Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘိုင်ဒန်ရဲ့သားကိုအသရေဖျက်မှုနဲ့တရားစွဲမယ်လို့ထရမ့်ရဲ့ဇနီးခြိမ်းခြောက်

အမေရိကန်သမ္မတ ကတော်မယ်လာနီယာထရမ့်ကသမ္မတဟောင်းဘိုင်ဒန်ရဲ့ သားဖြစ်သူကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Reuters

သြဂုတ် – ၁၄ ၊၂၀၂၅ /People’s Spring

အမေရိကန်သမ္မတ ကတော်မယ်လာနီယာထရမ့်ကသမ္မတဟောင်းဘိုင်ဒန်ရဲ့ သားဖြစ်သူကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

မယ်လာနီယာနဲ့ ခင်ပွန်းဖြစ်သူလက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဂျက်ဖရီအပ်စတိန်းက မိတ်ဆက်ပေးခဲ့တာလို့ သမ္မတဟောင်း ဘိုင်ဒန်ရဲ့ သားဖြစ်သူဟန်တာဘိုင်ဒန်က ပြောကြားခဲ့တဲ့အပေါ် သမ္မတကတော်က မကျေမနပ် ဖြစ်နေတာပါ။

အပ်စတိန်းဟာ ကလေးတွေအပေါ် လိင်အမြတ်ထုတ်မှု၊ လူမှောင်ခိုမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရချိန် ၂၀၁၉ ခုနှစ်တုန်းက အကျဉ်းထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူနဲ့ ထရမ့်တို့ကြားမှာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတွေ ရှိခဲ့ပေမယ့် ထရမ့်ကတော့ အပ်စတိန်းရဲ့ အမှုအခင်း ကိစ္စတွေနဲ့ ဘာဆက်နွှယ်မှုမှ မရှိကြောင်း ကင်းကင်းရှင်းရှင်း ဖြစ်ဖို့ ကြိုးစားနေပါတယ်။

ဒါပေမဲ့လဆန်းပိုင်းတုန်းကအင်တာဗျူး တစ်ခုမှာတော့ ဟန်တာက ထရမ့်နဲ့ အပ်စတိန်းကြားက ဆက်စပ်မှုကို အပြင်းအထန် ဝေဖန်ရင်း ထရမ့်နဲ့ မယ်လာနီယာကို အပ်စတိန်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်တယ်လို့ ထည့်သွင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ထရမ့်နဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ မယ်လာနီယာကတော့ အဲဒီကိစ္စကို ငြင်းဆိုပြီး မှားယွင်းတဲ့၊ အပုပ်ချတဲ့၊ လုပ်ကြံဖန်တီးထားတဲ့ ကိစ္စမျိုးလို့ တုံ့ပြန်ခဲ့ပါတယ်။

သမ္မတကတော်ရဲ့ရှေ့နေတွေကလည်းဟန်တာအနေနဲ့ အဲဒီလို အခြေ အမြစ် မရှိတဲ့ စကားတွေ ပြောနေမယ်ဆိုရင် ဒေါ်လာ ၁ ဘီလီယံလောက် နစ်နာကြေးရအောင် အသရေဖျက်မှုနဲ့ တရားစွဲဆိုရလိမ့်မယ်လို့ သတိပေးခဲ့တာပါ။

ထရမ့်ကတော့ သူနဲ့ အပ်စတိန်းဟာ ခင်မင်ရင်းနှီးခဲ့ဖူးတာ မှန်ပေမယ့် ၂၀၀၀ ပြည့်လွန် နှစ်တွေအတွင်း ဆက်ဆံရေး အဆင်မပြေဘဲ ဖြစ်သွားခဲ့တယ်လို့ ပြောကြားထားပါတယ်။

မယ်လာနီယာရဲ့ ရှေ့နေတွေက ဟန်တာဆီ ပေးပို့တဲ့ အကြောင်းကြားစာမှာတော့ မဟုတ်မမှန် စကားအတွက် ပြန်လည် ဖြေရှင်း တောင်းပန်ဖို့ တောင်းဆိုထားပြီး မဟုတ်ရင်တော့ နစ်နာကြေး ဒေါ်လာ ၁ ဘီလီယံကျော် တောင်းခံမယ့် တရားရေး ကိစ္စကို ရင်ဆိုင်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒီလို မဟုတ်မမှန် စွပ်စွဲမှုမျိုးဟာ သမ္မတ ကတော်ရဲ့ ဂုဏ်သရေရော၊ ကိုယ်ကျိုးစီးပွားကိုပါ အကြီးအကျယ် ထိခိုက်စေတယ်လို့လည်း စာထဲမှာ ရေးသားထားပါတယ်။

နောက်ပြီး ဟန်တာဟာ သူ့ကို လူတွေ အာရုံစိုက်စေဖို့အတွက် တခြားသူတွေကို ပုတ်ခတ်ခဲ့တဲ့ သမိုင်းကြောင်းမျိုး ရှည်ရှည်လျားလျား ရှိတယ်လို့လည်း မယ်လာနီယာဖက်က တုံ့ပြန်ထားပါတယ်။

ဟန်တာရဲ့ အင်တာဗျူးထဲမှာတော့ အပ်စတိန်း မိတ်ဆက်ပေးလို့ ထရမ့်နဲ့ မယ်လာနီယာတို့ သိကျွမ်းခဲ့တာကို ကြည့်ရုံနဲ့ ထရမ့်နဲ့ အပ်စတိန်းကြား ဆက်ဆံရေးက ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာ မြင်သာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်နဲ့ မယ်လာနီယာတို့ကို အပ်စတိန်းက မိတ်ဆက်ပေးခဲ့ကြောင်း ဟန်တာရဲ့ စကားကို ခိုင်မာစေမယ့် အထောက်အထား သက်သေမျိုးတော့ ရှိမနေဘူးလို့လည်း သိရပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။