Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို ကူညီတိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေကို သူရဲကောင်းတွေလို့ ကင်မ်ဂျုံအွန်း ညွှန်းဆို

ရုရှားအတွက် ကူညီ တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သားတွေကို နိုင်ငံ့ဂုဏ်ဆောင် သူရဲကောင်းတွေလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ညွှန်းဆိုသွားခဲ့ပါတယ်။

Photo - Rodong Sinmun

ရုရှားအတွက် ကူညီ တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သားတွေကို နိုင်ငံ့ဂုဏ်ဆောင် သူရဲကောင်းတွေလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ညွှန်းဆိုသွားခဲ့ပါတယ်။

မြောက်ကိုရီးယား စစ်ဦးစီးတွေနဲ့ တွေ့ဆုံချိန်မှာ ကင်မ်က မဟာမိတ် ရုရှားအတွက် တိုက်ပွဲဝင်ပေးနေတဲ့ စစ်သည်တွေကို အထူးတလည် ဂုဏ်ပြု ချီးကျူးခဲ့တာလို့ အစိုးရပိုင် KCNA သတင်းဌာနက ဩဂုတ် ၂၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ရုရှားရဲ့ ကာ့စ်ခ်ပြည်နယ်ထဲမှာ သွားရောက် အခြေစိုက်ပြီး ယူကရိန်း တပ်တွေနဲ့ တိုက်ခိုက်နေတဲ့ စစ်မှုထမ်းတွေနဲ့ အရာရှိတွေ အားလုံးကို နိုင်ငံဂုဏ်ဆောင်ပြီး အစွမ်းကုန် ကြိုးစား တိုက်ပွဲဝင်ပေးဖို့လည်း ကင်မ်က တိုက်တွန်းခဲ့တယ်လို့ KCNAက ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ ယူကရိန်း ထောက်လှမ်းရေးတွေကတော့ ကာ့စ်ခ်မှာ ဖြန့်ကျက်ထားတဲ့ မြောက်ကိုရီးယား တပ်အင်အားဟာ ၁၀၀၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား စစ်တပ်ဟာ သူရဲကောင်းတွေ စုဖွဲ့ထားတဲ့ တပ်တစ်ခု ဖြစ်တယ်လို့ ကင်မ်က ပြုံယမ်းမြို့တော်မှာ စစ်ဦးစီး အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား စစ်တပ်ဟာ လုပ်သင့်တဲ့ အရာတွေကို ရဲရဲရင့်ရင့် လုပ်ဆောင်နေပြီး အနာဂတ်မှာလည်း အဲဒီလိုပဲ ဆုံးဖြတ် ရွေးချယ်သွားမှာလို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း မြောက်ကိုရီးယား တပ်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ သူရဲကောင်းဆန်မှုတွေကို ချီးကျူးခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ နောက်ပိုင်း နိုင်ငံတကာ အပယ်ခံ ဖြစ်လာတဲ့ ရုရှားဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုပြီး ခိုင်မာ နီးကပ်လာခဲ့ပါတယ်။ ပူတင်နဲ့ ပင်မ်တို့ဟာ ပြီးခဲ့တဲ့နှစ်က ကာကွယ်ရေးဆိုင်ရာ သဘောတူ စာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်း တပ်တွေက ကာ့စ်ခ်ကို ဝင်ရောက် တိုက်ခိုက်ချိန်မှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယား တပ်တွေကို ကင်မ်က စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီလမှာတော့ မြောက်ကိုရီးယား အစိုးရဟာ နိုင်ငံရဲ့ စစ်တပ်တွေ ရုရှားမှာ တိုက်ပွဲဝင်နေတယ် ဆိုတာကို ပထမဆုံးအကြိမ် အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားအတွက် တပ်ကူတွေသာ မကဘဲ ဒုံးကျည်နဲ့ လက်နက်ကြီး ကျည်ဆန်တွေ အများအပြားကိုလည်း ထောက်ပံ့ ပေးပို့ထားကြောင်း ယူကရိန်းနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက စွပ်စွဲ ပြောဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။