဲ့ရာက UN အမှုထမ်းတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပြီး အစောပိုင်းမှာတော့ IDFက အဲဒီကိစ္စကို တောက်လျှောက် ငြင်းဆိုခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအပြီး ဧပြီ ၂၄ ရက်နေ့မှာတော့ IDFဟာ ငြင်းဆိုနေတာတွေကို လက်လျှော့ပြီး ဒီရာအယ်လ် ဘာလာဟ်က UN အဆောက်အအုံကို ပစ်ခတ် ဖြိုချမိခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့တုန်းက အဲဒီ အဆောက်အအုံ တိုက်ခိုက်ခံရခြင်းနဲ့အတူ UN ဝန်ထမ်း သေဆုံးခဲ့ရတာပါ။

IDFရဲ့ အကြောင်းပြချက်ကတော့ အဲဒီ အဆောက်အအုံထဲမှာ ရန်သူတွေ ရှိနေတယ်လို့ မှားယွင်း သတ်မှတ်မိခဲ့တာကြောင့်လို့ ဆိုပါတယ်။ နောက်ပြီး IDF တပ်ဖွဲ့ဝင်တွေက ပစ်မှတ်နေရာဟာ UN အဆောက်အအုံ တစ်ခုဆိုတာကို မသိခဲ့ဘူးလို့လည်း IDFက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

IDFက ကနဦးအဆင့် စုံစမ်းစစ်ဆေးမှု ရလဒ် အစီရင်ခံစာ သုံးစောင်ကို UNဆီ ပေးပို့ထားပြီး မကြာခင်မှာ စုံလင်တဲ့ အစီရင်ခံ တင်ပြမှုကို ကြေညာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ ကိစ္စအတွက် အစ္စရေးက အထူးစိတ်မကောင်း ဖြစ်ရကြောင်း၊ မှားယွင်းခဲ့တာတွေကို စေ့စေ့စပ်စပ် ပြန်လည် သုံးသပ်ပြီး စစ်ဆင်ရေးဆိုင်ရာ သင်ခန်းစာတွေ ယူသွားမှာဖြစ်ကြောင်း၊ ကွယ်လွန်သူရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အသိပေးလိုပါကြောင်းလည်း IDFက ကြေညာသွားပါတယ်။

အစ္စရေး တင့်ကားတွေရဲ့ ပစ်ခတ်မှုကြောင့် UN ဝန်ထမ်း ဘူလ်ဂေးရီးယား နိုင်ငံသား မာရင်ဗာလက်ဗ် မာရီနော့ဗ် သေဆုံးခဲ့ပြီး လုပ်ဖော်ကိုင်ဖက် ၅ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ဂါဇာမှာ ၂ လကြာ အပစ်အခတ် ရပ်စဲထားရာကနေ IDFက စစ်ရေး လှုပ်ရှားမှုတွေ ပြန်အစပြုပြီး ၂ ရက်အကြာမှာ ဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အဲဒီတုန်းက UN အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ မခြွင်းမချန် အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။ UN ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ UN အသုံးပြုနေတဲ့ နေရာတွေကို ပဋိပက္ခမှာ ပါဝင်တိုက်ခိုက်နေတဲ့ နှစ်ဖက်စလုံးက သိရှိထားကြကြောင်း၊ နိုင်ငံတကာ ဥပဒေတွေရဲ့ ပြဋ္ဌာန်းမှုအရ သက်ဆိုင်ရာ အင်အားစု အသီးသီးဟာ UN အဆောက်အအုံတွေကို ကာကွယ် စောင့်ရှောက်ပေးရမှာဖြစ်ပြီး ပစ်မှတ်ထား တိုက်ခိုက်ရမှာ မဟုတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

အစ္စရေးနဲ့ ရန်သူတော် ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်တို့ဟာ ဂါဇာမှာ စစ်ပွဲရပ်ဆိုင်းရေးအတွက် နောက်ကွယ်ကနေ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့် နှစ်ဖက် လိုလား တောင်းဆိုချက်တွေ ညှိနှိုင်းလို့ မရဘဲ ဖြစ်နေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးကို အစ္စရေးစစ်သားတွေက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေအပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အရပ်သားတွေ ထိခိုက်နာကျင်ရအောင် အစ္စရေးက ဖိနှိပ်လုပ်ဆောင်နေတာ မှန်သမျှကို နိုင်ငံပေါင်း ၃၀ နီးပါးက စုပေါင်းပြီး ရှုတ်ချလိုက်ကြပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသက ရိက္ခာဝေငှတဲ့ နေရာတွေမှာ အစ္စရေး စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် တစ်ရက်အတွင်း ပါလက်စတိုင်း ၉၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေး စစ်တပ်က ဖမ်းဆီးပြီး နယ်နှင်လိုက်တဲ့နောက် ဂရက်တာ တွန်းဘာ့ဂ်က သူ့ကို အစ္စရေးက ပြန်ပေးဆွဲခဲ့တာသာ ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။