Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ TikTok influencerတစ်ဦး livestream လွှင့်နေတုန်း ပစ်သတ်ခံရပြီး သေဆုံး

မက္ကဆီကို နိုင်ငံမှာ လူသိများတဲ့ TikTok influencer တစ်ဦးဟာ livestream ထုတ်လွှင့်နေချိန်မှာပဲ သေနတ်သမား တစ်ဦး ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။

မက္ကဆီကို နိုင်ငံမှာ လူသိများတဲ့ TikTok influencer တစ်ဦးဟာ livestream ထုတ်လွှင့်နေချိန်မှာပဲ သေနတ်သမား တစ်ဦး ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗယ်လာရီရာ မားကွက်ဇ်ဟာ ဂွာဒါလာဂျာရာမြို့မှာ အလှပြင်ဆိုင် ဖွင့်ထားပြီး လူမှုကွန်ရက် မီဒီယာ TikTokမှာ အလှအပရေးရာ အကြံပေးမှုတွေနဲ့ လူသိများတဲ့ influencer အမျိုးသမီး တစ်ဦးပါ။

မေလ ၁၃ ရက်နေ့တုန်းက သူဟာ အလှပြင်ဆိုင်ထဲကနေ livestreamလွှင့်နေတဲ့ အချိန်မှာ အမျိုးသား တစ်ဦးက ကျူးကျော် ဝင်ရောက်လာပြီး ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။ သူက ပရိသတ်တွေကို TikTokကနေ စကားပြောနေတဲ့အချိန် ဆိုင်ရှေ့ကို လူတစ်ယောက်က ပါဆယ် လာပို့ခဲ့ပါတယ်။ မားကွက်ဇ်က အဲဒါဟာ ချစ်စရာ ကောင်းတဲ့ ဝက်ရုပ်ကလေး ဖြစ်တယ်လို့ ပရိသတ်တွေကို ပြောနေခဲ့ပြီး သိပ်မကြာခင်မှာပဲ သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတာပါ။

သူဟာ ပစ်ခတ်ခံရတဲ့ အချိန်မှာ တွန့်လိမ်ထွက်သွားခဲ့ပြီး သိပ်မကြာခင်မှာတော့ သူ့ရှေ့က ခုံမှာ သွေးကွက်တစ်ခု ရှိနေတာကို ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။ Livestream ဗီဒီယိုဟာ ဆက်လွှင့်လျက်သား ဖြစ်နေရာက လူတစ်ဦးက ဖုန်းကိုယူပြီး ပိတ်လိုက်တော့မှ အဆုံးသတ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂွာဒါလာဂျာရာမြို့ တည်ရှိရာ ဂျယ်လစ္စကို ပြည်နယ်ရဲ့ ရှေ့နေချုပ် ရုံးကတော့ အမှုကို စုံစမ်းစစ်ဆေးမှုတွေ အပူတပြင်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ မားကွက်ဇ်ကို ဘာကြောင့် ပစ်သတ်ရသလဲဆိုတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် အမျိုးသမီးတွေကို ဖိနှိပ်လိုစိတ်နဲ့ တိုက်ခိုက်တဲ့ femicide သဘောထားမျိုး ပါဝင်နေတယ်လို့ ကနဦး ယူဆထားကြောင်း စုံထောက်တွေက ပြောပါတယ်။

မက္ကဆီကို နိုင်ငံမှာတော့ လိင်ခွဲခြား နှိမ့်ချမှုကို အခြေပြုတဲ့ အကြမ်းဖက် လုပ်ရပ်တွေက နေရာအနှံ့အပြားမှာ ရှိနေဆဲပါ။ ကုလသမဂ္ဂရဲ့ အဆိုအရ မက္ကဆီကိုမှာ မိန်းကလေး၊ ဒါမှမဟုတ် အမျိုးသမီး ၁၀ ဦးစီဟာ နေ့တိုင်း ချစ်သူခင်ပွန်း၊ မိသားစုဝင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံနေရတယ်လို့ သိရပါတယ်။

TikTokမှာ followerပေါင်း တစ်သိန်းကျော်ရှိတဲ့ အမျိုးသမီးကို ပစ်သတ်ခဲ့မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ တစ်ယောက်ယောက်ရဲ့ နာမည်ကို ရဲတွေက ကြေညာထားတာမျိုး မရှိသေးပါဘူး။

မားကွက်ဇ်ရဲ့ သေဆုံးမှု မတိုင်ခင် ရက်ပိုင်းတုန်းကလည်း ဗာရာကွက်ဇ် ပြည်နယ်ထဲမှာ မြို့တော်ဝန်လောင်းအဖြစ် အရွေးခံမယ့် အမျိုးသမီး တစ်ဦးဟာ livestream လွှင့်နေချိန် ဝင်ရောက် ပစ်ခတ်မှု တစ်ခုကြောင့် တခြားသူ ၃ ဦးနဲ့အတူ သေဆုံးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်နဲ့ စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးအစွန်းရောက်ဘုန်ကြီးဦးသုစိတ္တရဲ့အကောင့်တွေကို Tiktok က ဖယ်ရှားခံလိုက်ရပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံမှာ ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေရင်း သိုလှောင်ထားတဲ့ မီးရှူးမီးပန်းတွေ ပေါက်ကွဲတာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။