Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန် ကျားဖြန့်ဂိုဏ်းကို ရဲတပ်ဖွဲ့စီးနင်းပြီး ၁၅၀ နီးပါးကို ဖမ်းဆီး

ဖုန်းဆက်ပြီး ငွေလိမ်တဲ့ ဂိုဏ်းတစ်ခုကို စီးနင်းပြီး လူပေါင်း ၁၅၀ နီးပါးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Ehtisham Shami

ဖုန်းဆက်ပြီး ငွေလိမ်တဲ့ ဂိုဏ်းတစ်ခုကို စီးနင်းပြီး လူပေါင်း ၁၅၀ နီးပါးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အမျိုးသား ဆိုက်ဘာ ရာဇဝတ်မှု စုံစမ်းရေး အေဂျင်စီ (NCCIA)က စီးနင်းခဲ့တဲ့ ဂိုဏ်းဟာ မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့မှာ အခြေစိုက်တဲ့ ကျားဖြန့် လုပ်ငန်းတွေလိုမျိုး လည်ပတ် လှုပ်ရှားနေတာပါ။

NCCIAက ဇူလိုင် ၁၀ ရက်နေ့မှာ ကြေညာခဲ့ရာမှာတော့ သတင်းအရ ဝင်ရောက်စီးနင်းတဲ့ ကျားဖြန့်ဌာနချုပ် နေရာတစ်ခုမှာ လူ ၁၄၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖိုင်ဆလာဘတ်ဒ်မြို့မှာ အခြေစိုက်ထားတဲ့ ကျားဖြန့်ဂိုဏ်းဟာ ဒေသတွင်းမှာ ပွန်ဇီလို့ခေါ်လေ့ရှိပြီး လူတွေကို နည်းလမ်းမျိုးစုံနဲ့ အယုံသွင်း လိမ်လည်တဲ့ ပြစ်မှုတွေကို ကျူးလွန်နေခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဖမ်းခံရသူတွေထဲမှာ ပါကစ္စတန် ၇၈ ဦး၊ တရုတ် ၄၈ ဦး၊ နိုက်ဂျီးရီးယားက ၈ ဦး၊ ဘင်္ဂလားဒေ့ရှ် ၆ ဦး၊ ဖိလစ်ပိုင် ၄ ဦး၊ မြန်မာ ၂ ဦးနဲ့ ဇင်ဘာဘွေ နိုင်ငံသား ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီထဲက ၁၈ ဦးကတော့ အမျိုးသမီးတွေလို့ ဆိုပါတယ်။

အဲဒီဂိုဏ်းက အဓိကသုံးတဲ့ ငွေလိမ်နည်းကတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ သိမ်းသွင်းပြီး အစောပိုင်းမှာ အမြတ်အစွန်းတချို့ ပြန်ထုတ်ပေး၊ နောက်တော့မှ အချီကြီး လိမ်လည်တာမျိုးလို့ ဆိုပါတယ်။

ကျားဖြန့် ဝန်ထမ်းတွေဟာ WhatsAppမှာ groupတွေဖွဲ့ပြီး သားကောင်တွေကို ပစ်မှတ်ထား ရှာဖွေကြကြောင်း၊ အစောပိုင်းမှာ TikTokနဲ့ Instagramတို့မှာ channelတွေကို subscribeတာမျိုး အသေးစား အလုပ်လေးတွေ ဗန်းပြပြီး အမြတ်တချို့ ထုတ်ပေးကြောင်း၊ အဲဒီနောက်မှာတော့ အရှိန်တက်လာပြီဆိုရင် ရင်းနှီးမြှုပ်နှံမှု ပိုမို လိုအပ်တယ်ဆိုပြီး Telegram linkတွေကနေတဆင့် လိမ်လည်လေ့ရှိကြောင်း NCCIAက ပြောပါတယ်။

ငွေလိမ်ခံရသူ ပါကစ္စတန် နိုင်ငံသား တစ်ဦးက သောင်းနဲ့ချီတဲ့ အဖွဲ့ဝင်တွေရှိတဲ့ Telegram channelတစ်ခုထဲ သူက သိမ်းသွင်းခံရပြီး အဲဒီထဲမှာ အခွင့်ကောင်းတွေလို့ ယုံကြည်ရတဲ့ ရင်းနှီးမြှုပ်နှံမှု အလုပ်တွေကို တွေ့ခဲ့ရကြောင်း၊ သူဟာ အရစ်ကျ ပေးသွင်းမှုတွေကနေ ကျားဖြန့်ဝန်ထမ်းတွေဆီ ပါကစ္စတန်ရူပီး ၃.၁၃၈ သန်းလောက် ပေးခဲ့မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဲဒီ ငွေပမာဏဟာ ဒေါ်လာ ၃၆၆၀၀ လောက်နဲ့ ညီမျှပါတယ်။

ဖမ်းဆီးရမိထားသူ ကျားဖြန့်ဝန်ထမ်းတွေထဲက ၈၇ ယောက်ကို NCCIAက ၅ ရက် ရမန်ယူ ချုပ်နှောင်ထားပြီး ၆၂ ယောက်ကိုတော့ ခရိုင်အကျဉ်းထောင် တစ်ခုမှာ ဖမ်းဆီးထားပြီး ဇူလိုင် ၂၃ ရက်နေ့မှာ တရားသူကြီးဆီက ရက်ရှည်ရမန် လျှောက်ထားဖို့ စီစဉ်ထားပါတယ်။

အဲဒီ ကျားဖြန့်ဂိုဏ်းသားတွေကို ဖိုင်ဆာလာဘတ်ဒ် ဓာတ်အားဌာန အကြီးအကဲဟောင်း မာလစ်ခ် တာဆင်း အာဝမ်ရဲ့ နေအိမ်မှာ ဖမ်းမိခဲ့တာဖြစ်ပေမယ့် အာဝမ်ကတော့ အဖမ်းခံရသူတွေထဲမှာ မပါခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ အပြန်အလှန် အမွှန်းတင် ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေကို လှောင်ပြောင်သရော်တဲ့ ပိုးဟပ်ပါတီ နိုင်ငံရေး လှုပ်ရှားမှုဟာ အိန္ဒိယကနေ ပါကစ္စတန်ကို ကူးစက်သွားပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ စစ်လေယာဉ်တွေ အမေရိကန် တိုက်ခိုက်ဖျက်ဆီးတာ ခံရမှာစိုးလို့ ပါကစ္စတန်က လက်ခံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ CBS သတင်းဌာနက ပါကစ္စတန်ဟာ နိုင်ငံရဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ကွင်းတွေမှာ အီရန် စစ်လေယာဉ်တွေ ပြောင်းရွှေ့ အခြေစိုက်မှုကို လက်ခံပေးထားတာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ပါကစ္စတန်ဟာ အီရန်နဲ့...