Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်မှာ လူငါးဦး သေဆုံး

ဖျက်အားပြင်းတိုင်ဖွန်းကယ်လ်မက်ဂီးကြောင့်ဗီယက်နမ်မှာ လူ အသေ အပျောက်ရှိခဲ့ပြီး ငါးဦးသေဆုံးခဲ့ပါတယ်။

Workers look at the damage to a roof structure of their company in the Quy Nhon coastal area of Gia Lai province, central Vietnam on November 7, 2025, after typhoon Kalmaegi hit the area. Typhoon Kalmaegi made landfall on November 6 in Vietnam's already storm-battered central belt, where thousands have been evacuated from areas in the path of one of the world's deadliest cyclones this year. (Photo by NHAC NGUYEN / AFP)

နိုဝင်ဘာ – ၇ ၊၂၀၂၅

ဖျက်အားပြင်းတိုင်ဖွန်းကယ်လ်မက်ဂီးကြောင့်ဗီယက်နမ်မှာ လူ အသေ အပျောက်ရှိခဲ့ပြီး ငါးဦးသေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလ ၆ ရက် မှာတော့ ဗီယက်နမ် အလယ်ပိုင်း ကမ်းခြေကို စတင်ဖြတ်သန်းပြီး အနောက်မြောက်ဖက် ကုန်းတွင်းပိုင်းကို ရွေ့လျားခဲ့တာပါ။

ဗီယက်နမ်ကမ်းခြေကို စတင်ဖြတ်ကျော်ချိန်တုန်းက မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၉၃ မိုင်လောက်ထိ ပြင်းထန်ခဲ့ပေမယ့် ကုန်းတွင်းရောက်လာချိန်မှာတော့ သိသိသာသာ အားပျော့လာနေကြောင်းလည်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ်နိုင်ငံ အရှေ့ပိုင်းက မုန်တိုင်းဒဏ်ခံ ကမ်းရိုးတန်း ဧရိယာတွေမှာတော့ ညလုံးပေါက် တိုက်ခတ်သွားတဲ့ မုန်တိုင်းကြောင့် အမှိုက်သရိုက်တွေ ဖွေးဖွေးလှုပ်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အာဏာပိုင်တွေက မုန်တိုင်းဒဏ် အဆိုးဆုံး ခံရနိုင်တဲ့ ဧရိယာတွေမှာ ဒေသခံတွေကို ယာယီ ခိုလှုံရေး စခန်းတွေဆီ ကြိုတင် စီစဉ် ရွှေ့ပြောင်းပေးထားခဲ့ပါတယ်။

ကိုးကား – BBC ၊ ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ