Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် တက္ကသိုလ် တစ်ခုမှာ ကျောင်းသားတွေအတွက် ကွန်ဒုံးတွေ ဝေငှပေးနေ

ထိုင်းနိုင်ငံက တက္ကသိုလ် တစ်ခုမှာ ကျောင်းသားတွေကို လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ကင်းဝေးစေရေး ရည်ရွယ်ပြီး ကွန်ဒုံးတွေ ထောက်ပံ့ ဝေငှတဲ့ အစီအစဉ်တစ်ခု စတင်နေပါတယ်။

Bangkok Post

ထိုင်းနိုင်ငံက တက္ကသိုလ် တစ်ခုမှာ ကျောင်းသားတွေကို လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ကင်းဝေးစေရေး ရည်ရွယ်ပြီး ကွန်ဒုံးတွေ ထောက်ပံ့ ဝေငှတဲ့ အစီအစဉ်တစ်ခု စတင်နေပါတယ်။

ဘန်ကောက်မြို့တော်ရဲ့ ကာဆတ်ဆက် တက္ကသိုလ် ဝင်းထဲက အမျိုးသား အိမ်သာတွေ၊ ကင်တင်းတွေ၊ ကျောင်းသား နားနေခန်းတွေထဲမှာ ကွန်ဒုံးတွေကို သိုသိုသိပ်သိပ်နဲ့ လွယ်လွယ်ကူကူ ရယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ တက္ကသိုလ်ရဲ့ ကျောင်းသားရေးရာ ဌာနကတော့ ကာလသားရောဂါ၊ AIDS ရောဂါတို့လို လိင်ကတဆင့် ကူးစက်တဲ့ ရောဂါ (STD)တွေ ကင်းဝေးစေဖို့ ရည်ရွယ်ပြီး ကျောင်းသားတွေအတွက် ကွန်ဒုံးတွေ ထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

အခုဆိုရင် တက္ကသိုလ်ထဲမှာ အရွယ်အစား မတူညီတဲ့ ကွန်ဒုံးပေါင်း ၄၀၀၀ လောက်ကို လစဉ် ဖြည့်တင်းပေးနေရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ လူငယ်လူရွယ်တွေဟာ STD ကူးစက်မှုတွေ မြင့်တက်လာနေပြီး အဲဒီနောက် တက္ကသိုလ်ထဲမှာ ကွန်ဒုံးဝေမျှတဲ့ အစီအစဉ်ကို လက်တွေ့ စတင် စမ်းသပ်လာခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ် ကျောင်းသူကျောင်းသားတွေက ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို လိုချင်ပေမယ့် စတိုးဆိုင်တွေမှာ ကွန်ဒုံး သွားဝယ်ရတာ ရှက်တတ်ကြမှန်း သတိထားမိရာက အဲဒီ အစီအစဉ်ကို စတင် အကောင်အထည် ဖော်ဖြစ်ခဲ့တာလို့ ကျောင်းသားရေးရာဌာန အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ အနီရွတ် နာရွန်ဆရီက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စမ်းသပ်ရလဒ်က အောင်မြင်ခဲ့ပြီး ကွန်ဒုံးထည့်ထားတဲ့ ပုံးတွေ ပြောင်တလင်းခါသွားတဲ့အခါ အသစ်ထပ်ဖြည့်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဓိက အတားအဆီး တစ်ခုကတော့ လူကြီးပိုင်း အရွယ်တွေက ကွန်ဒုံးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောင်းလဲနိုင်ဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေက ကွန်ဒုံးသုံးခြင်းဟာ လုပ်သင့်တဲ့ အရာတစ်ခုအဖြစ် အလွယ်တကူ လက်ခံပေမယ့် လူကြီးပိုင်းကတော့ အဲဒီကိစ္စကို ဆွေးနွေးဖို့ တွန့်ဆုတ်နေကြဆဲလို့ သိရပါတယ်။

ထိုင်းကျန်းမာရေး အရာရှိတွေကတော့ နိုင်ငံရဲ့ ကာလသားရောဂါ ကူးစက်မှုဟာ ၅ နှစ်အတွင်း ၃ ဆ ခုန်တက်လာတယ်လို့ ပြောပါတယ်။ ကူးစက်ခံရသူ အများစုဟာ လူငယ်တွေလို့လည်း ဆိုပါတယ်။ မကြာသေးခင်က ကောက်ယူထားတဲ့ စစ်တမ်းတစ်ရပ်မှာတော့ ထိုင်းလူငယ်တွေထဲက ၄၃ ရာခိုင်နှုန်းကပဲ ကွန်ဒုံးသုံးတယ်လို့ ဝန်ခံခဲ့ပြီး တချို့ကတော့ ဘယ်တုန်းကမှ မသုံးစွဲခဲ့ဖူးကြောင်း ပြောပါတယ်။

နောက်ပြီး ကွန်ဒုံးဝယ်တာ၊ ယူဆောင်သွားတာတွေမှာ တခြားသူတွေက တစ်မျိုးမြင်မလားဆိုတဲ့ အတွေးလည်း သူတို့ကို ဖိစီးလေ့ရှိကြောင်း လူငယ်တွေက ပြောပါတယ်။

လူပေါင်း ၁၅၀၀၀ လောက်ကို မေးမြန်းထားတဲ့ အဲဒီစစ်တမ်းမှာတော့ ၅၇ ရာခိုင်နှုန်းသော လူငယ်တွေက သူတို့အဖော်ဟာ ညဖက်ထွက်လည်ရင်း ခဏတဖြုတ် တွေ့ဆုံတာမျိုး ဖြစ်ရင်တောင်မှ ကွန်ဒုံးမသုံးခဲ့ကြဘူးလို့ ဖြေပါတယ်။ အဲဒီအခြေအနေဟာ STD ကူးစက်နိုင်ခြေ မြင့်မြင့်မားမား ရှိလာစေနိုင်ကြောင်း ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။