Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိတ်ထဲက power bank မီးလောင်လို့ ဩစတြေးလျ လေဆိပ်တစ်ခုမှာ အမျိုးသားတစ်ဦး ဒဏ်ရာရ

အိတ်ထဲထည့် သယ်လာတဲ့ power bankက မီးထလောင်ရာက ဩစတြေးလျနိုင်ငံက လေဆိပ်တစ်ခုမှာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အိတ်ထဲထည့် သယ်လာတဲ့ power bankက မီးထလောင်ရာက ဩစတြေးလျနိုင်ငံက လေဆိပ်တစ်ခုမှာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့တုန်းက အသက် ၅၀ ကျော်အရွယ် အမျိုးသားဟာ မဲလ်ဘုန်းမြို့ နိုင်ငံတကာ လေဆိပ်မှာ ရှိနေတုန်းက လစ်သီယမ် ဘက်ထရီ အသုံးပြုထားတဲ့ သူ့ရဲ့ power bank မီးလောင်တာနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

အပူလွန်ကဲရာက power bankမှာ မီးလောင်မှု ဖြစ်ခဲ့တာလို့ ယုံကြည်ရပြီး မီးခိုးတွေလည်း အူထွက်နေခဲ့တာကြောင့် လူပေါင်း ၁၅၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

မီးထလောင်တဲ့ power bankရဲ့ ပိုင်ရှင်ဖြစ်သူ အမျိုးသား ကိုယ်တိုင်လည်း ခြေထောက်နဲ့ လက်ချောင်းတွေမှာ မီးလောင်ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရေးပေါ် တုံ့ပြန်ရေး ဝန်ထမ်းတွေက အဲဒီ အမျိုးသားကို ရေချိုးခန်း တစ်ခုထဲ အမြန်ခေါ်သွားပြီး ဒဏ်ရာတွေကို ရေဆေးပေးခဲ့ပါတယ်။ နောက်တော့ ဆေးဝန်ထမ်းတွေက သူ့ကို ကုသပေးခဲ့ပြီး အဲဒီကနေတဆင့် ဆေးရုံကို တင်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ တည်ငြိမ်တာကြောင့် မကြာခင်မှာပဲ ဆေးရုံဆင်းခွင့် ပြုခဲ့ပါတယ်။

လေယာဉ်ကွင်းထဲက ခရီးသည်တွေ ဖြတ်သန်းသွားလာရာ ဧရိယာ တစ်ခုမှာတော့ ဘက်ထရီထဲက အက်ဆစ်ရည်တွေ ပျံ့နှံ့နေခဲ့တယ်လို့ မျက်မြင်တချို့က ဆိုပါတယ်။ အဲဒီ နေရာကို ၂ နာရီလောက် ပိတ်ထားပြီး ရှင်းလင်းရေးတွေ လုပ်ပြီးချိန်မှ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

လစ်သီယမ် ဘက်ထရီ သုံးထားတဲ့ power bankတွေဟာ အပူလွန်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားနိုင်တာကြောင့် အဲဒီ ကိရိယာတွေ လေယာဉ်ပေါ် သယ်ယူခွင့်ပြုရေး မူဝါဒနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေကို စဉ်းစားနေကြောင်း ဩစတြေးလျ လေကြောင်းလိုင်း Qantasက မှတ်ချက်ပေးထားပါတယ်။

လေကြောင်းလိုင်း တချို့က power bankတွေ လေယာဉ်ပေါ် သယ်ယူခွင့်ကို ပိတ်ပင်ထားပြီး လေကြောင်းလိုင်း အများအပြားကတော့ ခရီးသည်တွေ အနေနဲ့ power bankတွေကို လက်လှမ်းမီမယ့်၊ အပူလွန်ကဲလာရင် အလွယ်တကူ သိနိုင်မယ့် နေရာတွေမှာ ထားကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဇူလိုင်လတုန်းကလည်း ဆစ်ဒနီကနေ ဟိုဘတ်ကို ပျံသန်းနေတဲ့ Virgin Australia ခရီးသည်တင် လေယာဉ်တစ်စီးရဲ့ lockerထဲ ထည့်ထားတဲ့ power bankတစ်လုံး အပူလွန်ကဲရာက မီးလောင်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဇန်နဝါရီလတုန်းကလည်း တူညီတဲ့ အကြောင်းရင်းကြောင့် တောင်ကိုရီးယား ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ မီးလောင်မှု ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ