Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား နျူကလီးယားတပ်တွေ စစ်ရေးလေ့ကျင့်မှုကို ပူတင်ကိုယ်တိုင် ကွပ်ကဲ

ရုရှား နျူကလီးယား တပ်တွေရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ကွပ်ကဲခဲ့တယ်လို့ ရုရှား အစိုးရက ကြေညာခဲ့ပါတယ်။

ရုရှား နျူကလီးယား တပ်တွေရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ကွပ်ကဲခဲ့တယ်လို့ ရုရှား အစိုးရက ကြေညာခဲ့ပါတယ်။

ရုရှား သမ္မတ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံရဲ့ နျူကလီး တပ်ဖွဲ့တွေ တိုက်ပွဲဝင်အဆင့် နိုးကြား အသင့်ရှိနေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တဲ့ အောက်တိုဘာ ၂၂ ရက် စစ်ရေးလေ့ကျင့်မှုကို ပူတင်ကိုယ်တိုင် ကြီးမှူးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

ပူတင်က ရုရှားစစ်တပ် ထိပ်တန်း အရာရှိတွေနဲ့ အွန်လိုင်းကနေ အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ရာမှာ ရုရှားဟာ ကြိုတင် ပြင်ဆင်ထားတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ပြောသွားပါတယ်။ သူက ဒီလေ့ကျင့်မှုကို အချိန်ယူပြီး ကြိုတင် ပြင်ဆင်ထားခဲ့တယ် ဆိုတာကို အလေးအနက် ထပ်ပြောလိုတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ – Reuters

တစ်ဖက်မှာတော့ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်တဲ့ အချိန်ဟာ ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ပူတင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ ဟန်ဂေရီနိုင်ငံမှာ မျက်နှာစုံညီ ဆွေးနွေးဖို့ သဘောတူထားတာကို အမေရိကန်က တစ်ဖက်သတ် ဆိုင်းငံ့လိုက်တာနဲ့ တိုက်ဆိုင်နေပါတယ်။ ထရမ့်က အချိန်ဖြုန်းရုံ သက်သက်ဖြစ်မယ့် ဆွေးနွေးမှုမျိုးကို သူမလုပ်ချင်ဘူးလို့ ပြောကြားခဲ့ပြီး နောက်တစ်နေ့မှာ ရုရှား နျူကလီးယား တပ်တွေက စစ်ရေး လေ့ကျင့်ခဲ့တာပါ။ အဲဒီ လေ့ကျင့်မှုအပြီး နာရီပိုင်း အကြာမှာတော့ အမေရိကန်က ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်ရဲ့ နျူကလီးယား လက်နက်တွေ ကိုင်တွယ်ကြတဲ့ ယူနစ်တွေဟာ အောက်တိုဘာ ၂၂ ရက်နေ့ စစ်ရေးလေ့ကျင့်မှုမှာ ချိတ်ဆက် ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားဌာန Zvezdaကတော့ ရုရှားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ပလတ်ဆတ်စ်ခ် ဒေသကနေ Yars တိုက်ချင်းပစ် ဒုံးကျည်နဲ့ ဘားရန့်စ်ပင်လယ်ထဲမှာရှိတဲ့ Bryansk နျူကလီးယား ရေငုပ်သင်္ဘောကနေ Sineva တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် ပစ်ခတ်နေပုံတွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။ နောက်ပြီး Tu-95MS မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးတွေကလည်း မြေပြင်ပစ်မှတ်တွေကို ခရုစ်ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်တဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှားဟာ အရင်ကလည်း နျူကလီးယား ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့ဖူးပြီး မနှစ်က အောက်တိုဘာလမှာလည်း အလားတူ လေ့ကျင့်ခဲ့ဖူးပါတယ်။ ပူတင်ကတော့ ရုရှားရဲ့ နျူကလီးယား လက်နက်တိုက်ဟာ မဟာဗျူဟာ အင်အားချိန်ခွင်လျှာ ထိန်းညှိမှုတွေအတွက် အထူးအရေးပါတယ်လို့ ပြောကြားထားဖူးပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။