Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်းဖို့ ကြံစည်ခဲ့ကြောင်း စွပ်စွဲချက်ကို တရားခွင်မှာ ဘော်လ်ဆိုနာရို ငြင်းဆို

အာဏာသိမ်းမယ့် အကြံအစည်မှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုက တရားခွင်မှာ ငြင်းဆန်သွားခဲ့ပါတယ်။

Reuters

အာဏာသိမ်းမယ့် အကြံအစည်မှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုက တရားခွင်မှာ ငြင်းဆန်သွားခဲ့ပါတယ်။

၂၀၁၉ ကနေ ၂၀၂၂ ခုနှစ်ထိ ဘရာဇီး သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးသူ လက်ယာစွန်း အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားက ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားကို အရေးနိမ့်ခဲ့ပြီးတဲ့နောက် အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချသွားခဲ့ပါတယ်။

အာဏာသိမ်းဖို့ ကြံစည်ကြောင်း စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဇွန်လ ၁၀ ရက်နေ့က ပထမဆုံးအကြိမ် တရားရုံးကို ရောက်လာခဲ့တဲ့ ဘော်လ်ဆိုနာရိုက အာဏာသိမ်းမှု ဆိုတာဟာ စက်ဆုပ်ရွံရှာစရာ ကိစ္စဖြစ်ပြီး သူ့အစိုးရက ကြံစည်စိတ်ကူးခဲ့တာမျိုး လုံးဝ မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုဟာ ကြံရာပါတွေအဖြစ် စွပ်စွဲခံရသူ အစိုးရနဲ့ စစ်ဘက် အရာရှိဟောင်း ၇ ဦးနဲ့အတူ တရားခွင်မှာ ခုခံ လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့တုန်းက သမ္မတ လူလာ ကျမ်းသစ္စာ ကျိန်ဆိုပြီး တစ်ပတ်အကြာမှာ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေက ဘရာစေးလီးယား မြို့တော်မှာရှိတဲ့ လွှတ်တော်နဲ့ အစိုးရ အဆောက်အအုံတွေကို ပစ်မှတ်ထား စီးနင်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၇၀ အရွယ် သမ္မတဟောင်းကတော့ ဒီကိစ္စဟာ သူမြှောက်ပေးတာ မဟုတ်ကြောင်း ပြောခဲ့သလို အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တောက်လျှောက် ငြင်းဆိုလာခဲ့ပါတယ်။

တရားသူကြီး အလက်ဇန္ဒား ဒီမိုရေးစ်က ဘော်လ်ဆိုနာရိုက အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သူ့ကို မေးခွန်းထုတ်တဲ့အခါ သူက အဲဒီလို ကြံစည်ခဲ့တာ လုံးဝမရှိပါဘူးလို့ သမ္မတဟောင်းက ဖြေကြားသွားခဲ့ပါတယ်။ သူရော၊ သူ့လက်အောက်မှာ အမှုထမ်းခဲ့တဲ့ စစ်ဦးစီး အရာရှိတွေကပါ စက်ဆုပ်ရွံရှာစရာ ကိစ္စတစ်ခုဖြစ်တဲ့ အာဏာသိမ်းဖို့ကို နည်းနည်းလေးတောင် မစဉ်းစားခဲ့ကြပါဘူးလို့ ဘော်လ်ဆိုနာရိုက ပြောပါတယ်။

ဘရာဇီးဟာ ဒီလို ဆိုးယုတ်မှုမျိုးကို ဖြတ်သန်းကြုံတွေ့ဖို့ မထိုက်တန်ကြောင်း၊ သူ့ရဲ့ အစိုးရကြောင့် အာဏာသိမ်းဖို့ ဖြစ်နိုင်ခြေမျိုးလည်း ဘယ်တုန်းကမှ မရှိခဲ့ကြောင်း သူက တရားသူကြီးကို တုံ့ပြန်သွားပါတယ်။

ဘော်လ်ဆိုနာရိုဟာ ၂၀၂၂ ရွေးကောက်ပွဲမှာ လူလာဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်း အင်အားစုကို ကျဉ်းမြောင်းတဲ့ မဲရလဒ်မျိုးနဲ့ ကပ်ပြီး အရေးနိမ့်ခဲ့ပါတယ်။ တရားဝင် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးတဲ့နောက် ဘော်လ်ဆိုနာရိုက မဲရေတွက်မှုတွေမှာ မရိုးသားတာတွေ ရှိခဲ့ကြောင်း တစ်ဖက်သတ် စွပ်စွဲခဲ့သလို လူလာရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း ရှောင်လွှဲခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို မရိုးသားဘူးလို့ စွပ်စွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ဘော်လ်ဆိုနာရိုက အဲဒီကိစ္စအပေါ် အယုံအကြည် မရှိတာဟာ သူတစ်ယောက်တည်း မဟုတ်ကြောင်း ပြောပါတယ်။ ပြီးတော့ သူက ဒီလိုစွပ်စွဲရုံနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်မှု မမြောက်ဘူးလို့ ဘော်လ်ဆိုနာရိုက ဆိုပါတယ်။ သူ့ရဲ့ အပြုအမူဟာ စိန်ခေါ်ဖီဆန်တဲ့ သဘောမျိုး ဖြစ်ခဲ့ရင်တောင်မှ လုပ်သင့်တာကို လုပ်ခဲ့ရုံသာ ဖြစ်တယ်လို့လည်း သူက အခိုင်အမာ ပြောကြားသွားပါတယ်။

ဘော်လ်ဆိုနာရို အပါအဝင် ၈ ဦးဟာ အာဏာသိမ်းဖို့ အားထုတ်မှု၊ လက်နက်ကိုင် ရာဇဝတ် အသင်းအဖွဲ့တွေနဲ့ ဆက်စပ်မှု၊ ဒီမိုကရေစီ အုပ်စိုးမှုကို ဖြိုဖျက်ဖို့ ကြံစည်မှု၊ ထိခိုက်ပျက်စီးစေမှု၊ ရှေးအမွေအနှစ်တွေကို ထိခိုက်စေမှုဆိုတဲ့ စွပ်စွဲချက် ၅ ခုနဲ့ ရင်ဆိုင်နေရပြီး အားလုံးက အပြစ်မရှိကြောင်း ငြင်းဆိုထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။