Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါ ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကို ထရမ့် ဂုဏ်ပြုခဲ့

ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂုဏ်ပြုစကား ပြောခဲ့ကြောင်း သိရပါတယ်။

AFP

ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂုဏ်ပြုစကား ပြောခဲ့ကြောင်း သိရပါတယ်။

ကာနေးဟာ ကနေဒါနဲ့ ဆက်ဆံရေးအပေါ် ထရမ့်ရဲ့ သဘောထား မူဝါဒတွေကို လူသိရှင်ကြား ဝေဖန်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ နုတ်ထွက်သွားတဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူရဲ့ နေရာမှာ အစားထိုး ဆက်ခံခဲ့တဲ့နောက် ပထမဆုံး ရွေးကောက်ပွဲမှာ လစ်ဘရယ်ပါတီ ပြန်လည် အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ကာနေးရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာတော့ ထရမ့်က ကနေဒါအပေါ် သွင်းကုန်အခွန် စည်းကြပ်မှုတွေ မြှင့်တင်တာ၊ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် သရော်ပြောဆိုတာတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ သူက အမေရိကန်ဟာ အစဉ်အလာအရ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်ပြီး ကနေဒါအပေါ် သစ္စာဖောက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

ဒါပေမဲ့ ဧပြီ ၂၈ ရက် ရွေးကောက်ပွဲရဲ့ ရလဒ်တွေ ထွက်ပေါ်လာပြီးတဲ့နောက် ထရမ့်ဟာ ကနေဒါ ဝန်ကြီးချုပ်ဆီ ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောခဲ့ကြောင်း သိရပါတယ်။ ကနေဒါ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေအတွက် မကြာခင် လူချင်းတွေ့ကြဖို့လည်း သဘောတူခဲ့တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ မူဝါတွေက ကနေဒါရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအပေါ် ထိပါးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုဟာ ကနေဒါ ရွေးကောက်ပွဲ ကာလတလျှောက်မှာ အဓိက စိုးရိမ်မှုတစ်ခု ဖြစ်နေခဲ့ပေမယ့် ကာနေးနဲ့ ဖုန်းပြောရာမှာတော့ ထရမ့်က နှစ်ဖက်စလုံးအတွက် ပိုမို အကျိုးများတဲ့ အခြေအနေတွေကို ဖန်တီးရာမှာ အမေရိကန်နဲ့ ကနေဒါတို့ဟာ လွတ်လပ်တဲ့၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေအဖြစ် လက်တွဲ အလုပ်လုပ်သင့်တယ် ဆိုတာကို သဘောတူခဲ့ကြောင်းလည်း ကနေဒါ ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။

ကနေဒါရဲ့ လစ်ဘရယ် ပါတီဟာ ရွေးကောက်ပွဲမှာ ၄ ကြိမ်ဆက် အနိုင်ရခဲ့ပြီး အမတ်နေရာ ၁၆၉ နေရာကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ဖွဲ့ဖို့ နောက်ထပ် အမတ်နေရာ ၃ ခု လိုအပ်တာကြောင့် ပါတီငယ် တစ်ခုနဲ့ ပူးပေါင်းသွားရမှာလည်း ဖြစ်ပါတယ်။

လစ်ဘရယ် ပါတီဟာ နှစ်ဆန်းပိုင်းလောက်ကထိ လူထုအမြင် စစ်တမ်းတွေမှာ ထောက်ခံမှု သိသိသာသာ ကျဆင်းနေရာက အမေရိကန်မှာ ထရမ့် အာဏာရလာတဲ့နောက် အခြေအနေတွေ ပြောင်းလဲလာခဲ့တာပါ။ ကနေဒါအပေါ် ရန်လိုတဲ့၊ လှောင်ပြောင်တဲ့ အဓိပ္ပါယ်မျိုး ထရမ့်ရဲ့ ပြောဆိုမှုတွေကို လစ်ဘရယ် ပါတီခေါင်းဆောင် ကာနေးက ဖီဆန် ရပ်တည်ခဲ့ပြီး လူထု ထောက်ခံမှုကို ပိုမို ရယူနိုင်ခဲ့ပါတယ်။

ကာနေးက ထရမ့် ပြောဆိုခဲ့ဖူးသလိုမျိုး ကနေဒါဆိုတာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာမယ်ဆိုတဲ့ ကိစ္စမျိုးဟာ ဘယ်တော့မှ အထမြောက်မလာနိုင်ဘူးလို့လည်း အတိအလင်း ကြွေးကြော်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။