Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ တစ်ဆင့်တန် အကြွေစေ့တွေ ထုတ်လုပ်မှု ရပ်ဆိုင်း

အမေရိကန်ရဲ့ နောက်ဆုံးအသုတ် တစ်ဆင့်တန် ငွေအကြွေစေ့တွေကို နိုဝင်ဘာ ၁၂ ရက်နေ့က သွန်းလုပ်ခဲ့ပါတယ်။ အခုတော့ နှစ်ပေါင်း ၂၃၀ ကျော် သက်တမ်းတည်တံ့ခဲ့တဲ့ အကြွေစေ့တွေရဲ့ သမိုင်းကြောင်းဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်ရဲ့ နောက်ဆုံးအသုတ် တစ်ဆင့်တန် ငွေအကြွေစေ့တွေကို နိုဝင်ဘာ ၁၂ ရက်နေ့က သွန်းလုပ်ခဲ့ပါတယ်။ အခုတော့ နှစ်ပေါင်း ၂၃၀ ကျော် သက်တမ်းတည်တံ့ခဲ့တဲ့ အကြွေစေ့တွေရဲ့ သမိုင်းကြောင်းဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ – Reuters

ငွေအကြွေစေ့တွေကို တရားဝင် သုံးစွဲမှုက ဆက်လက် တည်ရှိနေမှာ ဖြစ်ပေမယ့် ပဲနိစေ့လို့ခေါ်တဲ့ အကြွေစေ့တွေ ထပ်မထုတ်တော့တဲ့အတွက် ကုန်စည် စျေးနှုန်း သတ်မှတ်မှုတွေကို ကုန်ထုတ်စီးပွား လုပ်ငန်းတွေက ပြန်လည် ပြင်ဆင် သတ်မှတ်ရမှာပါ။ အဲဒီ အကြွေစေ့တွေက ရှာရဖွေရ ခက်ခဲရှားပါးလာကြောင်း စျေးဆိုင်တွေက ညည်းညူနေချိန်မှာပဲ သွန်းလုပ်မှုကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

ဖီလာဒဲလ်ဖီးယား ဒင်္ဂါးသွန်းဌာနက နောက်ဆုံးအသုတ် တစ်ဆင့်တန် အကြွေစေ့တွေကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ဝေပေးခဲ့ပြီးတဲ့နောက် ၂၃၂ နှစ်ကြာ လုပ်ငန်းကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ အကြွေစေ့တွေ ထုတ်ဝေမှုကို ရပ်ဆိုင်းလိုက်တာက အစိုးရအတွက် စရိတ်စက သက်သာစေလိမ့်မယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

အကြွေစေ့တွေ သွန်းလုပ်မှု ရပ်တန့်မယ့် အစီအစဉ်ကို ကြေညာခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြွေစေ့ တစ်စေ့ ထုတ်ဝေတိုင်း နိုင်ငံရဲ့ ဘတ်ဂျတ်မှာ အရှုံးပြလေ့ရှိကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ပဲနိစေ့တွေမှာ ပြည်တွင်းစစ်ကာလ အမေရိကန် သမ္မတ အေဘရာဟမ်လင်ကွန်းရဲ့ ပုံကို ဂုဏ်ပြု သွန်းလုပ်ထားပါတယ်။ သွပ်သတ္တုကို ကြေးနီအုပ်မိုး သွန်းလုပ်ထားတဲ့ အကြွေစေ့တွေရဲ့ ထုတ်လုပ်မှု စရိတ်က မျက်မှောက်ခေတ်မှ ၄ ဆင့်စာလောက် ကျသင့်ပါတယ်။ တစ်နည်းအားဖြင့် အကြွေစေ့တစ်စေ့ ထုတ်လုပ်တိုင်း ၃ ဆင့် အရှုံးပေါ်ပါတယ်။ ပဲနိစေ့တွေ သွန်းလုပ်မှုကို ရပ်တန့်လိုက်ခြင်းက တစ်နှစ်ကို ဒေါ်လာ ၅၆ သန်းလောက် သက်သာသွားစေလိမ့်မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ထုတ်လုပ်မှု ရပ်နားလိုက်ပေမယ့် ပဲနိစေ့ပေါင်း ဘီလီယံ ၃၀၀ လောက်ထိ စျေးကွက်ထဲမှာ လှည့်လည်သုံးစွဲနေဆဲဖြစ်ပြီး လိုအပ်တဲ့ ပမာဏထက် ပိုလျှံလိမ့်မယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ အဲဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ဟာ ပျက်စီးသွားတာ၊ ဒါမှမဟုတ် အမေရိကန်က နေအိမ်အများအပြားရဲ့ ဝက်ရုပ်စုဘူးထဲကို ရောက်နေတာတွေကြောင့် တကယ်တမ်း စျေးကွက်ထဲမှာ အသုံးချနေတာမျိုး မရှိတော့ဘူးလို့ ထောက်ပြထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ