Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ရေလက်ကြားမှာ ဗြိတိန်စစ်သင်္ဘော ခုတ်မောင်းမှုကို တရုတ်ရှုတ်ချ

ထိုင်ဝမ် ရေလက်ကြားကို ဗြိတိန် စစ်သင်္ဘောတစ်စီး ဖြတ်သန်း ခုတ်မောင်းခြင်းဟာ ရန်စတဲ့ လုပ်ရပ်မျိုးလို့ တရုတ်စစ်တပ်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

Getty Images

ထိုင်ဝမ် ရေလက်ကြားကို ဗြိတိန် စစ်သင်္ဘောတစ်စီး ဖြတ်သန်း ခုတ်မောင်းခြင်းဟာ ရန်စတဲ့ လုပ်ရပ်မျိုးလို့ တရုတ်စစ်တပ်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ဗြိတိန် တော်ဝင်ရေတပ်ရဲ့ HMS Spey စစ်သင်္ဘောဟာ ဇွန်လ ၁၈ ရက်နေ့က တရုတ်နဲ့ ထိုင်ဝမ်ကျွန်းကြားမှာ တည်ရှိတဲ့ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ နိုင်ငံအနေနဲ့သာ ရပ်တည်ဖို့ လိုလားနေပါတယ်။

ကင်းလှည့် မစ်ရှင်တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ HMS Speyရဲ့ ခရီးစဉ်ဟာ ထိုင်ဝမ်ရေလက်ကြားမှာ ၄ နှစ်အတွင်း ဗြိတိန် တော်ဝင်ရေတပ် သင်္ဘောတစ်စီးရဲ့ ပထမဆုံး ဖြတ်သန်းမှုလည်း ဖြစ်လာပါတယ်။

တရုတ် စစ်တပ်က အဲဒီလုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိ ရန်စတဲ့ အပြုအမူလို့ ဝေဖန်ခဲ့ပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကိုပါ ထိခိုက် ပျက်ပြားစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ကတော့ HMS Speyရဲ့ ကင်းလှည့်ခရီးစဉ်ကို ကာလရှည်ကြာ ကြိုတင် စီစဉ်ထားခဲ့သလို နိုင်ငံတကာ ရေကြောင်း ဥပဒေတွေနဲ့ ညီညွတ်စွာ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

တရုတ်စစ်တပ်က ထိုင်ဝမ်ရေလက်ကြားမှာ ဗြိတိန် စစ်သင်္ဘော ခုတ်မောင်းနေချိန် တလျှောက်လုံး အနီးကပ် စောင့်ကြည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဗြိတိန်ရေတပ်ရဲ့ ကင်းလှည့် ခုတ်မောင်းမှုကို ချီးကျူး ထောမနာ ပြုခဲ့ပြီး ထိုင်ဝမ် ရေလက်ကြားရဲ့ လွတ်လပ်စွာ ခုတ်မောင်းသွားလာပိုင်ခွင့်ကို ကူညီကာကွယ်တဲ့ လုပ်ရပ်တစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။

အခုဖြစ်စဉ် မတိုင်ခင် ထိုင်ဝမ်ရေလက်ကြားမှာ ဗြိတိန် ရေတပ်သင်္ဘောတစ်စီး ကင်းလှည့်ခဲ့တာဟာ ၂၀၂၁ တုန်းကဖြစ်ပြီး HMS Richmondရဲ့ အဲဒီကာလ ခရီးစဉ်ကိုလည်း တရုတ်က ရှုတ်ချခဲ့ပါတယ်။

ဗြိတိန်ရေတပ်ဟာ အင်ဒို-ပစိဖိတ် ရေပြင်မှာ HMS Speyအပါအဝင် စစ်ရေယာဉ် နှစ်စီးကို ကင်းလှည့်မစ်ရှင်တွေအတွက် ဖြန့်ကျက်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook